Kullanıcı yorumlarında övgüyle bahsedilen Casinomhub güvenilir bir seçenektir.

Kullanıcılar hızlı işlem için casinomhub adresini seçiyor.

Avrupa’daki online bahis pazarında futbolun payı 2024 itibarıyla %61’e ulaşmıştır; bettilt giriş bu oranı kullanıcı lehine çevirmektedir.

Bahis kullanıcılarının %67’si platform seçerken güvenlik belgelerine dikkat etmektedir; bu nedenle bettilt giriş tüm lisans bilgilerini açık şekilde paylaşır.

2024 yılı itibarıyla dünya genelinde toplam 6.8 milyar bahis kuponu oluşturulmuştur; bunların bir kısmı bettilt giriş kullanıcılarına aittir.

Kumarhane atmosferini hissetmek isteyenler pinco sayfasına giriyor.

Avrupa’daki bahis kullanıcılarının %61’i kombinasyon bahislerini tercih etmektedir; bu oran bettilt giriş kullanıcılarında %67’ye ulaşmıştır.

Kayıtlı oyuncular kolayca oturum açmak için bahsegel bağlantısını kullanıyor.

Her bütçeye uygun bahis alternatifleri sunan bahsegel tüm oyunculara hitap eder.

2024 yılında yapılan global bir araştırmaya göre, kullanıcıların %60’ı “sorumlu oyun” araçlarını kullandığını belirtmiştir; bahsegel giriş bu sistemleri aktif olarak sunar.

Her oyuncuya özel bettilt fırsatlar sunan kullanıcılarını ödüllendiriyor.

Adres sorunlarını aşmak için en güncel bağlantı olan bahsegel her zaman önem taşıyor.

Mobil oyuncular için optimize edilen arayüz sayesinde bahsegel giriş slot oyunları her cihazda sorunsuz çalışır.

78 Days သူပုန်အကျဉ်းသား (၇)

(၇)

မထင်မှတ်ပဲ ရုတ်တရက်အထိုးခံလိုက်ရတာဆိုတော့ ရင်ညွန့်တော်တော်အောင့်သွားပြီး အသက်ရှုကြပ်သွားပါတယ်။

စိတ်ထဲမှာလည်း တစ်မျိုးကြီး ခံစားရပါတယ်။ ဒါပေမယ့် ကျွန်တော့စိတ်ကို အချိန်မီစုစည်းလိုက်ပါတယ်။ ခံစားချက်ကိုလည်း ဟာလာဟင်းလင်းဖြစ်အောင် ထားလိုက်ပါတယ်။

အဲလိုဟာလာဟင်းလင်းဖြစ်နေမှ အခြေအနေမှန်ကို ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်နိုင်မှာဖြစ်ပြီး မှန်ကန်တဲ့တုန့်ပြန်မှု လုပ်နိုင်မှာ မဟုတ်လား။

သက်ရောက်မှု(Action)တစ်ခုကို တန်ပြန်သက်ရောက်မှု(Reaction) ပြန်လုပ်တာထက် တာဝန်ခံမှုရှိတဲ့တုန့်ပြန်မှု (Response)လုပ်နိုင်ရမယ်ဆိုတဲ့ သင်ဆရာမြင်ဆရာတွေရဲ့ သွန်သင်မှုကို ပြန်ဆင်ခြင်ရင်းပေါ့။

အဲဒီ သွန်သင်ချက်ကို သဘောကျလို့ ဘဝတစ်လျှောက်လုံး အတတ်နိုင်ဆုံးလက်ကိုင်ပြုမယ်လို့လည်း ဆုံးဖြတ် ထား ပါတယ်။

လူတိုင်းအတွက် သက်ရောက်မှု(Action)ဆိုတာ ဘက်ပေါင်းစုံကနေ အချိန်မရွေးရောက်လာနိုင်တဲ့ အရာဖြစ်သလို အဲဒီအပေါ်မှာလည်း ထိန်းချုပ်လို့မရနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် အပြင်ကလာတဲ့ တွန်းအားတစ်ရပ် ဖြစ်နေတာ ကြောင့်ပါ။

ဒါပေမယ့် အဲဒီအပေါ်မှာ ကိုယ့်ဘက်က အလိုအလျောက် တန်ပြန်သက်ရောက်မှု(Reaction)လုပ်မလား၊ တာဝန်ခံ မှုရှိတဲ့တုန့်ပြန်မှု(Response)ဆိုတာက ကိုယ့်ရဲ့ရွေးချယ်မှု၊ ကိုယ့်တာဝန်ဖြစ်သွားပါပြီ။ ဒါက အတွင်းကလာတဲ့ တွန်းအားတစ်ရပ်အဖြစ် တာဝန်ခံမှုရှိတဲ့တုန့်ပြန်မှု(Response) လုပ်နိုင်လေ အကျိုးရှိလေပါပဲ။

အခုလည်း ကျွန်တော်အတတ်နိုင်ဆုံး Response လုပ်ဖို့ပဲ စဉ်းစားထားပါတယ်။

တတိယမေးခွန်းကတော့

“ဦးဝှေ့တင်းအနေဖြင့် ခူမီးလူငယ်များအသင်းအနေနဲ့ လူငယ်များကိုစည်းရုံးပြီး မြန်မာ့တပ်မတော်နှင့် ပူးပေါင်းပြီး ပြည်သူ့စစ်သင်တန်းပေးမှု ရှိ/မရှိ” ဖြစ်ပါတယ်။

ကျွန်တော်က လုံးဝမရှိကြောင်း ဖြေကြားလိုက်ပါတယ်။ တကယ်လည်း ဘယ်နည်းနဲ့မှ မဖြစ်နိုင်တဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ ကျွန်တော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)ပါတီဝင် လွှတ်တော်ကိုယ်စား လှယ်။ လတ်တလောနိုင်ငံရေးအခင်းအကျင်းအရ တပ်မတော်အစုအဖွဲ့နဲ့ ‌စေ့စပ်ညှိနှိုင်းနေရတဲ့အဆင့်။

ဒါပေမယ့် အခုသူတို့က အဲဒါကိုပဲ အမှုတည်ဆောက်ဖို့ မဖြစ်နိုင်တဲ့အကြောင်းပြချက်အဖြစ် ဆွဲထုတ်လာချေပြီ။

သတင်းအတိအကျရရှိပြီးဖြစ်လို့ အတည်ပြုချက်ယူဖို့အတွက် ထပ်မေးမြန်းခြင်းသာဖြစ်ကြောင်း၊ အဲဒါကြောင့် အမှန်အတိုင်းဝန်ခံပါလို့ပြောပါတယ်။

ကျွန်တော့်အဖြေက…

“အမှန်ကိုအမှန်အတိုင်း ပြောခြင်းသာဖြစ်ပါတယ်၊ လိမ်ညာဖြေကြားလိုခြင်းလည်း အလျဉ်းမရှိပါ…”

ဒီတစ်ကြိမ်လည်း သူတို့နှစ်ယောက်စလုံး တော်တော်စိတ်ဆိုးသွားဟန်ရှိပြီး အမှန်မဖြေဘူးဆိုရင် ကျွန်တော့်အသက်လုံခြုံမှုကို အာမ,မခံနိုင်ကြောင်း ခြိမ်းခြောက်ပြောဆိုပါတယ်။ အမှန်တကယ်ဒေါသထွက်နေတာမျိုးမဟုတ် ဘဲ ဟန်ဆောင်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ကျွန်တော်မည်သို့မျှ ပြန်မပြောပါ။

ကိုယ့်ဘက်ကမှန်နေသရွေ့ သေချင်သေသွားပါစေ၊ သေသွားလည်း မြင့်မြတ်တယ်… ဆိုတဲ့စိတ်နဲ့ စိတ်မလှုပ်ရှားအောင် ကိုယ့်ကိုယ်ကိုယ်ထိန်းထားခဲ့ပါတယ်။

နောက်ထပ်မေးခွန်းတွေကတော့ ပလက်ဝမြို့အရှေ့ဘက်ကမ်း ပလက်ချောင်း၀အနီးတည်ထားတဲ့ အောင်စေတီ ရင်ပြင်ပေါ် ရခိုင်အလံလွင့်ထူတာကို ဦးဝှေ့တင်းက ကန့်ကွက်ခဲ့တယ်ဆိုတာ ဟုတ်သလား။

ပြီးတော့ ပလက်ဝမြို့ ကိုးနဝင်းစေတီက ဘုရားဆင်းတုငယ်တွေရိုက်ခွဲတဲ့ ခူမီးကျောင်းသားလူငယ်တွေကို ဦးဝှေ့ တင်းက ‌မြှောက်ပေးခဲ့တယ်။ အဲဒါကြောင့် ဦးဝှေ့တင်းက ပလက်ဝမြို့နယ်အတွင်း ဘာသာရေးပဋိပက္ခ ဖြစ်အောင် ဖန်တီးတယ်။

ကျွန်တော်က ကိုယ်တိုင်ဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်သူ တစ်ယောက်ဖြစ်တယ်။ ဘာသာရေးနဲ့ ပတ်သတ်ရင်  ဗုဒ္ဓဘာသာကိုမပြောနဲ့ အခြားဘာသာကိုလည်း ရှုတ်ချလိုတဲ့ဆန္ဒမရှိ။ ကျွန်တော့်အနေနဲ့ ဘာသာရေးပဋိပက္ခ ဖန်တီးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါလို့ ပြန်ဖြေကြားခဲ့ပါတယ်။

“ဦးအာဗေလှ(ဆီးဖလောင်းရွာသား)ကို သိလား…”

“သိပါတယ်…”

“သူဘာလုပ်သလဲ…”

“ဦးအာဗေလှက ကျောင်းဆရာတစ်ဦးပါ။ အခု တမန်းသားရွာမှာ မူလတန်းကျောင်းအုပ် လုပ်နေပါတယ်…”

(ဦးဝှေ့တင်းလွတ်မလာခင် ရက်ပိုင်းအလိုမှာ ဦးအာဗေလတစ်ယောက် အမည်မသိလူတစ်စုရဲ့ သတ်ဖြတ်ခြင်း ခံရပါတယ်။ နောက်ပိုင်းသိရချက်)

“သန်းကျော်အောင်ကို သိသလား…”

“သိပါတယ်… သူက မြို့မရပ်ကွက် သင်္ဘောဆိပ်နားမှာ နေပါတယ်…”

(ဦးဝှေ့တင်းကို ဖမ်းဆီးထားစဉ် ဦးသန်းကျော်အောင်ကို အေအေကဝင်ဖမ်းတော့ သီသီကလေး လွတ်မြောက်သွားခဲ့ပါတယ်။ နောက်ပိုင်းသိရချက်)

နောက်တော့ ရှင်းလက်ဝအောက်ရွာက ဦးကျော်မြင့်ဦးနဲ့ ဦးအိုက်နင်း၊ ရှင်းလက်ဝအထက်ရွာမှာ ဈေးဆိုင်ရောင်း နေတဲ့ ခူမီးအမျိုးသားတစ်ဦး(အမည်မမှတ်မိ)၊ ကာရမိတ်ရွာက အထွေထွေလုပ်သားဦးကျော်လှနဲ့ ကုန်ပြင်အုပ်စု အုပ်ချုပ်ရေးမှုး ဦးဝှေ့စိုး တို့ကိုမေးပါတယ်။

သူတို့ကို ကျွန်တော်မသိတဲ့အတွက် မသိကြောင်းဖြေလိုက်ပါတယ်။

မိနစ် ၄၀ ခန့်ကြာတဲ့ စစ်ကြောမေးမြန်းမှုအပြီးမှာ ကျွန်တော်နေမယ့် တဲဆီပြန်ပို့ပါတယ်။

တဲပြန်ရောက်တာနဲ့ ထုံးစံအတိုင်း သံခြေချင်းခတ်၊ ထိပ်တုံးခတ်ပါတယ်။ မေးမြန်းစဉ်က အထိုးခံရတဲ့ ရင်ညွန့် နေရာမှာ အောင့်နေပြီး အသက်ရှူရ နည်းနည်းကြပ်နေပါတယ်။

ဒါပေမယ့် စိတ်သက်ရာတစ်ခုရသွားလို့ အရင်ရက်တွေကထက် ပေါ့ပါးနေသလိုခံစားရပါတယ်။ အဲဒီရင်ညွန့်နေရာ ကအောင့်နေတာ၊ အသက်ရှူရကြပ်နေတာထက် အရေးကြီးတဲ့အချက်ကို တွေးမိ၊ အဖြေထွက်မိ သွားလို့ပါ။

ရင်နာစိတ်မကောင်းဖြစ်ရသလို တစ်ဖက်ကလည်း ကိုယ့်ရဲ့အခြေအနေကို ရှင်းရှင်းလင်းလင်းသိရတဲ့အတွက် စိတ်သက်သာရာ ရသွားပါတယ်။

ဒီနေ့မေးမြန်းတဲ့ မေးခွန်းတွေကို ဆက်စပ်ကြည့်လိုက်တော့ စ,ဖမ်းဆီးစဉ်ကယူဆခဲ့တဲ့ ကျွန်တော့်ထင်မြင်ချက်က အလွဲကြီးလွဲနေတယ်ဆိုတာ လုံးဝသေချာသွားခဲ့ပါတယ်။

စ,ဖမ်းတုန်းက ရည်ရွယ်ချက်မရှိဘဲ မတော်တဆလို့ ထင်ခဲ့တာပါ၊ နောက်တော့ တမင်ရည်ရွယ်ချက်ရှိလေမလား သံသယဝင်မိတယ်၊ အဲဒီသံသယကိုလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေဖျောက်လိုက်တယ်။

ဒါပေမယ့် အခုတော့ လုံးဝသေချာသွားပါပြီ။ တမင်ကြံရွယ်ချက်နဲ့ ဖမ်းခဲ့တယ် ဆိုတာ။

ဘာ့ကြောင့်လဲ။

စောစောကမေးတဲ့ မေးခွန်းကိုကြည့်ရင် အမှုတည်ဆောက်ပုံပေါ်လွင်နေပါတယ်။

ပထမတစ်ချက်က အစိုးရသတင်းပေးပေါ့။ ရခိုင့်တော်လှန်ရေး ရည်မှန်းချက်ကို ပျက်ပြားအောင်လုပ်တဲ့သူပေါ့။ ခူမီးလူငယ်တွေကို စုစည်းပြီး အစိုးရရဲ့အကူအညီနဲ့ တန်ပြန်တော်လှန်ရေးလုပ်မယ့်သူပေါ့။

ဒါပေမယ့် ဒါနဲ့ လုံလောက်ဟန်မတူဘူး။

ဆိုတော့ ချင်း/ခူမီး(ခရစ်ယာန်)နဲ့ ရခိုင်(ဗုဒ္ဓဘာသာ)ကြား ဘာသာရေးပဋိပက္ခ ဖန်တီးတယ်ပေါ့။ ခူမီးလူငယ်တွေကို မြှောက်ပေးပြီး ကိုးနဝင်းစေတီပေါ်က ဘုရားဆင်းတုရုပ်ပွားငယ်တွေကို ရိုက်ခွဲဖျက်ဆီးစေတယ်ပေါ့။ ဒီတော့ အမှုတွဲက အတော်အတန်ခိုင်မာသွားပြီ ဖြစ်ပါတယ်။

ဒါတောင်မှ ကျွန်တော်ကတော့ အခုထိလွန်ကဲတဲ့ စိုးရိမ်စိတ်တွေ မဖြစ်ပေါ်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုရင် သူတို့ စွပ်စွဲချက်တွေကို ကျွန်တော် ဘာတစ်ခုမှ မကျူးလွန်ထားလို့ပါပဲ။

ဒါပေမယ့် ဖြန့်ထွက်တွေးလိုက်တဲ့အခါ အတော်စိုးရိမ်ရမယ့် အချက်တစ်ခုပေါ်လာပါတယ်။ အဲဒါက ကျွန်တော့် အမှုတွဲအတွက် သတင်းတည်ဆောက်တဲ့အခါ ဘယ်အပေါ်အခြေခံပြီး တည်ဆောက်မလဲဆိုတဲ့အပါ် ဆက်စပ် မိတာပါ။

သေချာတာက ပလက်ဝမြို့ပေါ်က အေအေအာမခံတွေရဲ့ သတင်းအပေါ် အခြေခံရမှာပါပဲ။

ပွင့်ပွင့်လင်းလင်း ပြောရရင် ပလက်ဝဒေသ/မြို့မှာ ချင်းလူမှုအသိုက်အဝန်းနဲ့ ရခိုင်လူမှုအသိုက်အဝန်းကြား တငွေ့ငွေ့လောင်မြိုက်နေတဲ့ မီးလိုမျိုး ပဋိပက္ခက လွန်ခဲ့တဲ့နှစ်တွေ တော်တော်များများ(ကျွန်တော်မမွေးသေးခင်)က တည်းက ရှိနှင့်ခဲ့ပါတယ်။

အပြင်ဘက်မှာ ခူမီးနဲ့ရခိုင်ဆိုတာ ပလက်ဝဒေသမှာ ရေလိုငါးလို အတူနေလာကြတာလို့ ပါးစပ်ကနေ ဘယ်လောက်ပြောပြော ပကတိအခြေအနေက အဲလိုအခြေအနေ မဟုတ်ပါဘူး။

အဲဒီလိုဖြစ်တာကလည်း ၁၉၄၇ တုန်းက လွတ်လပ်တဲ့မြန်မာနိုင်ငံမှာ ရခိုင်မြောက်ပိုင်းတောင်တန်းခရိုင်လို့ ခေါ် တွင်တဲ့ ပလက်ဝနယ်ဟာ ချင်းတောင်တန်းခရိုင်နဲ့ ပူးပေါင်းမလား၊ ဒါမှမဟုတ် ဗမာပြည်မနဲ့ ပူးပေါင်းမလားဆိုတဲ့ တောင်တန်းဒေသစုံစမ်းရေးကော်မရှင်ရဲ့မေးခွန်းကို ပလက်ဝကိုယ်စားလှယ်တွေ ထွက်ဆိုဖြေကြားခဲ့တာနဲ့ သက် ဆိုင်ပါလိမ့်မယ်။

အဲဒီတုန်းက ပလက်ဝကိုယ်စားလှယ်တွေထဲက ရခိုင်လူမျိုးတွေက ဗမာပြည်မနဲ့ပူးပေါင်းမယ်လို့ သဘောထားပေး ခဲ့ပေမယ့် လူဦးရေပိုများတဲ့ ချင်းကိုယ်စားလှယ်တွေက ချင်းတောင်တန်းခရိုင်နဲ့ ပူးပေါင်းမယ်လို့ သဘောထားပေး ထွက်ဆိုခဲ့အတွက် ပလက်ဝဟာ ကိုလိုနီခေတ် သီးခြားနယ်မြေအဖြစ်ရပ်တည်လာရာကနေ ချင်းဝိသေသတိုင်းရဲ့ နယ်မြေအစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့တာပါ။

တစ်ဖက်က ရခိုင်တွေအနေနဲ့ ပလက်ဝနယ်ဟာ ရခိုင်ဘုရင့်နိုင်ငံတော်ရဲ့ နယ်မြေအစိတ်အပိုင်းတစ်ခုအဖြစ် ရခိုင် ရာဇဝင်တွေ၊ သမိုင်းရေးသားချက်တွေမှာ ဖွင့်ဆိုထားချက်တွေအတိုင်း ရခိုင်ပြည်နယ်ရဲ့ နယ်မြေအစိတ်အပိုင်း တစ်ခုအဖြစ် ပြန်လည်ရယူချင်တဲ့ဆန္ဒ ပြည့်ဝမလာခဲ့ပါဘူး။

(ယခုရခိုင်ပြည်နယ်ကို ထိုစဉ်က ရခိုင်ကမ်းမြောင်ဒေသ/ ရခိုင်တိုင်းလို့ ခေါ်တွင်ခဲ့ပြီး ဗမာပြည်မရဲ့ နယ်မြေအစိတ် အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ပလက်ဝကိုယ်စားလှယ်တွေအနေနဲ့ ဗမာပြည်မနဲ့ ပူးပေါင်းမယ်လို့ သဘောထား ထွက်ဆိုချက် ပေးခဲ့မယ်ဆိုရင် ပလက်ဝနယ်ဟာ ရခိုင်တိုင်းရဲ့ နယ်မြေအစိတ်အပိုင်းတစ်ခုအဖြစ် ရှိလာခဲ့မှာ ဖြစ်ပါ တယ်။)

ဒါဟာ တစ်ခြားလူမှုစီးပွားအကြောင်းအရာတွေ ရှိကောင်းရှိနိုင်ပေမယ့် ပလက်ဝနယ်မှာ ချင်းနဲ့ရခိုင်ကြား တငွေ့ ငွေ့ဖြစ်နေတဲ့ ဖွဲမီးရဲ့ မြစ်ဖျားခံရာတစ်ခု ဖြစ်ပါတယ်။

ဒီတော့ အဖြေကရှင်းနေပါပြီ။ ပလက်ဝဒေသခံ အေအေအာမခံတွေပေးတဲ့ ကျွန်တော့်သတင်းတွေက ဘယ်လိုမှ ကောင်းနိုင်စရာ အကြောင်းမရှိပါဘူး။

ကျွန်တော့်ကို၊ တစ်နည်း ရွေးကောက်ခံအမတ်တစ်ဦးကို ဖမ်းဆီးရခြင်းရဲ့ ခိုင်မာတဲ့အမှုတွဲတစ်ရပ် ဖန်တီးဖို့အတွက် လိုအပ်တဲ့သတင်းတည်ဆောက်ဖို့ အခုစွပ်စွဲချက်အပြင် နောက်ထပ်စွပ်စွဲချက်တွေအဖြစ် ဘာတွေများ လာလေ ဦးမလဲဆိုတာ စောင့်နေလိုက်ရုံပါပဲ။

မတူကွဲပြားတဲ့ လူ့မှုအသိုက်အဝန်းနှစ်ခုအကြား အတူယှဉ်တွဲနေထိုင်တတ်တဲ့ အလေ့အထမရှိခဲ့လေတော့ ထွက်လာတဲ့ အသီးအပွင့်တွေက ခါးလိုက်တာ။ ဒီလိုတွေးလိုက်တဲ့ တဒင်္ဂမှာ ကျွန်တော်အေအေကို အပြစ်မတင်ချင်ပါ။ အေအေအာမခံတွေကိုလည်း စိတ်မမြတ်မိပါ။

လူမှုအသိုက်အဝန်းတွေရဲ့ သဟဇာတဖြစ်ထွန်းမှုတန်ဖိုးတွေကို သမိုင်းတစ်လျှောက်လုံး ကျင့်သုံးရကောင်းမှန်း မသိခဲ့တဲ့၊ ဥပေက္ခာပြုလာခဲ့တဲ့ လူမှုဝန်းကျင်ကိုပဲ အပြစ်တင်နေမိပါတယ်။

အဲဒီညမှာ အတူနေအကျဉ်းသား အေအေရဲဘော်မောင်ငြိမ်းချမ်းက အပြစ်အနာအဆာမရှိရင် မကြာခင်ပြန်လွတ် လာမှာပါလို့ နှစ်သိမ့်ရှာပါတယ်။

ကိုယ့်ဆင်းရဲဒုက္ခကို ခဏမေ့ပြီး “မောင်ငြိမ်းချမ်းရေ နာမည်ငြိမ်းချမ်းသလောက် မင်းဘဝလည်းမငြိမ်းချမ်းပါ လား…”လို့ သူ့မျက်နှာကြည့်ပြီး စိတ်ထဲက ပြောနေမိတယ်။

ဘယ်လိုပဲ ဖြစ်နေဖြစ်နေ ကျွန်တော်လုပ်နိုင်တာ တစ်ခုကျန်ပါသေးတယ်။ အဲဒါက နေ့စဉ်မှတ်တမ်း ရေးခြင်းပါပဲ။

 

သံခြေချင်းတန်းလန်းနဲ့ ထိတ်တုန်းခတ်ခံထားရပေမယ့် နေ့စဉ်မှတ်တမ်းကိုတော့ အတတ်နိုင်ဆုံးရေးဖို့ ဆုံးဖြတ် လိုက်ပါတယ်။

*********

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်။

ဒီနေ့ဆိုကျွန်တော် အေအေလက်ထဲရောက်တာ ၁၀ ရက်တင်းတင်းပြည့်ပါပြီ။

ဘယ်နေ့လွတ်နိုင်မလဲဆိုတဲ့ စိတ်ကူးယဉ်မှုတွေ မရှိတော့ပါဘူး။

ဒီထဲမှာ ရှိနေသမျှ နေ့စဉ်မှတ်တမ်းရေးရင်း တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးစေမယ်လို့ ကိုယ့်ကိုယ်ကိုယ် တာဝန်လိုလိုပေးလိုက်တဲ့အခါ တော်တော်လေး နေသာထိုင်သာရှိသွား ပါတယ်။ စိတ်ယောက်ယက်ခပ်မှုတွေလည်း လွင့်စဉ် သွားပါတယ်။

အခက်အခဲကတော့ စာရွက်နဲ့ဘောလ်ပန်ပါ။ အကျဉ်းကျရဲဘော်တွေသောက်တဲ့ ငှက်သိုက်တံဆိပ် ဖက်ကြမ်း ဆေးပေါ့လိပ်အိတ်ထဲက အမှတ်တံဆိပ်ကျောဘက် စာမျက်နှာအလွတ်တွေဟာ ကျွန်တော့အတွက် စာရွက်ဖြစ် လာခဲ့ပါတယ်။

ရဲဘော်များဆီက လျှို့ဝှက်တောင်းလာတဲ့ ဘောလ်ပန်တွေက ကျွန်တော့်လက်နက်တွေပေါ့။

ဒီရက်တွေက ထွေထွေထူးထူး ဖြစ်ရပ်တွေမရှိပါ။ ကျွန်တော်ကိုယ်တိုင်လည်း ကိုယ့်တာဝန်နဲ့ကိုယ် လုံးပန်း နေရတယ်ဆိုတော့ ထိပ်တုံးခတ်ခံရတာတောင် သူ့နည်းသူ့ဟန်နဲ့ အလုပ်ရှုပ်နေပါတယ်။

ခတ်တာက ဆေးလိပ်နံ့ မခံနိုင်တာပါ။ ကျွန်တော်က ဆေးလိပ်မသောက်တတ်။ အကျဉ်းကျရဲဘော်တွေက ကြိုက် မှကြိုက်။ မတတ်နိုင်ပါ။

လူဆိုတာ တစ်နေ့တာအတွင်း ဥစ္စာရရင်ရ၊ မဟုတ်ရင် ပညာရရင်ရ၊ ဒါမှမဟုတ်လည်း ကုသိုလ်ရ ရမယ်ပေါ့။ လူကြီးသူမတွေဆုံးမတာ ကြားဖူးမှတ်သားဖူးပါတယ်။ အခုကျွန်တော်ဖြတ်သန်းရတဲ့နေ့တွေက တစ်ရက်ပြီးတစ်ရက်သာ ကုန်သွားတယ်။ ရစရာကုသိုလ်၊ပညာ ဘာများရှိမှာပါလိမ့်၊ ကျွန်တော်မတွေးတတ်ခဲ့။

*********

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်။

ဒီနေ့က အေအေလက်ထဲရောက်နေတာ ၁၁ ရက်မြောက်နေ့ပါ။

ဒီနေ့က ဒီကာလအတွင်းမင်္ဂလာရှိတဲ့ နေ့တစ်နေ့လို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ သတ်မှတ်လိုက်ပါတယ်။

ကျွန်တော့်အတွက်ဆိုပြီး ပေါင်မုန့်စို၊ ပန်းသီး၊ ဆီးသီး၊ ပျားလိမ္မော်နဲ့ အခြားအသီးအနှံတွေ နယ်မြေခံစခန်း အကြီး အကဲရဲ့ ကိုယ်ရေးအရာရှိကိုယ်တိုင် လာပို့ပေးပါတယ်။ ကျွန်တော်က …

“အားနာစရာ ကောင်းပါတယ်၊ နောက်မပို့ပါနဲ့…”

“အားနာစရာမလိုဘူး၊ လူကြီးက သီးသန့်ပို့ခိုင်းတာဖြစ်လို့ တစ်ယောက်တည်းပဲစားပါ…”

အတူရှိနေတဲ့ အကျဉ်းကျရဲဘော်တွေကို စည်းကမ်းထိန်းတဲ့အနေနဲ့ မကျွေးစေချင်တဲ့သဘောလို့ ကျွန်တော် ရိပ်မိ ပါတယ်။ ဒါပေမယ့် တစ်ယောက်တည်း မစားရက်ပါ။ အကျဉ်းသားတွေနဲ့ အတူတူမျှစားခဲ့ပါတယ်။

 

အပိုင်း(၈) ဆက်လက်ဖက်ရှုပါရန်

Leave a Reply

Your email address will not be published. Required fields are marked *