တီးတိန်မြို့နယ်တွင် အခြေခံလူထုဖွံ့ဖြိုးရေးသင်တန်း ပြုလုပ်

တီးတိန်မြို့နယ်တွင် အခြေခံလူထုဖွံ့ဖြိုးရေးသင်တန်း ပြုလုပ်

မေလ ၁၉ ရက်၊ ၂၀၂၅။

ချင်းပြည်၊ တီးတိန်မြို့နယ် တစ်နေရာတွင် အခြေခံလူထုဖွံ့ဖြိုးရေသင်တန်း Network for Chin Community Development (NCCD)က မေလ ၁၃ရက်နေ့ မှ ၁၇ ရက်နေ့အထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် လူထုအခြေပြုဖွံ့ဖြိုးရေးအကြောင်း၊ နိုင်ငံရေး၊ လူမူရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်၊ ဖက်ဒရယ်၊ ကွန်ဖက်ဒရယ်၊ ဒီမိုကရေစီ ၊လူ့အခွင့်အရေး၊ မြေယာဥပဒေ၊ မြေလွတ် မြေလပ်မြေရိုင်း ဥပဒေအကြောင်း၊ FPIC အကြောင်း၊ စိတ်ပိုင်းဆိုင်ရာ ကနဦးကုသစောင့်ရှောက်ခြင်း၊ NCCD ၏ ဖွံ့ ဖြိုးရေးမူ ၃ ချက်၊ မြန်မာနိုင်ငံတောင်သူလယ်သမားအကြောင်းတို့ကို သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

ချင်းလူထုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ (NCCD) အဖွဲ့မှ တက်ရောက်လာသည့် သင်တန်းသား၃၅ ဦးကျော်ကို အောင်လက်မှတ်ပေးအပ်ခဲ့ပြီး တီးတိန်မြို့နယ်၊ ဇိမ်သဲကျေးရွာတွင် နှစ်ရွာစုပေါင်း၍ ကွန်ယက်စီမံကိန်းကိုလည်း စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ချင်းလူထုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ (NCCD)သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ဖလမ်းမြို့နယ်ရှိကျေးရွာ ငါးရွာ၊ မင်းတပ်မြို့နယ်ရှိ ကျေးရွာလေးရွာနှင့် ထန်တလန်မြို့နယ်ရှိ ကျေးရွာသုံးရွာ စုစုပေါင်း ကျေးရွာ ၁၂ ရွာရှိ စစ်ဘေးရှောင်ပြည်သူများအား ဆန်၊ ဆီ၊ ဆား စသည် အခြေခံစားသောက်ကုန်များကို ထောက်ပံ့မှုပေးခဲ့ကြောင်း သိရသည်။

NCCD အဖွဲ့သည် ၁၉၉၅ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ချင်းပြည်အတွင်း လူထုဖွံ့ဖြိုးရေးကို လုပ်ဆောင်နေသည့် အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *