မင်းတပ်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီက ထပ်မံ၍ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်
မေလ ၁၆ ရက်၊ ၂၀၂၅။
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် ၁ ဘက်တွင်ရှိသည့် ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီက ယနေ့ မေလ ၁၆ ရက်နေ့တွင် ထပ်မံ၍ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ကြောင်း ဒေသခံများထံမှ သိရသည်။
မင်းတပ်မြို့နယ် တိုက်နယ်အမှတ် ၁ နေရာဘက်သို့ ယနေ့ နံနက်ပိုင်း ၉ နာရီ ၃၀ မိနစ် ဝန်းကျင်တွင် ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုများကို အတည်ပြု၍ မရသေးကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းအတွင်း မင်းတပ်မြို့နှင့် မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာနေသည်ကို သိရသည်။
သတင်း – James Roe