မင်းတပ်မြို့ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

မင်းတပ်မြို့ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

မေလ ၇ ရက်၊ ၂၀၂၅။

ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ယနေ့ မေလ ၇ ရက်နေ့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အကြမ်းဖက်စစ်ကောင်စီက နံနက် တစ်နာရီဝန်းကျင်တွင် တစ်ကြိမ်၊ မွန်းလွဲ နှစ်နာရီဝန်းကျင်တွင် တစ်ကြိမ် ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးသီး ကြဲချကာ တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အထိအခိုက် အပျက်အစီးများကိုမူ အတည်ပြု၍ မရသေးကြောင်း သိရသည်။

မင်းတပ်မြို့ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကို ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်နေ့တွင်လည်း ပြုလုပ်ခဲ့ပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံးမှုရှိခဲ့ကြောင်း သိရသည်။

သတင်း – Jame Roe

Leave a Reply

Your email address will not be published. Required fields are marked *