မင်းတပ်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီက ထပ်မံ၍ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်
မေလ ၁၇ ရက်၊ ၂၀၂၅။
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် ၁ ရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက်စစ်ကောင်စီက ယနေ့ မေလ ၁၇ ရက်နေ့တွင် လေကြောင်းဖြင့် ထပ်မံ၍ ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများထံမှ သိရသည်။
မင်းတပ်မြို့နယ် တိုက်နယ်အမှတ် ၁ မှ ကျေးရွာတစ်ရွာကို ယနေ့ နေ့လယ် ၁၂ နာရီ ၃၀ မိနစ် ဝန်းကျင်တွင် တံတားဦး လေတပ်မှ ဂျက်ဖိုက်တာတစ်စီးဖြင့် ၄ လုံးတွဲဗုံးသီးဖြင့် ၂ ကြိမ် တိုက်ခိုက်ခဲ့ပြီး အထိအခိုက်အပျက်အစီးရှိပြီး အတည်ပြု၍မရသေးကြောင်း မင်းတပ်ဒေသခံများထံမှ သိရသည်။
မင်းတပ်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီသည် ယခုရက်ပိုင်းတွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်ကို သိရသည်။
သတင်း – James Roe