ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း မြင်းခြံတပ်ဖွဲ့က ရဲဘော် ၇ ဦး မြင့်မြတ်စွာကျဆုံး

ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း မြင်းခြံတပ်ဖွဲ့က ရဲဘော် ၇ ဦး မြင့်မြတ်စွာကျဆုံး

ဧပြီလ ၂၈ ရက်၊ ၂၀၂၅။

ချင်းပြည် ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်တပ်ဖွဲ့နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ငါးလကြာတိုက်ပွဲဆင်နွှဲခဲ့ရပြီး မြင်းခြံခရိုင် အမှတ် ၉ တပ်ရင်းမှ ရဲဘော် ခုနှစ်ဦး မြင့်မြတ်စွာ ကျဆုံးသွားကြောင်း ဧပြီလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။

ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်းတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲမေများ အပါအဝင် ရဲဘော် ၈၉ ဦး ကျဆုံးခဲ့ရပြီး ကျဆုံးခဲ့ရသည့်ရဲဘော်များအထဲတွင် မြင်းခြံအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်သည့် Myingyan Black Tiger (MBT) က ရဲဘော် ခုနှစ်ဦးပါဝင်ပြီး ရဲဘော် သုံးဦး ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရကာ ရဲဘော် ၃၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Myingyan Black Tiger(MBT) က ထုတ်ပြန်ထားသည်ကို သိရသည်။

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေမှ စတင်ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး ငါးလပြည့်သည့် ဧပြီ ၉ ရက်နေ့တွင် အလုံးစုံ သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်ကာ စစ်ကောင်စီကင်းစင်နယ်မြေဖြစ် ဆောင်ရွက်နိုင်ခဲ့ပြီး မြို့သိမ်းတိုက်ပွဲအတွင်း Myingyan Black Tiger (MBT) မြင်းခြံခရိုင် အမှတ် (၉) တပ်ရင်းက ရဲဘော်များ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *