ကျောက်ထုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်
မေလ ၂ ရက်၊ ၂၀၂၅။
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့နယ်အတွင်း ယမန်နေ့ မေလ ၁ ရက်နေ့ ည ၁၁ နာရီ ၀န်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာ နှစ်စီးဖြင့် နှစ်ကြိမ် ဗုံးကြဲချတိုက်ခိုက်ခြင်းဖြစ်ပြီး ကံကြီးနှင့် ကြန်တော ကြား တံတားထိပ်နှင့် တောထဲတွင် ကြဲချသွားခြင်းဖြစ်ပြီး ဒေသခံပြည်သူ ထိခိုက်မှုမရှိကြောင်း လမ်းဘေးဝဲယာနှင့် ဆန်စက်တဲအဟောင်း တစ်လုံး ပျက်စီးသွားကြောင်း သိရသည်။
ဆောမြို့ နယ် အညာကတင်း ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက မေလ ၁ ရက်နေ့တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့် အသက် ၈ နှစ်၀န်းကျင် ကလေး အပါအ၀င် အမျိုးသမီး လေးဦး သေဆုံးပြီး အမျိုးသား နှစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ကျောက်ထုတိုက်နယ် ကွမ်းခင်းကျေးရွာအနီးကို မေလ ၁ ရက် နေ့လယ်ပိုင်းတွင်လည်း Y-12 အမျိုးအစားလေယာဉ်ဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
သတင်း – James Roe