ချင်းလူငယ် ၇ ဦးကို အမ်းမြို့ရှိ အေအေစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီး

ချင်းလူငယ် ၇ ဦးကို အမ်းမြို့ရှိ အေအေစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီး

မေလ ၁၄ ရက်၊ ၂၀၂၅။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖေသာပြင်ကျေးရွာက ချင်းလူငယ် ၇ ဦးကို အေအေတပ်ဖွဲ့မှ မေလ ၃ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ယနေ့အချိန်ထိ မိသားစုဝင်များနှင့် အဆက်အသွယ် မရရှိကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်မှ သိရသည်။

မင်းပြားမြို့နယ်တွင် အေအေတပ်ဖွဲ့က စစ်သားစုဆောင်းမှု လုပ်ဆောင်နေသောကြောင့် ဖေသာပြင်ကျေးရွာမှ ချင်းလူငယ် ၇ ဦးတို့သည် စစ်သားအဖြစ်စုဆောင်းခံရမည်ကို စိုးရိမ်သည့်အတွက် ပွဲစားထံတွင် ငွေ ကျပ် ၁၅ သိန်းပေးကာ ရန်ကုန်မြို့သို့ သွားနေစဉ် အမ်းမြို့ရှိ အေအေစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးခံရသည့်သူများမှာ မိုင်ပါစော(၁၅ နှစ်)၊ မိုင်ဗွေစော(၁၄ နှစ်)၊ မိုင်သဇင်(၁၅ နှစ်)၊ မိုင်မကြားဦး(၁၅ နှစ်)၊ ဆလိုင်းဦးသန့်(၁၇ နှစ်)၊ မိုင်ဆိုဘောက်(၁၉ နှစ်)၊ ဆလိုင်းဘောက်ဆိုပ်မ်(၁၇ နှစ်) တို့ဖြစ်ကြပြီး လက်ရှိတွင် မိသားစုဝင်များသည် အေအေတပ်ဖွဲ့ထံတွင် သွားရောက်စုံစမ်းသော်လည်း မည်သည့်သတင်းအစနမျှ မရရှိသည့်အပြင် အေအေတပ်ဖွဲ့ဝင်များက မိသားစုဝင်များကို ကြိမ်းမောင်းပြောဆိုမှုများ ပြုလုပ်ကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *