ငဖဲမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို CDF-Asho က ကြားဖြတ်တိုက်ခိုက်

ငဖဲမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို CDF-Asho က ကြားဖြတ်တိုက်ခိုက်

မေလ ၂ ရက်၊ ၂၀၂၅။

မကွေးတိုင်း ငဖဲမြို့နယ်တွင် လုံခြုံရေးယူရန် ထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့ နံနက် ၈ နာရီတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ – အရှို (CDF-Asho) က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဧပြီလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။

နတ်ရေကန်လေကြောင်းကာကွယ်ရေးတပ်စခန်း မကျစေရေးအတွက် ပဇီကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် ကပစ-၁၃ မှ အင်အား ၂၀ ခန့်ရှိသည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့သည် ကားလမ်းလုံခြုံရေး ဆောင်ရွက်ရန် လာရောက်စဉ်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၉ ဦး ပွဲချင်းပြီး သေဆုံးကာ ဒဏ်ရာရရှိသူများလည်းရှိပြီး MA အမျိုးအစား သေနတ် ၉ လက်၊ ကျည်ဘောက်နှင့် ခဲယမ်းတချို့ သိမ်းဆည်းရရှိကြောင်း CDF-Asho က ထုတ်ပြန်ထားသည်။

ငဖဲမြို့နယ် ပဇီကျေးရွာဘုန်းကြီးကျောင်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၉၉၊ ကပစ (၂၊ ၁၀၊ ၁၃၊ ၁၄) သည် အင်အား ၁၃၀ ခန့် တပ်စွဲထားပြီး ကျေးရွာတွင်ရှိသည့် နေအိမ်များထဲမှ ပြည်သူပိုင်ပစ္စည်းများကိုလည်း ထုတ်ယူရောင်းချမှုများ ပြုလုပ်နေလျက်ရှိကြောင်း CDF-Asho ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *