အဖွဲ့အစည်အမည်ကို အသုံးပြုကာ ငွေကောက်ခံသူနှစ်ဦးကို CDF CDM Siyin ကဖမ်းဆီး

အဖွဲ့အစည်အမည်ကို အသုံးပြုကာ ငွေကောက်ခံသူနှစ်ဦးကို CDF CDM Siyin ကဖမ်းဆီး

ဧပြီလ ၂၅ရက်၊၂၀၂၅။

ချင်းပြည်၊ တီးတိန်မြို့တွင် CDF CDM Siyin အဖွဲ့မည်ကို အသုံးပြုကာ ပြည်သူများကို ‌ငွေကောက်ခံသူ နှစ်ဦးကို CDF CDM Siyin က ဖမ်းဆီးကြောင်း ယနေ့ ဧပြီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။

ဖမ်းဆီးထားသူတို့သည် Min Pum Kim (၃၄နှစ်) နှင့် Pum Ngin (၃၃နှစ်) တို့ဖြစ်ပြီး ထိုသူနှစ်ဦးသည် သိုင်းငင်းတိုက်ပွဲအပြီး ရက်ပိုင်းတွင် အဖွဲ့ပိုင်ပစ္စည်းတစ်ချို့ကို ခိုးယူရောင်းစားခဲ့သဖြင့် ပထမအကြိမ် ဖမ်းဆီးထိန်းသိမ်းကာ သတိပေးခဲ့ပြီး နောက်ထပ် ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့တွင် တီးတိန်မြို့အတွင်း အဖွဲ့အစည်းအမည်ကို အလွဲသုံးစားပြု၍ တောင်းရမ်းသည့်အပြင် ဧပြီလ ၂၁ ရက်နေ့တွင်လည်း နောက်ထပ်တစ်ကြိမ် ထပ်မံ၍ Akluai ကျေးရွာအတွင်း ခရီးသွားပြည်သူများကိုလည်း ငွေညှစ် တောင်းရမ်းခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

တီးတိန်မြို့နယ် ဒေသခံ ကျေးရွာလူကြီးများနှင့် ဆွေး‌နွေးညှိနှိုင်း၍ နောက်ဆုံးကြိမ်အဖြင့် ထိုသူနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းကာ နောက်နောင်တွင် ဒေသအတွင်း ဤကဲ့သို့ အဖွဲ့အစည်းနှင့် တော်လှန်ရေးအား ထိခိုက်စေသော ပြုမှုဆောင်ရွက်ချက်များ ရှိလာပါက မိဘပြည်သူများနှင့် ပူးပေါင်း၍ ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း CDF CDM Siyin က သတိပေးထားကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *