မြန်မာနိုင်ငံ ငလျင်ဘေးသင့်ပြည်သူများအတွက် ခူမီးလူငယ်အဖွဲ့ GKYA မှ ဦးဆောင်ကာ လှူဒါန်းမှုပြုလုပ်
မေလ ၇ ရက်၊ ၂၀၂၅။
Global Khumi Youth Association – GKYA အဖွဲ့မှ ဦးဆောင်၍ မြန်မာနိုင်ငံ ငလျင်ဘေးသင့် ပြည်သူများအတွက် အလှူငွေကောက်ခံရရှိသည်များကို ဝေဠုကျော်ဖောင်ဒေးရှင်းသို့ မေလ ၆ ရက်နေ့တွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
Global Khumi Youth Association – GKYA အဖွဲ့မှ မြန်မာနိုင်ငံ ငလျင်ဘေးသင့် ပြည်သူများအတွက် အလှူငွေ ၁,၀၀၀,၀၀၀ သိန်းကျပ်တိတိကို ဝေဠုကျော်ဖောင်ဒေးရှင်းမှတဆင့် ပေးအပ်ခဲ့ပြီး လူသားချင်း စာနာထောက်ထားမူအပေါ် ဂုဏ်ပြုမှတ်တမ်းလွှာနှင့်တကွ အဖွဲ့အစည်းများအား ကျေးဇူးတင်ရှိကြောင်းနှင့် အားတက်သရော ပါဝင်လှူဒါန်းပေးကြသော အလှူရှင်တစ်ဦးတစ်ယောက်စီတိုင်းကို ကျေးဇူးတင်ကြောင်း GKYA မှ ဖော်ပြထားသည်ကို သိရသည်။
Global Khumi Youth Association – GKYA သည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာ၌ အေအေတပ်ဖွဲ့ဝင် နှစ်ဦးက ၂၀၂၅ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့၊ မနက် ၁၀ နာရီမှ ၁၂ နာရီအတွင်း ဖြစ်ပွားခဲ့သော မုဒိမ်းမှုနှင့် သတ်ဖြတ်ရန် ကြံစည်မှုဖြစ်ရပ်အပေါ် အလွန်စိုးရိမ်မိကြောင်း၊ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်းနှင့် ပလက်ဝမြို့နယ်အတွင်းရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်ပတ်သက်၍ ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့တွင် သဘောထားထုတ်ပြန်ခဲ့ကြောင်း သိရသည်။
Global Khumi Youth Association (GKYA) သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် အဖွဲ့အစည်းဖြစ်ပြီး အမျိုးသားရေးဆိုင်ရာကိစ္စရပ်များကို လူငယ်အခန်းကဏ္ဍမှ ပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့် အရည်အချင်းပြည့်ဝသည့် အနာဂါတ်လူငယ်ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာစေရန်အတွက် လုပ်ဆောင်နေသည့် အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။
သတင်း – James Roe