ကာကီစစ်ရှောင်စခန်းတွင် လေပြင်းတိုက်ခက်၍ လူနေအိမ်တစ်လုံး ပျက်စီး

ကာကီစစ်ရှောင်စခန်းတွင် လေပြင်းတိုက်ခက်၍ လူနေအိမ်တစ်လုံး ပျက်စီး

မေလ ၂၀ ရက်၊ ၂၀၂၅။

မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် ကာကီကျေးရွာတွင် လေပြင်းတိုက်ခတ်သောကြောင့် စစ်ရှောင်နေအိမ် တစ်အိမ်အပေါ်သို့ သစ်ပင် တစ်ပင်ပိကျ၍ နေအိမ် ပြိုကျပျက်စီးသွားကြောင်း စစ်ရှောင်ပြည်သူများထံမှ သိရသည်။

ကာကီစစ်ကျေးရွာတွင် ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့ ည ၈ နာရီ ဝန်းကျင်တွင် လေပြင်းတိုက်ခက်သည့်အတွက် သစ်ပင်တစ်ပင်ပြိုလဲကာ အသက် ၇၀ ကျော် အရွယ်ရှိ ဒေါ်အာလဲ့၏ နေအိမ်မှာ ပျက်စီးသွားပြီး လူအထိအခိုက်မရှိကြောင်း စစ်ရှောင်တာဝန်ခံထံမှ သိရသည်။

“အဲဒီညက‌ လေတွေတအားတိုက်တော့ အသက် ၇၀ ကျော် အရွယ်ရှိတဲ့ အဖွားအိမ်ကို သစ်ပင်တစ်ပင်လုံး ပိကျသွားတာ။ အိမ်ကဘာတစ်ခုမှ ရစရာရှိဘူး။ တော်သေးတာပေါ့ အဖွားက အပြင်ဘက်မှာရောက်နေလို့ ဘာမှမဖြစ်တာ။ သူ့အိမ်ကို စစ်ရှောင်တွေအားလုံးဝိုင်းဝန်းပြီး ၁၇ ရက်နေ့မှာ ပြန်ဆောက်ပေးခဲ့တယ်။ ပျက်စီးဆုံးရှုံးသွားတဲ့ အသုံးအဆောင်ပစ္စည်းတွေကတော့ ဒီလိုပဲ ဝိုင်းဝန်းစုပြီး ကူညီကြတယ်…” ဟု စစ်ရှောင်တာဝန်ရှိသူတစ်ဦးက ခူမီးမီဒီယာကို ပြောသည်။

ကာကီစစ်ရှောင်စခန်းတွင် ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင် အိမ်ထောင်စု ၁၃၅ စုရှိပြီး လူဦးရေ ၆၀၀ ဝန်းကျင်က စစ်ဘေးရှောင်လျက်ရှိကြောင်း သိရသည်။

သတင်း – James Roe

Photo By Salai SangLa
ပုံစာ – ကာကီစစ်ရှောင်စခန်းတွင် သပင်လဲကျ၍ အိမ်တစ်အိမ် ပျက်စီးသွားသည့်ပုံ။

Leave a Reply

Your email address will not be published. Required fields are marked *