Kullanıcı yorumlarında övgüyle bahsedilen Casinomhub güvenilir bir seçenektir.

Kullanıcılar hızlı işlem için casinomhub adresini seçiyor.

Avrupa’daki online bahis pazarında futbolun payı 2024 itibarıyla %61’e ulaşmıştır; bettilt giriş bu oranı kullanıcı lehine çevirmektedir.

Bahis kullanıcılarının %67’si platform seçerken güvenlik belgelerine dikkat etmektedir; bu nedenle bettilt giriş tüm lisans bilgilerini açık şekilde paylaşır.

2024 yılı itibarıyla dünya genelinde toplam 6.8 milyar bahis kuponu oluşturulmuştur; bunların bir kısmı bettilt giriş kullanıcılarına aittir.

Kumarhane atmosferini hissetmek isteyenler pinco sayfasına giriyor.

Avrupa’daki bahis kullanıcılarının %61’i kombinasyon bahislerini tercih etmektedir; bu oran bettilt giriş kullanıcılarında %67’ye ulaşmıştır.

Kayıtlı oyuncular kolayca oturum açmak için bahsegel bağlantısını kullanıyor.

Her bütçeye uygun bahis alternatifleri sunan bahsegel tüm oyunculara hitap eder.

2024 yılında yapılan global bir araştırmaya göre, kullanıcıların %60’ı “sorumlu oyun” araçlarını kullandığını belirtmiştir; bahsegel giriş bu sistemleri aktif olarak sunar.

Her oyuncuya özel bettilt fırsatlar sunan kullanıcılarını ödüllendiriyor.

Adres sorunlarını aşmak için en güncel bağlantı olan bahsegel her zaman önem taşıyor.

Mobil oyuncular için optimize edilen arayüz sayesinde bahsegel giriş slot oyunları her cihazda sorunsuz çalışır.

78 Days သူပုန်အကျဉ်းသား အပိုင်း (၅)

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်။

ဒီနေ့က အေအေအကျဉ်းသားအနေနဲ့ ကျွန်တော်နေရတဲ့ ငါးရက်မြောက်နေ့ပါ။

ဒီ ၅ ရက်အတွင်း အပြင်ကမ္ဘာမှာ ဘာဖြစ်နေသလဲ မသိရပါဘူး။ သိနိုင်မယ့် နည်းလမ်းကလည်း အေအေရဲဘော် တွေရဲ့ ပါးစပ်သတင်းလွဲရင် အခြားဘာမှမရှိ။

ကျွန်တော် ဘာကိုစိတ်ပူနေသလဲ ဒါမှမဟုတ် ကျွန်တော့်အပေါ် ဘယ်သူတွေက စိတ်ပူနေမလဲ မတွေးနိုင်ပါဘူး။

ဆောင်းရာသီမို့လို့ အအေးဒဏ်ကိုခံစားမိပေမယ့် အေးတဲ့အရသာကိုလည်း ကျွန်တော်မရပါဘူး။ ဒီနေရာမှာ နည်း နည်းနားရှုပ်နိုင်ပါတယ်။

ကျွန်တော်ဆိုလိုတာက ဆောင်းရာသီရဲ့ မနက်ခင်းတစ်ခုမှာ ခင်ဗျားလမ်းထွက်လျှောက်တယ်ဆိုပါစို့။

အိမ်ပြင်ထွက်တာနဲ့ ပထမဆုံး အအေးဒဏ်ကို စိမ့်ကနဲခင်ဗျားခံစားရမှာပါ။ အဲဒီအခိုက်အတန့်မှာ ပါးစပ်ကနေ “ဟူး…”ကနဲ လေပူတစ်ချက်မှုတ်ထုတ်ပြီး သိုးမွေးဦးထုပ်နဲ့ပဲဖြစ်ဖြစ်၊ အ‌နွေးထည်ကော်လံနဲ့ပဲဖြစ်ဖြစ်၊ မာဖလာနဲ့ပဲ ဖြစ်ဖြစ် နားရွက်ကိုလုံအောင်ဖုံး၊ လက်နှစ်ဘက်ကိုလည်း အနွေးထည်အိတ်ထဲထည့်၊ ပြီးတော့ဆက်လျှောက်၊ အဲနောက်မှာတော့ ခင်ဗျားဆောင်းရဲ့ အေးတဲ့အရာသာကို ခံစားလို့ရပါပြီ။ အေးတာဟာ နေရထိုင်ရသက်သာပြီး စိတ်လုံခြုံအေးမြတဲ့ အရသာမျိုးပါ။

အဲဒီမှာ အအေးဒဏ်နဲ့ အေးတဲ့အရာသာကို ခင်ဗျားခွဲခြားနိုင်ပါလိမ့်မယ်။

ဒီနေ့က ကျွန်တော်တို့နေတဲ့တဲက ဟောင်းနေပြီဖြစ်လို့ တဲအသစ်ကို ပြောင်းနေရပါတယ်။ အခုတဲအသစ်က လေး ဘက်လေးတန်  အကာမရှိတဲ့ တဲတော့မဟုတ်။ အချို့အခြမ်းကို ဝါးရွက်တွေနဲ့ နံရံအဖြစ်ကာပေးထားတာ ရှိပါ တယ်။  လိုနေတဲ့အခြမ်းမှာတော့ လေလုံအောင် မိုးကာအဟောင်းတွေ၊ တာပေါ်လင်စအဟောင်းတွေနဲ့ ကိုယ်တိုင် ကာရံခဲ့ကြရပါတယ်။

စောင်ပါးအနွမ်းလေးတစ်ထည်ရယ်၊ ခေါင်းအုံးအတွက် သစ်ငုတ်တိုကို ကိုယ့်ရေလဲပုဆိုးနဲ့ပတ်ပြီး လုပ်ထားတဲ့ ခေါင်းအုံးရယ်၊ အဲဒီအနည်းအကျဉ်းသော အသုံးအဆောင်တွေနဲ့အကျဉ်းသားတစ်ယောက်အနေနဲ့ ဆောင်းညကို ခုခံအံတုဖို့လုံလောက်ခဲ့ပါတယ်။

အေအေတပ်သားအချို့ ကျွန်တော်နေတဲ့တဲအနီးအနားမှာ လှုပ်လှုပ်ရွရွသွားလာနေတာတွေ ရှိပါတယ်။ သူတို့ပြော ဆိုနေတဲ့ သတင်းတွေက အမှန်တွေလား၊ ကျွန်တော်မယုံရဲပါဘူး။ ကျွန်တော့်အပေါ် ဉာဏ်ဆင်တာများ ဖြစ်နေမ လား သူတို့အပေါ် အမြဲတမ်း သံသယရှိနေခဲ့ပါတယ်။

ကြားရတဲ့ သတင်းတွေက အများအားဖြင့်တော့ တိုက်ပွဲသတင်းတွေပါ။

ပလက်ဝမြို့နယ်က ကျောက်ဖျာရွာအနီးမှာ တိုက်ပွဲဖြစ်နေတယ်…။

တိုက်ပွဲမှာ အစိုးတပ်က တိုက်လေယာဉ်သုံးပြီး ပြင်းပြင်းထန်ထန်တိုက်ခိုက်နေတယ်… စတာတွေ…။

ကုလားတန်မြစ်ကူးတံတား(ပလက်ဝ) တည်ဆောက်ရေးမှာ အသုံးပြုဖို့ လိုအပ်တဲ့ပစ္စည်းတွေ တင်ဆောင်လာတဲ့ သင်္ဘောကို အေအေတပ်ဖွဲ့က ပစ်ခတ်နစ်မြုပ်လိုက်တယ်ဆိုတာတွေ…။

တစပ်တည်းပဲ ကျွန်တော်ရှိနေတဲ့နေရာနဲ့ ငါးမိုင်လောက်အကွာက ကျောက်တန်းရွာမှာလည်း တိုက်ပွဲဖြစ်နေတယ် လို့ ကြားရပါသေးတယ်။ ဒီသတင်းကိုတော့ ကျွန်တော်မယုံလို့မရ။ ကျွန်တော်နေတဲ့ နေရာကနေ စက်သေနတ် ပစ်သံတွေ၊ လောင်ချာပစ်သံတွေ အတိုင်းသားကြားနေရသလို မီးခိုးငွေ့တွေကိုလည်း အတိုင်းသားမြင်နေရလို့ပါ။

ဒါပေမယ့် ကြောက်စိတ်တော့ မဖြစ်မိ။ ဒီရောက်နေတာကြာနေပြီဖြစ်လို့ နည်းနည်းထုံနေပါပြီ။

ဒီလိုပဲ ဘယ်အချိန်၊ ဘယ်လို အခြေအနေ မှာ ဘယ်သူ့အတွက် စိုးရိမ်ရမလဲဆိုတာ ဝေခွဲမတတ်တော့ပါဘူး။

အပြင်က အေအေတပ်သားတွေနဲ့ အကျဉ်းကျအေအေတပ်သားတွေလည်း တိုက်ပွဲအကြောင်းကို အပြန်အလှန် ပြောနေတာ ကြားရတယ်။ သူတို့တစ်ခါတစ်ခါ အားနဲ့မန်နဲ့ ဒေါနဲ့မောနဲ့ ပြောဆိုနေတာတွေရှိသလို စိတ်ပျက်အား ငယ်တဲ့ လေသံတွေကိုလည်း ကြားရပါတယ်။

ဒီအတွက် ကျွန်တော့်ဆီမှာ စိတ်ခံစားချက်မရှိ။ တစ်နည်းပြောရရင် သူ့တို့ရဲ့ တိုးတိုက်ရုန်းကန်ရမှုတွေ၊ ပြင်းပြတဲ့ စိတ်ခံစားချက်တွေ ကျွန်တော့်ဆီကူးစက်မလာတဲ့ သဘောပါပဲ။

ဘာမှမရှိတဲ့ ဟင်းလင်းပြင်မှာရောက်ရှိနေသူလို တစ်ကိုယ်ရေ စိတ်ပျံ့လွင့်မှုတွေကြားထဲ ကိုယ်ရောစိတ်ရော ရောက်နေလို့ ဖြစ်မယ်ထင်ပါတယ်။ တစ်ချက်တစ်ချက် မိသားစုဆီ စိတ်ရောက်နေတာမျိုးရှိပေမယ့် အထွေအထူး စိတ်ပူပန်မှုတော့ မဖြစ်မိ။

ကိုယ့်ကိုယ်ကိုယ် မဖြစ်မနေ သတိထားမိတဲ့အရာတစ်ခုပဲ ရှိပါတယ်။ ဒီနေ့၊ ဒီညလည်း ကျွန်တော့်ကို သံ‌ခြေချင်းနဲ့ ထိပ်တုံးခတ်ထားဆဲ ဆိုတာကိုပါ။

*********

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်။

ကျွန်တော်နေ့တိုင်း မမေ့မလျော့ရှိနေတာက အေအေလက်ထဲ ရောက်နေတာ ဘယ်နှစ်ရက်ရှိပြီလဲ ဆိုတာပါ။

အရင်ကဆို အခြားအကြောင်းအရာတွေနဲ့ တွေးနေစရာအများကြီးရှိခဲ့ပါတယ်။

လွှတ်တော်အစည်းအဝေး စ,ရင် ကြယ်ပွင့်ပြမေးခွန်းအနေနဲ့ ဘာတွေမေးပြီးတော့ ကြယ်ပွင့်မပြမေးခွန်းအနေနဲ့ ဘာတွေကိုမေးမယ်၊ အဲဒီလိုမေးဖို့ အတွက်လည်း ဘယ်သူတွေကိုတွေ့ဆုံပြီး အကြံဉာဏ်တောင်းမယ်၊ ဘယ်ကိစ္စ ကိုတော့ အဆိုတစ်ရပ်အနေနဲ့တင်ဖို့ ဘယ်သူ့ရဲ့ အကြံပြုချက်တွေကို ရယူမယ်၊ ပြီးခဲ့တဲ့ အစည်းအဝေးတုန်းက မပြီးပြတ်သေးတဲ့ ဘယ်သူ့ရဲ့ အဆိုအပေါ်မှာ ဘယ်လိုဆွေးနွေးမယ်… စတာတွေနဲ့ ပြည့်ကြပ်သိပ်နေခဲ့ပါတယ်။

ဒီကြားထဲ မြို့နယ်ဖွံ့ဖြိုးရေးရန်ပုံငွေကိစ္စတွေ၊ အုပ်ချုပ်အဖွဲ့တွေနဲ့ တွေ့ဆုံရမယ့်ကိစ္စတွေ၊ မဖြစ်မနေတက်ရောက် ပေးရမယ့် ဌာနဆိုင်ရာအစည်းအဝေးတွေ၊ မိသားစုအရေး ဆွေမျိုးသားချင်းအရေးတွေအပြင် မကင်းရာမကင်း ကြောင်းတွေနဲ့ မငြင်းစကောင်းတဲ့ ကိစ္စအဝဝ အများကြီးပါပဲ။

ဆွေမျိုးသားချင်းဆိုလို့ ကျွန်တော်ပြောရင် အံ့ဩနေမလားမသိ။

ကျွန်တော်တို့ ချင်းတွေဟာ မျိုးနွယ်စုဘယ်လောက်များများ၊ မိသားစုအနွယ် ဘယ်လောက်များများ၊ အမျိုးစပ်ရင် တစ်နည်းမဟုတ်တစ်နည်း အမျိုးတော်နေတာချည်းပဲ။

နားလည်လွယ်အောင် ခပ်လွယ်လွယ်ပြောရရင် မျိုးနွယ်စုအတွင်း အားကောင်းတဲ့ ချိတ်ဆက်မှုပေါ့။ အင်္ဂလိပ်လို ဆို Internal Relationship ခေါ်မလားပဲ။

ဆိုကြပါစို့၊ ဗမာလို “ဦးလေး”ဆိုရင် ချင်းမှာ “ဦးလေး” တစ်ခွန်းနဲ့ မပြီးဘူး။ အဖေဘက်ကလား၊ အမေဘက်လား၊ ဒါအရေးကြီးတယ်။

အဖေဘက်ဆိုရင်လည်း အဖေ့ညီဆိုရင် “ဦးလေး”ဟာ “အိုက်စယ်-Aichy”၊ အဖေ့ညီမရဲ့ အမျိုးသားဆိုရင် “ပရန့်-Preng”လို့ ခေါ်ရတယ်။ အမေ့မောင် ဆိုရင်တော့ “ပူး-Pu”ပေါ့။ အဲလိုမျိုး အခေါ်အဝေါ်တွေ ကွဲပြားတယ်။

ဒီတော့ ကိုယ်ကလူတစ်ယောက်နဲ့တွေ့တယ်ဆိုပါစို့၊ သူနဲ့ကိုယ့်ကြားဆက်နွယ်မှုက “အိုက်စယ်”ဟုတ်ရင်ဟုတ်၊ မဟုတ်ရင် “ပူး” ဒါမှမဟုတ် “ပရန့်”၊ တစ်နည်းနည်းနဲ့ ပက်သက်ဆက်နွယ်နေတာမျိုးပါ။

ဆိုတော့ ဆွေမျိုးသားချင်းအရေး ဆိုတာလည်း မကင်းရာမကင်းကြောင်း ပါနေရတာမျိုးပါ။

အခုနေတော့ ကျွန်တော်အခြားကိစ္စတွေ တွေးနေဖို့ အချိန်မရှိပါဘူး။ ကျွန်တော့် မိသားစု ဘယ်လောက်စိတ်ဆင်းရဲ နေမလဲ ဆိုတာတောင် မတွေးနိုင်ခဲ့ပါဘူး။

မနက်လင်းလင်းချင်း တွေးမိတာက “ငါ…အေအေလက်ထဲ ရောက်နေတာ ဘယ်နှစ်ရက် ရှိပြီလဲ…”ပေါ့။

ဒီနေ့က အေအေလက်ထဲရောက်နေတာ ၆ ရက်ရှိပါပြီ။

ကျွန်တော့်ကို တမင်ရည်ရွယ်ပြီး ဖမ်းဆီးခဲ့တယ်ဆိုတာကိုလည်း လက်ခံလိုက်ပါပြီ။

ကျွန်တော် အေအေလက်ထဲ ရှိနေစဉ်အတွင်းမှာ နေရေးထိုင်ရေးကိစ္စ(တစ်နည်းကျွန်တော့ဝေယာဝစ္စတွေ)ကို စီမံ ခန့်ခွဲပေးဖို့ ဒုဗိုလ်ဝေလကို အေအေအထက်အရာရှိတွေက တာဝန်ပေးထားတယ်လို့ သိရပါတယ်။

အနီးကပ်စောင့်ကြည့်ရသူက တပ်ကြပ်ကြီးဟင်္သာ ဖြစ်ပါတယ်။

ဒုဗိုလ်ဝေလက စိတ်တိုစိတ်ဆတ်ပုံ ရတယ်။ စကားများများ မပြောဘူး။ ညှိနှိုင်းလို့မရဘူး။ သူ့စကားအတိုင်းပဲ နေရတယ်။ အောက်ခြေရဲဘော်အချို့ကလည်း သူ့ကိုသဘောမတွေ့ကြောင်း နောက်ပိုင်းသိရပါတယ်။ ရာထူးပေါ် အခြေခံပြီး အာဏာတွေ၊ ပါဝါတွေပြတတ်တယ်လို့ ပြောကြတယ်။

အကျဉ်းကျရဲဘော်တွေဆို သူ့ကို ပိုကြောက်ကြရတာတာပေါ့။ မထင်ရင်မထင်သလို ချိုးနှိမ်တဲ့စကားလုံးတွေနဲ့ နှိမ်ပြီးပြောတတ်တာ၊ အကျဉ်းကျရဲဘော်တွေ ခြေကျင်းတန်းလန်းနဲ့ တောင်အောက် သုံးဖာလုံလောက်ဝေးတဲ့ နေရာက ခက်ခက်ခဲခဲ ခပ်ပေးတဲ့ရေကို ဖောချင်းသောချင်းနဲ့ စိမ်ပြေနပြေချိုးတတ်တာ။

အဲဒါတွေကြောင့်  အကျဉ်းကျရဲဘော်တွေက သူ့အပေါ်အမြင်မကြည်လင်ပါဘူး။ နောက်တစ်ချက်က ဒုဗိုလ်ဝေလ က စာရိတ္တချွတ်ယွင်းမှုနဲ့ ရာထူးချခံထားဖူးသူလို့လည်း သူတို့အချင်းချင်းပြောနေကြတာလည်း ကြားရပါတယ်။

နောက်တစ်ယောက် တပ်ကြပ်ကြီးဟင်္သာကလည်း ရေမချွေတာပါဘူး။ တမင်လုပ်နေသလားတောင် ထင်ရပါ တယ်။ ရဲဘော်တွေကို ရုန်းရင်းကြမ်းတမ်းတဲ့ စကားတွေနဲ့ ဆဲဆိုပြောတတ်ပြီး မထင်ရင်မထင်သလို လက်ပါ (နရင်းအုပ်)တတ်သူလို့ ပြောကြပါတယ်။

အချို့ရဲဘော်တွေရဲ့ ပစ္စည်းတွေကို လစ်ရင်လစ်သလိုခိုးတတ်တာ၊ ရဲဘော်အချို့ရဲ့ပိုက်ဆံနဲ့ ဖုန်းတွေကို ခဏသိမ်း ထားခိုင်းရာက ပြန်မပေးတော့ပဲ အတင်းယူတတ်တာကြောင့် ကွယ်ရာမှာ “ခဲဝါ” လို့ ခေါ်ကြပါတယ်။

“ခဲဝါ”ဆိုတာ ရခိုင်စကားနဲ့ “ခွေးအ”ကို ပြောတာပါ။

ဒီနေ့မှာပဲ ကျွန်တော်အပါအဝင် နိုင်ငံခြားသားတွေကို မိမိတို့အေအေက ဖမ်းဆီးခဲ့ကြောင်း ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါသတဲ့။ အဲဒီကြေညာချက်မှာပါမယ့် ကျွန်တော့်ကိုဘာ့ကြောင့် ဖမ်းဆီးရတယ်ဆိုတဲ့ အကြောင်းပြ ချက်ကို သိချင်နေမိတယ်။

ဖြစ်နိုင်ခြေ နှစ်ခုရှိနိုင်ပါတယ်။

တစ်ခုက ဆွမ်းခံရင်း ငှက်သင့်ဆိုသလို ဖမ်းပြီးမှ အမှုဆင်တာမျိုးပါ။ ဒါလည်း ဒီအခြေအနေမှာ အင်မတန်လွယ်ကူ တဲ့ ကိစ္စပါ။ “အစိုးရသတင်းပေး…”ဆိုရင် အကြောင်းပြချက်က လုံလောက်သွားပါပြီ။

နောက်တစ်ခုက ရည်ရွယ်ချက်ရှိရှိ ဖမ်းတာပါ။ အစကတည်း အမာခံသတင်းပေးတွေရဲ့ လုံလောက်တဲ့သတင်းပေး ချက်အပေါ်မှာ စစ်ဆေးပြီး စီရင်ချက်ချတာမျိုးပါ။

ဒီအချက်က ကျွန်တော့်ကို ဖမ်းဆီးရခြင်းအတွက် ပိုဖြစ်ခြေရှိတယ်လို့ ထင်ပါတယ်။

ကျွန်တော်ဘာများ လုပ်ထားပါလိမ့်။

ဘာပဲပြောပြော စောစောကပြောခဲ့သလိုပါပဲ အေအေတွေဟာ ကျွန်တော့်ကို တမင်ရည်ရွယ်ပြီး ဖမ်းဆီးခဲ့တယ် ဆိုတာ သေချာပြီဆိုတာကို ကျွန်တော်လက်ခံလိုက်ပါပြီ။ ကိုယ့်ရဲ့ တစ်ကိုယ်ရေ ဆင်ခြင်တုံတရားနဲ့လည်း အတည် ပြုလိုက်ပါပြီ။

ဒီလို စိတ်ဒုန်းဒုန်းချလိုက်တော့လည်း အရင်ရက်တွေထက် ပိုလုံခြုံသလိုလို ခံစားရပါတယ်။ အစမ်းခန့်ဝန်ထမ်းအ ဖြစ်ကနေ အမြဲတမ်းဝန်ထမ်း ခန့်အပ်ခံရသူလိုမျိုးပါပဲ။

ကျွန်တော့်အဖြစ်လည်း ဘာထူးလဲ။ အေအေလက်ထဲ ရက်ရှည်နေရမယ်ဆိုတာ ပိုသေချာသွားခဲ့ပြီ မဟုတ်လား။

မဖြစ်မနေ ထည့်ပြောရမယ့်စကားက ဒီညလည်း သံ‌ခြေချင်းနဲ့ ထိတ်တုန်းနဲ့ တစ်ညတာ ဖြတ်သန်းရအုံးမှာ ဆိုတာ ပါ။ ဒါကလည်း စကားအားဖြင့် တစ်လုံးတည်းဆိုပေမယ့် တကယ်လက်တွေ့ခံရသူကဖြင့် ကစားလုံးနဲ့ဖော်ပြဖို့ မတတ်နိုင်တဲ့ ဒုက္ခဆင်းရဲခြင်း တစ်မျိုးပါ။

*********

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်။

ဒီနေ့က ကျွန်တော်အေအေလက်ထဲရောက်နေတာ ၇ ရက်ရှိပါပြီ။

အဲဒီနေ့က ဆောင်းကာလမို့ ရာသီဥတုနည်းနည်းအေးတယ်ဆိုပေမယ့် အေအေဆီမှာ အဖမ်းခံရကတည်းက ရေ မချိုးရသေးတာ သတိထားမိတာရယ်၊ ထွက်နေရဲ့ အပူရှိန်ကလည်းရှိနေသေးတာရယ်ကြောင့် ရေချိုးဖို့အာသီသ ရှိလာပါတယ်။

ကျွန်တော့်ကိုယ်ပေါ်မှာ ဝတ်ထားတဲ့အဝတ်တွေက ပလက်ဝအိမ်က ထွက်လာကတည်းက အဝတ်အစားတွေလား ဒါမှမဟုတ် ဒီကြားထဲ အဝတ်လဲသေးလား ကျွန်တော်မသိ။ စဉ်းလည်းမစဉ်းစားချင်။

တော်တော်ကို နံစော်နေတယ်ဆိုတာကို သတိပြုမိပါတယ်။ ဒါနဲ့ လတ်တလော ဖြစ်ပေါ်နေတဲ့ အာသီသကိုပဲ ဖြည့်ဆည်းဖို့ အတည်ပြုလိုက်ပါတယ်။

ကျွန်တော် ဒုဗိုလ်ဝေလကို…

“ရေချိုးချင်တယ်…” လို့ ပြောပါတယ်။ ပြီးတော့ တစ်စပ်တည်းမှာပဲ…

“စမ်းချောင်းမှာ ရေချိုးလို့ ရမလား…” လို့ မေးလိုက်ပါတယ်။

ဒီလိုမေးတာလည်း အကြောင်းရှိပါတယ်။ သူတို့(အေအေ)က ကျွန်တော့်ကို တစ်စုံတစ်ခုဖြစ်သွားမှာကို စိုးရိမ် ကောင်း စိုးရိမ်နိုင်တယ်။ ဒါမှမဟုတ် ထွက်ပြေးသွားမှာကိုလည်း စိုးရိမ်ကောင်း စိုးရိမ်နိုင်တယ်။

ပြီးတော့ နောက် တစ်ချက်က သူတို့အကျဉ်းကျရဲဘော်တွေရဲ့ ခက်ခက်ခဲခဲ ခပ်ပေးတဲ့ရေကို နှမျောကောင်းလည်း နှမျောနေနိုင်ပါတယ်။

အဲဒါကြောင့် “စမ်းချောင်းမှာ ရေချိုးလို့ ရမလား…” လို့ ထည့်မေးလိုက်တာပါ။

ဒုဗိုလ်ဝေလက စက်နဲ့ ဗိုလ်မှူးခိုင်ရက္ခဆီမှာ ခွင့်ပြုချက်တောင်းတော့ ချက်ချင်းပဲ ခွင့်ပြုချက်ရခဲ့ပါတယ်။

ဒါပေမယ့် ရေချိုးအသွားလမ်းတစ်လျှောက် ကျွန်တော့်ကို သံခြေချင်းမဖြုတ်ပေးတဲ့အတွက် တော်တော်ခက်ခက် ခဲခဲ သွားခဲ့ရပါတယ်။ သံကွင်းနေရာမှာ နည်းနည်းယောင်သလိုဖြစ်နေတော့ နည်းနည်းထိလည်း ကျင်ကနဲပါပဲ။

အဲဒီလိုမျိုး ခံရခက်တဲ့ ဝေဒနာတွေ နာကျင်မှုတွေကို စကားလုံးနဲ့ မဖော်ပြတတ်ပါဘူး။

ပြဿနာက ဒါနဲ့တင်မပြီးပါဘူး။ ရေချိုးအပြီးမှာ သံခြေချင်းတန်းလန်းနဲ့ ရေစိုဘောင်ဘီမချွတ်တတ်တာ တစ်ဒုက္ခ ပေါ့။ ခြေမျက်စေ့အောက်နား သံကွင်းစွပ်ထားတော့ ဘယ်လိုမှဘောင်ဘီးချွတ်မရဖြစ်နေတာပါ။

အဲဒါကို အကျဉ်းကျအေအေရဲဘော်တစ်ယောက်ဆီမှာ သံခြေချင်းတန်းလန်းနဲ့ ဘောင်းဘီချွတ်နည်းရယ်၊ ပြန်ဝတ် နည်းရယ် သင်ခဲ့ရသေးတယ်။ နည်းစနစ်သိလာတဲ့ နောက်ပိုင်းတော့ အဆင်ပြေသွားပါတယ်။

တစ်သက်နဲ့တစ်ကိုယ် ကြုံရလိမ့်မယ် မထင်ထားတဲ့ အရာတွေပါ။

ဒုက္ခ ဆင်းရဲခြင်းဆိုတာ တစ်ယောက်တည်းမလာဘူး၊ အဖော်ပါလာတတ်တယ် ဆိုတဲ့စကားလည်း အမြဲမှန်ကန်တဲ့ လောကနိယာမတစ်ခုဖြစ်တယ်ဆိုတာကိုလည်း ဒုတ်ဒုတ်ထိကိုယ့်တွေ့ ကြုံခဲ့ရပါတယ်။

ပုံမှန်အားဖြင့်တော့ လုံခြုံရေးတာဝန်ခံ တပ်ကြပ်ကြီးဟင်္သာက  ကျွန်တော်တို့တဲအနီး တစ်ယောက်အိပ်တဲကလေး တစ်ဆောင်မှာ တစ်ယောက်တည်းအိပ်ပါတယ်။ ဒါပေမယ့် အခုရက်ပိုင်း အရက်နည်းနည်းသောက်ပြီး နည်းနည်း ထွေလာပြီဆို ကျွန်တော်တို့ အကျဉ်းသားတွေထားတဲ့ နေရာမှာလာလာအိပ်တော့ ကျွန်တော်တို့မှာ အကြီးအ ကျယ်ဒုက္ခပေါ့။

ညတိုင်းလိုလို ဖုန်းစပီကာဖွင့်ပြီး အာကျယ်အာကျယ်ပြောတာ၊ အဲဒီထဲမှာ အစိုးရတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှု တွေ၊ အေအေအမာခံတွေရဲ့ သတင်းပေးပို့ချက်တွေ၊ တိုက်ပွဲသတင်းတွေ၊  သူ့မိသားစုဝင်တွေရဲ့ ကျန်းမာရေးနဲ့ အခြားလူမှုရေးကိစ္စတွေကို အတိုင်းသားကြားနေရပါတယ်။

ကျွန်တော်တို့မှာ အဲဒီဆူညံသံအောက်မှာ မနည်းကြိုးစားအိပ်ခဲ့ကြရပါတယ်။

ဒီထက်ဆိုးတာက  သူ့ငယ်ရည်စားနဲ့ ညလုံးပေါက်နီးနီး အော်ကြီးဟစ်ကျယ်ပြောနေသံပါပဲ။

 

အပိုင်း (၆) ဆက်လက်ဖတ်ရှုပါရန်။

Leave a Reply

Your email address will not be published. Required fields are marked *