CDF – Mara က အပတ်စဉ် ၈ သင်တန်းသားများ ခေါ်ယူ
ဧပြီလ ၂၅ ရက်၊ ၂၀၂၅။
CDF-Mara တပ်ဖွဲ့က အပတ်စဉ် ၈ စစ်သင်တန်းအတွက် သင်တန်းသားအသစ်များ ခေါ်ယူနေပြီဖြစ်ကြောင်း ယနေ့ ဧပြီလ ၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။
IMC/ CDF – Mara တပ်ဖွဲ့သည် အာဏာရှင်စစ်ကောင်စီကို တော်လှန်သည်မှာ ၄ နှစ်တာကျော်လာပြီး အပတ်စဉ် ၇ အထိ စစ်သင်တန်း အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီး ယခု အပတ်စဉ် ၈ အတွက် သင်တန်းသား အသစ်များကို ခေါ်ယူနေခြင်းဖြစ်ကြောင်း သိရသည်။
အပတ်ဉ် ၈ စစ်သင်တန်းကို CDF – Mara ဗဟိုဌာနချုပ်တွင် မေလ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်သွားမှာဖြစ်ပြီး သင်တန်းကာလမှာ ၄၅ ရက် ကြာမြင့်မည်ဖြစ်ကာ ကျား/မ မရွေး အသက် ၁၈ နှစ် ပြည့်ပြီးသူ၊ ကျန်းမာရေးကောင်းမွန်သူများ လျှောက်ထားနိုင်ကြောင်း CDF – Mara မှ ထုတ်ပြန်ထားသည်။
CDF – Mara က မတရားအာဏာသိမ်း စစ်ကောင်စီနှင့် အာဏာရှင် အဖွဲ့အစည်းဟူသမျှ တော်လှန်တိုက်ထုတ်နိုင်ရေး၊ ပြည်သူ့အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်ရေး၊ ကိုယ်ပိုင်အုပ်ချုပ်ဖန်တီးခွင့် ရရှိရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် သင်တန်းသားအသစ်များကို ခေါ်ယူနေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း – James Roe