ပလက်ဝမြို့နယ်၊ အထက်ဘလိုင်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွား

ပလက်ဝမြို့နယ်၊ အထက်ဘလိုင်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွား

မေလ ၁၆ ရက်၊ ၂၀၂၅။

ချင်းပြည်၊ ပလက်ဝမြို့နယ်၊ အထက်ဘလိုင်ကျေးရွာတွင် ယမန်နေ့ မေလ ၁၅ ရက်နေ့တွင် မတော်တဆ မီးလောင်မှုဖြစ်ပွားပြီး လူနေအိမ် ငါးလုံး မီးလောင်ပြာကျသွားရကြောင်း ဒေသခံများထံမှ သိရသည်။

အထက်ဘလိုင်ကျေးရွာတွင် မေလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် ဦးဆင်လုံးနေအိမ်မှ စတင်၍ ထမင်း၊ ဟင်းချက်ပြုတ်ရာမှ မီးလောင်မှုဖြစ်ပွားသည့်အတွက် အနီးအနားရှိ နေအိမ်များသို့ မီးကူးစက် လောင်ကျွမ်းသွားပြီး နေ့လည် ၁ နာရီဝန်းကျင်တွင် ရွာသားများမှ မီးကိုဝိုင်းဝန်းငြိမ်းသတ်နိုင်ခဲ့သော်လည်း လူနေအိမ် ငါးလုံးမီးလောင်ပြာကျသွားရကြောင်း သိရသည်။

မီးလောင်ပြာကျသွားသည့် နေအိမ်များသည် ဦးဆင်လုံး၊ ဦးလှကျော်ရွှေ၊ ဦးဦးသာလှ၊ ဦးဖာဝင်းနှင့် ဦးကျော်ဝင်းတို့ နေအိမ်များဖြစ်ကြကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *