မတူပီမြို့နယ်တွင် ဒေသခံပြည်သူများကို MTHD အဖွဲ့က Mobile Visit ဖြင့် ဆေးဝါးကုသမှုပေး

မတူပီမြို့နယ်တွင် ဒေသခံပြည်သူများကို MTHD အဖွဲ့က Mobile Visit ဖြင့် ဆေးဝါးကုသမှုပေး

မေလ ၁၅ ရက်၊ ၂၀၂၅။

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လှသန်းကျေးရွာတွင် ဒေသခံပြည်သူများကို Matupi Township Health Department ( MTHD ) အဖွဲ့က မေလ ၁၀ ရက်နေ့တွင် Mobile Visit ဖြင့် ဆေးဝါးကုသမှုပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Matupi Township Health Department ( MTHD ) အဖွဲ့သည် Mobile Visit ဖြင့် လှသန်းကျေးရွာတွင် နေမကောင်းဖြစ်နေသည့် ကလေးသူငယ် ၂၀ ဦးနှင့် လူကြီး ၄၃ ဦး စုစုပေါင်း ၆၃ ဦးကို ဆေးဝါးကုသမှုပေးခဲ့ပြီး Malaria ရောဂါပိုးစစ်ပေးမှုများလည်း ပြုလုပ်ပေးခဲ့သည့်အပြင် အလှူရှင်များထံမှ ရရှိရထားသည့် ဆေးဝါးများကိုလည်း အခမဲ့ထောက်ပံ့မှုပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် MTHD အဖွဲ့သည် မတူပီမြို့နယ်ရှိ ကျေးရွာများတွင် ဒေသခံပြည်သူများကို ကျန်းမာရေး စောင့်ရှောက်ပေးမှုများ၊ မိခင်နှင့် ကလေး ကာကွယ်ဆေးထုံးနှံပေးခြင်းများနှင့် ကျေးရွာများတွင် တစ်လလျှင် တစ်ကြိမ် ပုံမှန် Mobile Visit သွားခြင်းများ ပြုလုပ်ပေးနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်မှ သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *