ငဖဲမြို့နယ်တွင် လွတ်လပ်စွာ ပညာသင်ကြားခြင်းပြုလုပ်ကြရန် CDF – Asho က ထုတ်ပြန်

ငဖဲမြို့နယ်တွင် လွတ်လပ်စွာ ပညာသင်ကြားခြင်းပြုလုပ်ကြရန် CDF – Asho က ထုတ်ပြန်

မေလ ၁၉ ရက်၊ ၂၀၂၅။

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ တောင်ပေါ်ဒေသနှင့် မြေပြန့်ဒေသ ကျေးရွာများရှိ အခြေခံပညာရေး ကျောင်းများတွင် ကျောင်းဆရာ/ဆရာများနှင့် ကလေးသူငယ်များအား လွတ်လပ်စွာပညာသင်ကြားခြင်း ပြုလုပ်ကြရန် ယနေ့ မေလ ၁၉ ရက်နေ့တွင် CDF – Asho က ထုတ်ပြန်ထားသည်ကို သိရသည်။

CDF – Asho စစ်ရေးလှုပ်ရှားသည့်နယ်မြေတွင် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်သည့် ကျောင်းဆရာ/ ဆရာမများကို ခြိမ်းခြောက်ခြင်း၊ နှောက်ယှက်ဟန့်တားခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် ပညာသင်ကြားမှု ကျောင်းကိစ္စများတွင် ဝင်ရောက်စွက်ဖက်မှု လုံးဝ(လုံးဝ) ပြုလုပ်မည်မဟုတ်ဘဲ ထိုကဲ့သို့ ပြုလုပ်သူ မည်သူမဆို CDF – Asho က တားမြစ်အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

CDF – Asho က အခြေခံပညာအဆင့် ပညာရေးဝန်ထမ်းတွေအနေဖြင့် ကျောင်းနေအရွယ် ကလေးသူငယ်များအား စေတနာ၊ ဝါသနာ၊ အနစ်နာ (၃) ချက်ကို ခံယူအလေးထား၍ လွတ်လပ်စွာ သင်ကြားမှုပြုလုပ်ရန် မေတ္တာရပ်ခံထားသည်ကို သိရသည်။

CDF – Asho အနေဖြင့် စစ်ရေးနှင့် စစ်ဘက်ဆိုင်ရာပစ်မှတ်များကိုသာ အဓိက ဦးတည်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ စစ်ဘက်ဆိုင်ရာယဉ်ကျေးမှုအရ စစ်ဘက်ဆိုင်ရာတန်ဖိုးထားမှုတွင် ချင်းလူမျိုးနှင့် ပြည်သူလူထုအပေါ် သစ္စာစောင့်သိခြင်း၊ ဂုဏ်သိက္ခာရှိခြင်း၊ ရဲရင့်မှုရှိခြင်း၊ ရိုးသားမှုရှိခြင်းအပေါ် အခြေခံလျက် စစ်သည်တော်ကျင့်ဝတ်များနှင့်အတူ နိုင်ငံတကာစစ်ဘက်ဆိုင်ရာ ဥပဒေများကို လေးစားလိုက်နာလျက်ရှိကြောင်း ထုတ်ပြန်ထားသည်ကို သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *