ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

မေလ ၁၂ ရက်၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာရှိ စာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းသူ/သား ၁၉ ဦး နှင့် ဆရာမ ၂ ဦး သေဆုံးသွားကြောင်း ယနေ့ မေလ ၁၂ ရက်နေ့တွင် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ထံမှ သိရသည်။

ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းကျေးရွာတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပညာရေးဝန်ကြီးဌာန လက်အောက်ခံ ကြားကာလပညာရေးကျောင်းကို အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယနေ့မနက် ၉ နာရီ ၃၀ မိနစ် ဝန်းကျင်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကျောင်းသူ/သား ၁၉ ဦး နှင့် ဆရာမ ၂ ဦး သေဆုံးသွားပြီး ထိခိုက်ဒဏ်ရာရရှိသူ ၄၀ ဦးကျော်ရှိကာ အရေးပေါ်ဆေးကုသမှုခံယူနေကြောင်း သိရသည်။

လက်ရှိတွင် ဒေသခံပြည်သူများသည် အကြမ်းဖက်စစ်ကောင်စီမှ ထံမံ၍ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်လာမည်ကို စိုးရိမ်သည့်အတွက် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသသတင်းအရင်းအမြစ်မှ သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *