အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသားများသို့ အသိပေးအကြောင်းကြားသည့် အချက် ၅ ခုကို CRC ထုတ်ပြန်

အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသားများသို့ အသိပေးအကြောင်းကြားသည့ အချက် ၅ ခုကို CRC ထုတ်ပြန်

ဧပြီလ ၂၈ ရက်၊ ၂၀၂၅။

အိန္ဒိယနိုင်ငံတွင် ရောက်ရှိနေထိုင်နေကြသည့် မြန်မာနိုင်ငံသားများကို ချင်းဒုက္ခသည်ကော်မတီ – နယူးဒေလီ ( CRC-New Delhi ) ကဧပြီလ ၂၇ ရက်နေ့တွင် အသိပေးအကြောင်းကြားသည့် အချက် ၅ ခုကို ထုတ်ပြန်ထားကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် ဒုက္ခသည် ကွန်ဇင်းရှင်း (၁၉၅၁) ခုနှစ်ကို လက်မှတ်ရေးထိုးထားခြင်း မရှိသော်လည်း အိမ်နီးချင်းကောင်းပီသစွာဖြင့် မြန်မာနိုင်ငံသားများကို ခိုလှုံခွင့်ပြုထားသောကြောင့် ချင်းဒုက္ခသည်များ ကော်မတီမှ ကျေးဇူးတင်ရှိကြောင်းနှင့် အိန္ဒိယနိုင်ငံရှိ မြန်မာနိုင်ငံသားများအနေဖြင့် ကျေးဇူးသိတတ်သည့် အနေဖြင့် ထုတ်ပြန်ချက်တွင်ပါရှိသည့်အချက်များကို လေးစားလိုက်နာကြရန် မေတ္တာရပ်ခံအပ်ပါကြောင်း Chin Refugee Committee က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသားများအနေဖြင့် လက်ခံကူညီ စောင့်ရှောက်ပေးလျက်ရှိသည့် အိန္ဒိယနိုင်ငံမှ လူမှုအသင်းအဖွဲ့များ၊ ဘာသာရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီမှားနှင့် အစိုးရအာဏာပိုင်များကို ကျေးဇူးသိတတ်သောအားဖြင့် မူးယစ်ဆေးဝါး အပါအဝင် တရားမဝင် ရောင်းဝယ်ဖောက်ကားခြင်းများတွင် လုံးဝ ပါဝင်ပက်သက်ခြင်း မလုပ်ကြရန်၊ တည်ဆဲဥပဒေများကို လေးစားလိုက်နာကြရန်၊ အိန္ဒိယ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများ၊ လူမှုအသင်းအဖွဲ့များမှ အခါအားလျော်စွာ လိုအပ်ချက်အရ ထုတ်ပြန်သည့် စည်းကမ်းများလိုက်နာကြရန်၊ မိမိတို့ နေထိုင်လျက်ရှိသည့် ပတ်ဝန်းကျင်ဒေသခံမှားနှင့် လိုက်လျောညီထွေစွာ ဆက်ဆံပေါင်းသင်းကြရန်၊ မြန်မာနိုင်ငံသား၊ လူမှုအဖွဲ့အစည်းများအနေဖြင့် မိမိတို့ ကွန်မြူနတီအသီးသီးသို့ အထက်ပါ အချက်များလိုက်နာဆောင်ရွက်ကြရန် ထပ်ဆင့် ဖြန့်ဝေပေးစေလိုကြောင်း ချင်းဒုက္ခသည်ကော်မတီ ( နယူးဒေလီ) က အသိပေးထားသည်။

အိန္ဒိယနိုင်ငံ နယူးဒေလီ၊ မီဇိုရမ်၊ မဏိပူရ နှင့် နာဂလဲန်းပြည်နယ်များတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်မှအာဏာသိမ်းပြီးနောက် အသက် ဘေးကင်း လုံခြုံစေရန် မြန်မာနိုင်ငံသားများ သောင်းချီ ရောက်ရှိ ခိုလှုံနေကြကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *