ရန်ကုန်တွင် မတော်တဆ ကားတိုက်မှုဖြစ်ပြီး စစ်ရှောင်အမျိုးသမီးတစ်ဦး ခရစ်တော်၌အိပ်ပျော်
ဧပြီလ ၂၄ ရက်၊ ၂၀၂၅။
ချင်းပြည် ပလက်ဝမြို့နယ် လိပ်ကုန်းကျေးရွာမှ ဒေါ်ခင်စိန်(အသက် ၆၁ နှစ်)သည် ဧပြီလ ၂၃ ရက်နေ့ ညနေ ၄ နာရီ ဝန်းကျင် မှော်ဘီမြို့နယ်တွင် မတော်တဆ ကားတိုက်မှုဖြစ်ပွားပြီး ခရစ်တော်၌အိပ်ပျော်သွားကြောင်း မိသားစုများထံမှ သတင်းရရှိသည်။
ခရစ်တော်၌အိပ်ပျော်သွားသည့် ဒေါ်ခင်စိန်သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် တွင် ဒေသတွင်းစစ်ပွဲကြောင့် ပလက်ဝမြို့နယ်မှ ရန်ကုန်တိုင်း မှော်ဘီမြို့နယ်သို့ စစ်ရှောင်ရန်ရောက်ရှိ နေထိုင်နေခြင်းဖြစ်ပြီး မှော်ဘီရှိ ခူမီးရွာသစ်တွင် ဘုရားဝတ်ပြု၍ ပြန်လာသည့်လမ်းတွင် ကားလမ်းဖြတ်ကူးရင်း ကားတိုက်မိ၍ ခရစ်တော်၌ အိပ်ပျော်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်ထံမှ သိရသည်။
“သူကလေ မှော်ဘီမှာ သူ့သမီးနဲ့အတူနေနေတာ။ သူကပျင်းတယ်ဆိုပြီး သူ့ညီမဆီမှာ သွားလည်ချင်တယ်ဆိုပြီး သူ့သားမတ်က သူ့ညီမအိမ်အထိ လိုက်ပို့ပေးတာ။ အဲမှာနေတာ သူပျော်တယ်တဲ့။ ဪ.. သူ့အမေ ပျော်တယ်ဆိုရင် သူ့ညီမဆီမှာနေပါစေအုံးဆိုပြီး သူ့သမီးက သွားမကြိုဖြစ်လိုက်ဘူး။ မနေ့က သူ့ညီမနဲ့အတူ မှော်ဘီက ခူမီးရွာသစ်ဘက်မှာ ဘုရားဝတ်ပြုလို့ ပြန်လာတဲ့လမ်းမှာ ကားလမ်းဖြတ်ရင်းနဲ့ ဖြစ်တာ။ သူ့ညီမက မသွားသေးနဲ့အုံးလို့ ပြောတယ်။ သူကရအောင်ဖြတ်တော့ ကားကတစ်ခါတည်း ဝင်တိုက်လိုက်တာ။ ဆေးရုံရောက်တဲ့အထိ မဆုံးသေးဘူး၊ သတိလည်သေးတယ်။ သွေးကအထဲထဲကို ယိုစိမ့်သွားတာထင်တယ်။ အပြင်ကတော့ ဘာမှမဖြစ်ဘူး…” ဟု ဒေါ်ခင်စိန်၏မိသားစုဝင်တစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။
ခရစ်တော်၌အိပ်ပျော်သွားသည့် ဒေါ်ခင်စိန်သည် အင်္ဂလီကန်အသင်းတော် ဘုန်းတော်ကြီး ဂျူးလော့ကျော်ထိုက်၏ မိခင်ဖြစ်ပြီး သူမ၏သမီးကြီးနှင့်အတူ မှော်ဘီမြို့နယ်တွင် စစ်ရှောင်ရင်း နေထိုင်နေခြင်းဖြစ်ကာ ယခုကဲ့သို့ ခရစ်တော်၌အိပ်ပျော်သွားကြောင်း သတင်းကြားရသည့်အတွက် ခူမီးမီဒီယာမှ မိသားစုများနှင့် ထပ်တူဝမ်းနည်းရပါကြောင်း ငြိုးငယ်သောစိတ်ဖြင့် ဖော်ပြအပ်ပါသည်။
ခရစ်တော်၌အိပ်ပျော်သွားသော ဒေါ်ခင်စိန်၏နံဝိညာဉ်သည် ဘုရားသခင် ရင်ခွင်တော်တွင် ထာဝရနားနေခွင့် ရပါစေသောဝ်။
သတင်း – James Roe