အိန္ဒိယနယ်စပ်ရှိ စစ်ရှောင်သက်ကြီးရွယ်အို ၄၉ ဦးကို Fejpmyanmar အဖွဲ့က ကူညီထောက်ပံ့

အိန္ဒိယနယ်စပ်ရှိ စစ်ရှောင်သက်ကြီးရွယ်အို ၄၉ ဦးကို Fejpmyanmar အဖွဲ့က ကူညီထောက်ပံ့

မေလ ၂ ရက်၊ ၂၀၂၅။

အိန္ဒိယနယ်စပ် ကျေးရွာများရှိ မြန်မာစစ်ဘေးရှောင် အသက် ၆၅ နှစ် အထက် သက်ကြီးရွယ်အိုများကို Fejpmyanmar အဖွဲ့က မေလ ၁ ရက်နေ့တွင် ကူညီထောက်ပံ့ခဲ့ကြောင်း သိရသည်။

အိန္ဒိယနယ်စပ်ကျေးရွာများတွင် စစ်ဘေးခိုလှုံနေသည့် အသက် ၆၅ နှစ် အထက် သက်ကြီးရွယ်အို အဖိုးအဖွား ၄၉ တို့ကို တတ်နိုင်သလောက် ငွေကြေးဖြင့် ကူညီထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး အသက် ၁၀၀ ဝန်းကျင်အဖိုးအဖွားများလည်း ပါဝင်ကြောင်း သိရသည်။

စစ်ရှောင်အဖိုးအဘွားများသည် တမူးမြို့နယ် ကွန်းတောင်းရွာသစ်၊ ကျွန်းပင်သာ၊ ချောင်းနက်ကြီး၊ တမူး၊ စိုးသာယာ၊ အောင်ဇေယျ၊ သနန်၊ မြို့သစ်နှင့် ဗန္ဒူလ စသည့် ကျေးရွာ ၉ ရွာမှ စစ်ရှောင်အဖိုးအဖွားများ ဖြစ်ကြပြီး ဆက်လက်၍လည်း ကူညီထောက်ပံ့မှုပေးနိုင်ရန် ကြိုးစားနေကြောင်း Fejpmyanmar အဖွဲ့က ဆိုသည်။

Fejpmyanmar အဖွဲ့သည် ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့တွင်လည်း  စစ်ရှောင်စခန်းတစ်နေရာရှိ သက်ကြီးရွယ်အို ၁၀ ဦးကျော်ကို ကူညီထောက်ပံ့မှု ပေးခဲ့ကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *