ကျောက်ထုတွင် အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်
မေလ ၃ ရက်၊ ၂၀၂၅။
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ယနေ့ မေလ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲ၀န်းကျင်တွင် ပြုလုပ်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်က သိရသည်။
အကြမ်းဖက်စစ်ကောင်စီက ကျောက်ထုမြို့နယ်ရှိ ခတိုတောင်ဝန်းကျင်ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီသည် ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့တွင်လည်း ခတိုတောင်နှင့် ကွမ်းခင်း အနီးတစ်ဝိုက်ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ကိုလည်း သိရသည်။
သတင်း – James Roe