ကလေးမြို့မှတက်လာသည့် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့များ စတင်ထိတွေ့တိုက်ပွဲဖြစ်

ကလေးမြို့မှတက်လာသည့် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့များ စတင်ထိတွေ့တိုက်ပွဲဖြစ်

မေလ ၂၁ ရက်၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှစစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ယနေ့ မေလ ၂၁ ရက် နံနက် ၈ နာရီဝန်းကျင်တွင် စတင်ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း ဒေသတွင်းစစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့က ကလေးမြို့မှ ကား ၁၅ စီး၊ အင်အား ၂၀၀ ကျော်ရှိ စစ်ကြောင်းချီတက်သွားခြင်းဖြစ်ပြီး ယနေ့တွင် တီးတိန်မြို့နယ်၊ မွာလ်ပီးကျေးရွာအနီး တိုက်ပွဲစတင်ဖြစ်ပွားနေပြီဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီသည် ကလေးဘက်မှ ၁၂၀ မမနှင့် ပစ်ကူပေးမှုများ ပြုလုပ်နေပြီး တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှု အခြေအနေများကို မသိရှိရသေးပေ။

အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာမှုနှင့်အတူ တိုက်ပွဲဖြစ်ပွားလာနိုင်သည့်အတွက်ကြောင့် မွှာလ်ပီး၊ ဗွန်ဆဲန်း၊ ထေဇန် ကျေးရွာသုံးရွာမှ ဒေသခံ ၆၀၀ ခန့်သည် ယခုရက်ပိုင်းအတွင်း ဘေးလွတ်ရာသို့ ကြိုတင်ရှောင်တိန်းနေကြပြီး စစ်ဘေး ရှောင်များအနေဖြင့် အမိုးအကာ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ချင်းတောင်ဘက်သို့ စစ်ကြောင်းထိုးလာသဖြင့် ကလေး-သိုင်းငင်းလမ်းမကြီးကို ၂၀၂၅ ခုနှစ် မေလ ၂၀ ရက် နံနက် ၁၁ နာရီမှစတင်၍ အတက်/အဆင်း အားလုံးကို ယာယီပိတ်ထားပြီး ပြန်မဖွင့် မချင်း အသုံးမပြုကြရန်နှင့် ပိတ်ထားပြီးချိန်နောက်ပိုင်း ပြဿနာတခုမျှ တာဝန်ယူမည်မဟုတ်ကြောင်း CDF Civic Defense Militia – CDM Siyin က ယမန်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *