ချင်းတောင်ဘက်သို့ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကား ၁၅ စီး တက်လာ

ချင်းတောင်ဘက်သို့ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကား ၁၅ စီး တက်လာ

မေလ ၁၉ ရက်၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းတောင်ဘက်သို့ အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ကား ၁၅ စီးဖြင့် ယနေ့ မေလ ၁၉ ရက်နေ့ နံနက် ၄ နာရီဝန်းကျင် အချိန်မှစ၍ စစ်ကြောင်းချီတက်သွားကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်မှ သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်အင်အား ခန့်မှန်း ၂၀၀ ဝန်းကျင်ရှိသည့် စစ်ကား ၁၅ စီးသည် ကလေး-သိုင်းငင်း လမ်းအတိုင်း ဦးတည်၍ သွားနေသလို တောင်ရိုးအတိုင်း ခြေလျင်ဖြင့် ချီတက်သူများလည်းရှိပြီး လက်ရှိတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

ကလေး – သိုင်းငင်း – တီးတိန်လမ်း အသုံးပြုသွားလာနေကြသည့် ပြည်သူများအား သတိထားကြရန် လှန်ရေးတပ်ဖွဲ့က အသိပေးထားပြီး လေယာဉ်များလည်း ပျံထဲနေကာ ဝေဟင်မှ စစ်ကြောင်းကို ကင်းလှည့်ပေးခြင်းမျိုးဖြစ်နိုင်ကြောင်းနှင့် လက်ရှိတွင် ကလေး-တီးတိန် လမ်းမတလျှောက်တွင် ဗုံးကြဲခြင်း မရှိသေးကြောင်း စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *