တွန်းဇံမြို့ကို အကြမ်းဖက်စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်
မေလ ၁၉ ရက်၊ ၂၀၂၅။
ချင်းပြည်နယ်၊ တွန်းဇံမြို့ပေါ်ကို အကြမ်းဖက်စစ်ကောင်စီက ယနေ့ မေလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီ ဝန်းကျင်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်သောကြောင့် ဒေသခံပြည်သူတစ်ဦး ဒဏ်ရာရရှိပြီး အဆောက်အဦးတချို့ထိခိုက်ပျက်စီးကြောင်း ဒေသခံများထံမှ သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် တွန်းဇံမြို့ပေါ်ရှိ KhuaVung LeiSang ရပ်ကွက် စီမံကိန်းရုံးကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး အသက် ၅၀ အရွယ် ဦးပြည်ကျော်ဆိုသူမှာ ခြေထောက်တွင် ဗုံးစထိမှန်ဒဏ်ရရှိပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။
သတင်း – James Roe