ကလေး – သိုင်းငင်း ကားလမ်း ယာယီပိတ်

ကလေး – သိုင်းငင်း ကားလမ်း ယာယီပိတ်

မေလ ၂၀ ရက်၊ ၂၀၂၅။

စစ်ကိုင်းတိုင်း ကလေးမြို့မှ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ ချင်းပြည်နယ်ဘက်သို့ စစ်ကြောင်းထိုးလာသည့်အတွက် ကလေး – သိုင်းငင်း ကားလမ်းကို အတက်အဆင်းအားလုံးယနေ့ မေလ ၂၀ ရက်နေ့တွင် ယာယီပိတ်လိုက်ကြောင်း CDF CDM Siyin က ထုတ်ပြန်သည်ကို သိရသည်။

ကလေး – သိုင်းငင်း ကားလမ်းကို တာဝန်ရှိသူများက ပြန်မဖွင့်မချင်း ပြည်သူများအနေဖြင့် အသုံးမပြုကြရန်နှင့် ယာယီပိတ်ထားသည့်နောက်တွင် ပြဿနာတစ်ခုခုဖြစ်ပါက CDF CDM Siyin အနေဖြင့် တာဝန်ယူမည် မဟုတ်ဘူးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို သိရသည်။အကြမ်းဖက် စစ်ကောင်စီတပ်သည် ယမန်နေ့ မေလ ၁၉ ရက်နေ့တွင် ကလေးမြို့မှ စစ်ကား ၁၅ စီးဖြင့်လည်းကောင်း၊ ခြေလျင်ဖြင့်လည်းကောင်း ချင်းတောင်ဘက်သို့ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ကလေး-သိုင်းငင်းလမ်းမကြီးပေါ်ရှိ ဒေသခံတစ်ချို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *