ဟားခါးမြို့တွင် ပြည်သူယောင်ဆောင်ကာ သတင်းယူနေသည့် ရဲ နှစ်ဦးကို CDF-Hakha ဖမ်းဆီး
မေလ ၂ ရက်၊ ၂၀၂၅။
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ပြည်သူဟန်ဆောင်ကာ သတင်းထောက်လှမ်းယူနေသည့် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲသား နှစ်ဦးကို မေလ ၁ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းနိုင်ကြောင်း CDF-Hakha က သတင်းထုတ်ပြန်ထားသည်ကို သိရသည်။
CDF-Hakha အနေဖြင့် အပြစ်မဲ့ပြည်သူများကို ဒုက္ခမျိုးစုံပေးနေသော အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်များအား CDF-Hakha အနေဖြင့် လိုက်လံအရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်ကို သိရသည်။
သတင်း – James Roe