စစ်ကောင်စီတပ်သားတစ်ဦး CDF-Hakha ထံအလင်းဝင်
မေလ ၁၈ ရက်၊ ၂၀၂၅။
ချင်းပြည်၊ ဟားခါးမြို့၊ ဟားခါး – ထန်တလန် ကြားတွင်ရှိသည့် Keivangzuan စခန်းမှ စစ်ကောင်စီ တပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့် မေလ ၁၄ ရက်နေ့တွင် CDF – Hakha ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း ကန့်ဘလူဇာတိ အသက် ၃၂ နှစ်အရွယ် စစ်ကောင်စီတပ်သား ကျော်ရဲအောင်သည် MA သေနတ် တစ်လက်၊ ကျည် ၂၂၀ ၊ အီနာဂါ ၄ လုံးနှင့် လက်ပစ်ဗုံး ၃ ခု ယူဆောင်လာကာ အလင်းဝင်ရောက်လာခြင်းဖြစ်ပြီး CDF – Hakha က ဆုကြေးငွေများ ချီးမြှင့်ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
သတင်း – James Roe