ကြံသာရွာအနီး တိုက်ပွဲပြင်းထန်ပြီး လက်နက် ၈ လက်၊ ခဲယမ်းနှင့် အသုံးအဆောင်များ ရရှိ
ဧပြီလ ၂၈ ရက်၊ ၂၀၂၅။
စစ်ကိုင်းနှင့် မကွေးအစပ်ဖြစ်သည့် ကလေးနယ်တောင်ပိုင်းရှိ ကြံသာရွာနှင့် အနီးတဝိုက်တွင် ဟံသာဝတီရွာဘက်မှ အကြမ်းဖက်စစ်ကောင်စီက ဧပြီလ ၂၄ ရက်နေ့မှစတင်ကာ ပြန်လည်၍ ထိုးစစ်ဆင်လာသည့်အတွက်ကြောင့် တိုက်ပွဲပြင်းထန်လာကြောင်း ဒေသခံများထံမှ သိရှိရသည်။
ကြံသာရွာသို့ စစ်ကြောင်းထိုးလာသည့် အင်အား ၁၅၀-၂၀၀ ဝန်းကျင်ပါသည့် အကြမ်းဖက်စစ်ကောင်စီ၊ ပြည်သူ့စစ်၊ ပျူစောထီးနှင့် တော်လှန်ရေးတပ်များအကြား ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ ၂၀ ဝန်းကျင် ကျဆုံးပြီး အမြောက်အများ ဒဏ်ရာရရှိကာ လက်နက် ၈ လက်နှင့်တကွ ခဲယမ်းများ၊ အသုံးအဆောင်များ သိမ်းဆည်းမိခဲ့ကြောင်း သိရှိရသည်။
တိုက်ပွဲပြင်းထန်လာသည့်နေ့မှာ ဧပြီလ ၂၅ ရက်နေ့မှစ၍ ၂၇ နေ့အထိ ၃ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့ပြီး တော်လှန်ရေတပ်ဖက်မှလည်း ထိခိုက်ဒဏ်ရာရရှိမှုများရှိကာ လက်ရှိစစ်ရေးအခြေအနေမှာ ဆက်လက်၍ ပြင်းထန်နေဦးမည်ဖြစ်ကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီသည် ဆုံးရှုံးပြီးသား နေရာများကို ပြန်သိမ်းနိုင်ရန် ကြိုးစားနေခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖက်မှလည်း စစ်ရေးအရှိန် ပိုမိုမြင့်ကာ ရှေ့ဆက်တိုးပြီး သိမ်းပိုက်နိုင်ရန် ကြိုးစားနေကြောင်း စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။
သတင်း – James Roe