အိုင်ဇောလ်မြို့၊ Dinthar ရပ်ကွက်တွင် ရှိနှင့်ပြီးသား စစ်ဘေးရှောင်များအပြင် နောက်ထပ်စစ်ဘေးရှောင်များ နေထိုင်ခွင့်မရှိ

အိုက်ဇောလ်မြို့၊ Dinthar ရပ်ကွက်တွင် ရှိနှင့်ပြီးသား စစ်ဘေးရှောင်များအပြင် နောက်ထပ်စစ်ဘေးရှောင်များ နေထိုင်ခွင့်မရှိ

ဧပြီလ ၂ ရက်၊ ၂၀၂၅။

မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့၊ Dinthar ရပ်ကွက်တွင် ရှိနှင့်ပြီး စစ်ဘေးရှောင်များအပြင် နောက်ထပ် စစ်ဘေးရှောင်များကို လက်မခံတော့မည်မဟုတ်ကြောင်း ရပ်ကွက်ကောင်စီနှင့် YMA က အသိပေးထားသည်ကို သိရသည်။

Dinthar ရပ်ကွက်အတွင်းရှိ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် မဏိပူရ်တို့မှ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို Dinthar ရပ်ကွက် YMA ခန်းမတွင် ရပ်ကွက်ကောင်စီနှင့် Young Mizo Association – YMA တို့က ယမန်နေ့ ဧပြီလ ၁ ရက်နေ့တွင် ခေါ်ယူတွေ့ဆုံခဲ့ပြီး စစ်ဘေးရှောင်များ ဆောင်ရန်/ရှောင်ရန် ကိစ္စရပ်များကို ပြောကြားခဲ့ ကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံမှုတွင် Dinthar ရပ်ကွက်အတွင်းရှိ စစ်ဘေးရှောင်များအတွက် ယာယီမှတ်ပုံတင်ကဒ် ပြုလုပ်ပေးမည်ဖြစ်ပြီး လက်ရှိ ရှိနှင့်ပြီးသား စစ်ဘေးရှောင်များအပြင် နောက်ထပ် စစ်ဘေးရှောင်များကို လက်မခံတော့ကြောင်းဆိုသည်။

Dinthar ရပ်ကွက်တာဝန်ရှိသူများက စစ်ဘေးရှောင်များအတွက် နောက်ထပ်လိုက်နာရမည့် ကိစ္စများအပြင် ရပ်ကွက်အတွင်း ပြသနာမဖြစ်အောင် လိုအပ်သည့်အရာများကိုလည်း ပြောကြားထားကြောင်း သိရသည်။

ထိုနည်းတူ မီဇိုရမ်ပြည်နယ်အတွင်းရှိ တခြားသော မြို့၊ ရပ်ကွက်နှင့် ကျေးရွာများတွင်လည်း စစ်ဘေးရှောင်များ လိုက်နာရမည့် စည်းကမ်းချက်များကိုလည်း အဖွဲ့အစည်းအသီးသီးက ထုတ်ပြန်ချက်များ ထုတ်ပြန်ထားသည်ကို သိရသည်။

လက်ရှိတွင် မီဇိုရမ်ပြည်နယ်အတွင်း မြန်မာစစ်ဘေးရှောင် ၃၃၀၀၀ ကျော် ဝင်ရောက်ခိုလှုံနေထိုင် လျက်ရှိကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *