မင်းတပ်မြို့ကို အကြမ်းဖက်စစ်ကောင်စီက ထပ်မံ၍ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

မင်းတပ်မြို့ကို အကြမ်းဖက်စစ်ကောင်စီက ထပ်မံ၍ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

မေလ ၁၁ ရက်၊ ၂၀၂၅။

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ထပ်မံ၍ လေကြောင်းဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။

မင်းတပ်မြို့ကို မေလ ၉ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ် ဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ထိခိုက်ဒဏ်ရာရသူ အနည်းငယ်ရှိခဲ့ပြီး အစိုးရအဆောက်အဦနှင့် ပြည်သူနေအိမ် ၁၅ လုံးခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်ကို သိရသည်။

မင်းတပ်မြို့ကို ပြီးခဲ့သည့် မေလ ၇ ရက်နေ့တွင်လည်း အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်သွားခဲ့သည့်အတွက် အရပ်သားပြည်သူ အသက်ဆုံးရှုံးမှုများရှိခဲ့ပြီး အစိုးရအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများ၊ လူနေအိမ်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *