စေတုတ္တရာမြို့နယ် အရှိုချင်းကျေးရွာတစ်ရွာကို အကြမ်းဖက်စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်

စေတုတ္တရာမြို့နယ် အရှိုချင်းကျေးရွာတစ်ရွာကို အကြမ်းဖက်စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်

ဧပြီလ ၂၇ ရက်၊ ၂၀၂၅။

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်၊ အရှိုချင်းကျေးရွာတစ်ရွာဖြစ်သည့် လုံးစွန်ကျေးရွာကို ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် အိမ်ခြေ ၅၀ ခန့် မီးလောင်ပြာကျသွားကာ ရွာသူ/သားများသည် ဘေးလွတ်ရာသို့ ထွက်ပြောင်းနေကြပြီး အရေးအပေါ် စားနပ်ရိက္ခါ၊ ဆေးဝါးနှင့် တခြားအကူအညီများ လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

လုံးစွန်ကျေးရွာအပြင် အနီးအနားရှိ ချင်းလူမျိုးများနေထိုင်သည့် ကျေးရွာများကိုလည်း အကြမ်းဖက် စစ်ကောင်စီတပ်က ထပ်မံ၍ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လာမည်ကို စိုးရိမ်နေကြပြီး လုံးစွန်းကျေးရွာအပါအဝင် အခြားကျေးရွာများမှ ဒေသခံပြည်သူများသည်လည်း မိမိတို့ကျေးရွာများတွင် မနေထိုင်ဝံ့တော့ဘဲ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကာ စစ်ဘေးရှောင်တစ်ထောင်ကျော် ရှိနေကြောင်း သိရသည်။

လုံးစွန်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီသည် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လုံးစွန်ကျေးရွာသည် အိမ်ခြေ ၁၀၀ ခန့်ရှိကာ အရှိုချင်းလူမျိုးများနေထိုင်ကြတဲ့ ရွာဖြစ်ကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *