မင်းတပ်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်သည့်အတွက် ကလေးငယ်အပါအဝင် ဒေသခံပြည်သူ ၃ ဦး အသက်သေဆုံး

မင်းတပ်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်သည့်အတွက် ကလေးငယ်အပါအဝင် ဒေသခံပြည်သူ ၃ ဦး အသက်သေဆုံး

မေလ ၁၅ ရက်၊ ၂၀၂၅။

ချင်းပြည်၊ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် – ၁ တွင်ရှိသည့် ကျေးရွာတစ်ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ယနေ့ မေလ ၁၅ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၄၀ ဝန်းကျင်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်မှ သိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် တစ်ဦး၊ အမျိုးသမီး တစ်ဦးနှင့် လူငယ်အမျိုးသား တစ်ဦး စုစုပေါင်း သုံးဦး အသက်သေဆုံးခဲ့ပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိကာ လူနေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီသည် မင်းတပ်မြို့ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြီးခဲ့သည့် မေလ ၇ ရက်နေ့တွင် ၂ ကြိမ် ပြုလုပ်ခဲ့ပြီး အစိုးရအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများ ထိခိုက်ပျက်စီးပြီး၊ အရပ်သားပြည်သူ အသက်ဆုံးရှုံးမှုများရှိခဲ့ကြောင်းနှင့် မေလ ၉ ရက်နေ့တွင်လည်း ၂ ကြိမ် ပြုလုပ်ခဲ့သည့်အတွက် ဒေသခံပြည်သူ ထိခိုက်ဒဏ်ရာရမှုများ အနည်းငယ်ရှိခဲ့ပြီး အစိုးရအဆောက်အဦနှင့် လူနေအိမ် ၁၅ ခုခန့် ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်ကို သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *