ပြည်သူ့ဂုဏ်ရည်ဆုကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရရှိ
ဧပြီလ ၂၄ ရက်၊ ၂၀၂၅။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၅ ခုနှစ်အတွက် ၁၆ ကြိမ်မြောက် ပြည့်သူ့ဂုဏ်ရည်ဆုကို ရွေးချယ်ချီးမြင့်လိုက်ကြောင်း ပြည်သူ့ဂုဏ်ရည်အသင်းက ကြေညာထားသည်ကို သိရသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် လူထုခေါင်းဆောင်ဖြစ်သလို မတရား ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားတစ်ဦးလည်းဖြစ်ပြီး ပြည်သူဂုဏ်ရည်ဌာနခွဲ အသီးသီးရှိ အဖွဲ့သားများမှ ရိုသေလေးစား တန်ဖိုးထားကာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဂုဏ်ပြုပါကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်ကို သိရသည်။
၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ဂုဏ်ပြုပွဲအခမ်းအနားကို လာမည့် ၂၀၂၅ ခုနှစ် မေလ ၂၄ ရက်နေ့တွင် အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟူစတန်မြို့တွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်သူ့ဂုဏ်ရည်အသင်းသည် အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများ စုပေါင်း၍ နိုင်ငံရေး၊ လူမှုရေးနှင့် ပရဟိတ နယ်ပယ်များတွင် ကိုယ်ကျိုးစွန့်အနစ်နာခံ ဆောင်ရွက်သူများကို ဆုချီးမြှင့်ရန် ၂၀၀၉ ခုနှစ်တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ကာ ၂၀၁၀ ခုနှစ်တွင် ဆုကို စတင်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ပြည်သူ့ဂုဏ်ရည်ဆုကို ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ရရှိခဲ့ကြောင်း သိရသည်။
သတင်း – James Roe