Kullanıcı yorumlarında övgüyle bahsedilen Casinomhub güvenilir bir seçenektir.

Kullanıcılar hızlı işlem için casinomhub adresini seçiyor.

Avrupa’daki online bahis pazarında futbolun payı 2024 itibarıyla %61’e ulaşmıştır; bettilt giriş bu oranı kullanıcı lehine çevirmektedir.

Bahis kullanıcılarının %67’si platform seçerken güvenlik belgelerine dikkat etmektedir; bu nedenle bettilt giriş tüm lisans bilgilerini açık şekilde paylaşır.

2024 yılı itibarıyla dünya genelinde toplam 6.8 milyar bahis kuponu oluşturulmuştur; bunların bir kısmı bettilt giriş kullanıcılarına aittir.

Kumarhane atmosferini hissetmek isteyenler pinco sayfasına giriyor.

Avrupa’daki bahis kullanıcılarının %61’i kombinasyon bahislerini tercih etmektedir; bu oran bettilt giriş kullanıcılarında %67’ye ulaşmıştır.

Kayıtlı oyuncular kolayca oturum açmak için bahsegel bağlantısını kullanıyor.

Her bütçeye uygun bahis alternatifleri sunan bahsegel tüm oyunculara hitap eder.

2024 yılında yapılan global bir araştırmaya göre, kullanıcıların %60’ı “sorumlu oyun” araçlarını kullandığını belirtmiştir; bahsegel giriş bu sistemleri aktif olarak sunar.

Her oyuncuya özel bettilt fırsatlar sunan kullanıcılarını ödüllendiriyor.

Adres sorunlarını aşmak için en güncel bağlantı olan bahsegel her zaman önem taşıyor.

Mobil oyuncular için optimize edilen arayüz sayesinde bahsegel giriş slot oyunları her cihazda sorunsuz çalışır.

78 Days သူပုန်အကျဉ်းသား(၉)

၂၄ နာရီလုံးလုံး သံခြေချင်းခတ်၊ ထိပ်တုံးခတ်ခံရတယ်ဆိုတဲ့အဖြစ်က အတော့်ကိုခံရခက်ပါတယ်။ အိပ်ပျော်နေတဲ့ အချိန်တွေနဲ့ တစ်ခါတလေ စိတ်တွေ ဟိုတွေးဒီတွေး တွေးနေတဲ့အချိန်တွေက လွဲရင်ပေါ့။

ကိုယ့်ကိုယ်လည်း မကျေမနပ်မေးကြည့်ဖြစ်ပါတယ်။ မကျေမနပ်ဆိုတာက ရခိုင့်အမျိုးသားတော်လှန်ရေးနဲ့၊ ရခိုင့် နိုင်ငံတော်ထူထောင်ရေးနဲ့ ဦးဝှေ့တင်းဆိုတဲ့ကျွန်တော်နဲ့ ဘယ်လိုများချိတ်ဆက် ပက်သတ်နေသလဲပေါ့။

“ဟေ့ကောင် ဝှေ့တင်း…။ မင်း ရခိုင့်တော်လှန်ရေးအတွက် ထမ်းရွက်ရမယ့် တာဝန်ပျက်ကွက်ခဲ့တာရှိလား…”

“မရှိပါဘူး…”

“မရှိဘူးဆိုတာ တာဝန်ပျက်ကွက်မှု မရှိတာမျိုးမဟုတ်ပဲ ထမ်းရွက်ရမယ့် တာဝန်ဝတ္တရားကို မရှိတာပါ…”

“ဒါဆို မင်းကိုဘာလို့ ဖမ်းရတာလဲ…။ မင်း သူတို့တော်လှန်ရေးကို အနှောက်အယှက်ပေးလို့ပေါ့…”

ကျွန်တော်လက်မခံပါ။

ရခိုင်မြေလွတ်မြောက်ဖို့။ ရခိုင့်အချုပ်အခြာ ပြန်ရဖို့။ ရခိုင့်အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ တာဝန်ရှိတယ်လို့ ကျွန်တော်ဘယ်တုန်းကမှ မခံယူဖူးပါဘူး။ နောင်လည်း ခံယူမှာမဟုတ်ပါဘူး။ ဒါ… ကျွန်တော့်စိတ်ရင်းပါ။

ဒါကလည်း ရှင်းပါတယ်။ ရခိုင်က ရခိုင်၊ ချင်းက ချင်းပဲ မဟုတ်လား။ ဆင်းသက်လာတဲ့သမိုင်း၊ ကျင့်သုံးတဲ့ ဓလေ့ထုံးတမ်း၊ ပြောဆိုတဲ့ဘာသာစကား တသီးတခြားစီပဲလေ။ အေး…ဒါပေမယ့် လိုအပ်လို့ အကူအညီတောင်းလာခဲ့ရင် တစ်မျိုးပေါ့။

ဒါကိုပဲ ကျွန်တော်ရှိနေလို့ ရခိုင့်တော်လှန်းရေး ကျဆုံးတော့မယ့်အတိုင်း။ ကျွန်တော်မရှိတော့တာနဲ့ ရခိုင့်တော်လှန်ရေး အောင်မြင်မယ်ဆိုရင် စစ်ဆေးမနေပါနဲ့။ အစောကတည်းက သတ်ပစ်လိုက်ပေါ့။ ကျွန်တော် ကျေကျေနပ်နပ် ခံယူလိုက်မယ်။ ရခိုင့်တော်လှန်ရေးသမိုင်းမှာ ကျွန်တော့်နာမည်ကိုတော့ ကမ္ဗည်းထိုးပေးပေါ့။

နောက်တစ်ချက် စဉ်းစားစရာရှိတာက ရခိုင့်တော်လှန်ရေး စ,ကတည်းက ပထဝီအနေအထားအရ အချက် အချာအကျဆုံး ပလက်ဝဒေသမှာ အခြေပြုရတာဖြစ်တော့ ပလက်ဝဒေသခံတွေ (အထူးသဖြင့် ခူမီးချင်းတွေ)ကို အေအေရဲ့ လက်တံဘယ်လောက်ရှည်ကြောင်း၊ နယ်မြေထိန်းချုပ်နိုင်မှု ဘယ်လောက်ကျယ်ပြန့်ကြောင်း၊ သူတို့တော်လှန်ရေးအတွက် အနှောင့်အယှက်ဖြစ်စေမယ့် ဘယ်သူ့ကိုမဆို အချိန်မရွေး ထိန်းချုပ်နိုင်ကြောင်း ပြသချင်တဲ့ သဘောလည်း ဖြစ်နိုင်ပါတယ်။

သာမန်လူမပြောနဲ့ အစိုးရလူဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ကိုတောင်မှ ငါတို့ဖမ်းချင်သပဆိုရင် ကြက်ကလေးငှက်ကလေးလို ဖမ်းလိုက်လို့ရတယ်ဆိုတဲ့ သတင်းစကားကို အပြောသက်သက်မဟုတ် လက်တွေ့ ပြသလိုက်တာပါပဲ။

အဲဒါမှလည်း ဒေသတွင်းမှာ သူတို့ရဲ့ဩဇာကို စိတ်တိုင်းကျတည်ဆောက်လို့ရမှာကိုး။

ဖတ်ဖူးတဲ့ ကဗျာတစ်ပိုဒ် သတိရတယ်။ ကားတွေအင်ဂျင်ကျပြီဆိုရင် မီးခိုးတအားထွက်တယ်တဲ့။ လူတွေစိတ်ဓာတ်ကျပြီဆိုရင်လည်း တောင်တွေးမြောက်တွေးနဲ့တဲ့။

ဟုတ်မှာ။ ကျွန်တော်လည်း သံခြေချင်းတန်းလန်းနဲ့ ထိတ်တုန်းနဲ့ အိပ်မပျော်ခင်လေး တောင်တွေးမြောက်တွေးပေါ့။

***

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်။

ဒီနေ့တော့ မနက်အစောကြီးကတည်းက ကျွန်တော်နေတဲ့တောင်ကုန်းရဲ့ အရှေ့တောင်ဘက်ယွန်းယွန်း (ကျွန်တော့် စိတ်အထင်) ကုလားတန်မြစ် အရှေ့ဘက်ကမ်းမှာ တိုက်ပွဲဖြစ်နေသံ ကြားရပါတယ်။ အပြန်အလှန်ပစ်ခတ်နေတဲ့ သေနတ်သံတွေ၊ လက်နက်ကြီးပစ်သံ ပေါက်ကွဲသံတွေ၊ ဗုံးပေါက်ကွဲသံတွေ တစ်နေ့လုံးပါပဲ။

စ,ကြားကြားချင်းတော့ တော်တော်စိုးရိမ်သွားတယ်။ ပစ်သံခတ်သံ ပေါက်ကွဲသံတွေက ကိုယ့်အနားနားလေးမှာ ဖြစ်နေသလိုမျိုးဆိုတော့ အခြေအနေဟန်မှဟန်ပါ့မလားပေါ့။ နေ့လည်ဘက်ရောက်တော့ စိုးရိမ်ပုံမရတဲ့ အေအေရဲဘော်တွေကိုကြည့်ပြီး နည်းနည်းစိတ်သက်သာရာ ရပါတယ်။ ညဘက်အရောက်မှာ အေအေရဲဘော်တွေဆီက ဒီနေ့ တင်းမရွာနားမှာ တိုက်ပွဲဖြစ်တဲ့အကြောင်း သိရပါတယ်။

တင်းမရွာဆိုတာက ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် နယ်နိမိတ် ပွီဝုန်းရွာရဲ့တောင်ဘက် ရေမိုင် ၅ မိုင်ခန့်အကွာ ကုလားတန်မြစ်အရှေ့ဘက်ကမ်းက ရခိုင်ရွာကြီးတစ်ရွာပါ။

ပလက်ဝနယ် ခူမီးချင်းတွေရဲ့ သမိုင်းမှာတော့ ၁၈၂၄ ပထမ အင်္ဂလိပ်-မြန်မာစစ်အပြီး ရခိုင်ကမ်းမြောင်ဒေသကို အင်္ဂလိပ်တွေဆီ ထိုးအပ်လိုက်ရတဲ့နောက် ခူမီးချင်းနယ်ကို သိမ်းပိုက်ဖို့တက်လာတဲ့ အင်္ဂလိပ်တွေကို ပထမဆုံးခံချတဲ့ ခူမီးရွာဟာ အခုရခိုင်ရွာဖြစ်နေတဲ့ တင်းမရွာ ဖြစ်ပါသတဲ့။ အဲဒီရွာက ခူမီးမျိုးနွယ်စု တတ္တူးစို(Tetyh Chy) ရွာဆိုတော့ ရိုင်ဖယ်ကိုင်တဲ့အင်္ဂလိပ်တပ်ကို တူမီးတွေ၊ လေးမြားတွေနဲ့ ပထမဆုံးခံချတာ တတ္တူ:စိုအနွယ် ခူမီးချင်းတွေပဲပေါ့။

အခုနေပြောရတာ ပုံပြင်လိုလိုပေမယ့် သမိုင်းထဲမှာ တကယ်ဖြစ်ခဲ့တာပေါ့။ ခက်တာက အဲဒီသမိုင်းဖြစ်စဉ်တွေကို ခူမီးချင်းတွေကိုယ်တိုင် စာနဲ့ပေနဲ့ မှတ်တမ်းတင်ထားတာမျိုး မရှိခဲ့။ သူများရေးထားတဲ့ မှတ်တမ်းတွေကြည့်ပြီး အော်…ဒီလိုပါလားဆိုပြီး သိရတာမျိုးပါ။

စောစောကစကားကို ပြန်ဆက်ရရင် အားမမျှလို့ဆုတ်လာရင်း အင်္ဂလိပ်ကထိုးစစ်ရပ်ပေးတာနဲ့အတူ နယ်နိမိတ်ကလည်း ပွီဝုန်းဖြစ်လာတယ်။ အင်္ဂလိပ်နယ်ထဲ မနေချင်တဲ့ တင်းမက တတ္တူးစိုတွေလည်း အထက်ပိုင်းကို ဆန်တက်လာ၊ ရခါမျိုးနွယ်စုဆီမှာ မြေတောင်းပြီး ရွာတည်ပါသတဲ့။ အဲဒီရွာက တုတ်မဝရွာပေါ့။

ကမ္ဘာပတ်ပြီးသိမ်းလာတဲ့ နေမဝင်အင်ပါယာရှင်အင်္ဂလိပ်ကို ဘာမှန်းညာမှန်းမသိ ခံချရဲတဲ့ရှေးခေတ်က အန်းတိတ်တွေကို အ,ရန်ကောလို့ ဂရုဏာဒေါသောနဲ့ ပြောရမလား၊ “မင်းဘာကောင်ပဲဖြစ်ဖြစ် ငါ့မြေကိုလာထိရင် ချတယ်ကွာ…”ဆိုတဲ့ အာဂသတ္တိကိုလေးစားရမှာလား။ ဘာပဲဖြစ်ဖြစ် ရှေးခေတ်လူသားတွေရဲ့ ဇာတိမာန်ကိုဖြင့် ခုခေတ်လူတွေ လိုက်မမီတာ အမှန်ပဲလို့ ဝန်ခံရမယ်။

ထားလိုက်ပါတော့။ ပစ္စုပ္ပန်တည့်တည့်ကိုကြည့်ရရင် ကျွန်တော် ဒီကိုရောက်နေတာ ၁၉ ရက် ရှိပါပြီ။ သံခြေချင်းခတ်၊ ထိပ်တုံးခတ်ခံရဆဲပါပဲ။

***

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်။

ဒီနေ့တော့ ရင်ခုန်စိတ်လှုပ်ရှားစရာနဲ့ ကြုံခဲ့ရတဲ့ နေ့တစ်နေ့ပါ။

ဖူးသစ်စမြန်မာ့ဒီမိုကရေစီရဲ့ ဥပဒေပြုယန္တရား ပင်နယံသေးသေးလေးတစ်ခုဟာ အစိုးရတော်လှန်ပုန်ကန်သူလက်ထဲ ထိန်းသိမ်းခံရတဲ့ ရက်ပေါင်း ၂၀ ပြည့်အထိမ်းအမှတ် ဂုဏ်ပြုမယ့်အစီအစဉ်များလားမသိ။ မနက် ၁၀ နာရီ ဝန်းကျင်လောက်မှာ ကျွန်တော်တို့နေတဲ့ တောင်ကုန်းအနီးတဝိုက် အမြင့်ပေခန့်မှန်းတစ်သောင်းလောက်ကနေ စစ်သုံးရဟတ်ယာဉ်နှစ်စီး ပျံဝဲနေပါတယ်။ ကျွန်တော်ကတော့ ဂုဏ်ပြုအစီအစဉ်အနေနဲ့ ဗုံးသီးတွေ ကြွေကျလာမှာ အထိတ်တလန့်နဲ့ပေါ့။

ချက်ချင်းဆိုသလို အကျဉ်းတာဝန်ခံတပ်ကြပ်ကြီးဟင်္သာ ရောက်လာပြီး ကျွန်တော်တို့ ၅ ဦးကို ထိပ်တုံးဖြုတ် သံခြေချင်းတန်းလန်းနဲ့ ခါးလယ်လောက်ရှိတဲ့ ကတုတ်ကျင်းထဲ ဆင်းနေစေပါတယ်။ လောလောဆယ်မှာ ဒီတောင်ကုန်းပေါ်မှာ အလုံခြုံဆုံးဆိုလို့ လုံခြုံမှုမရှိတဲ့ ဒီကတုတ်ကျင်းပဲရှိတာ မဟုတ်လား။

ကတုတ်ကျင်းထဲကနေ ရဟတ်ယာဉ်ကို လှမ်းမြင်နေရတယ်။ တစ်ခါတစ်ခါ တောင်ကုန်းကိုပန်းပြီးဝဲလိုက်၊ တောင်ကုန်းပေါ်တည့်တည့်ဝဲလိုက်နဲ့ ကိုယ့်ဝီဇိန်နှုတ်ယူမယ့် သေမင်းတမန်ကို ကတုတ်ကျင်းထဲကနေ ရင်တမမနဲ့ ကြည့်နေခဲ့ရတာပါ။

လိုက်ရှာနေတဲ့သူကသာ မတွေ့ရင်နေမယ်။ ပုန်းနေတဲ့သူအဖို့ ကိုယ်ဘယ်မှာလဲဆိုတာ ကိုယ်တိုင်သိတာမျိုး မဟုတ်လား။ အခုနေ တွေ့များတွေ့သွားလို့ အပေါ်ကလှမ်းကုတ်လိုက်လို့ကတော့ ကျွန်တော်တို့ဘဝ မတွေးဝံ့စရာပါပဲ။

ကတုတ်ကျင်းက ဘန်ကာမှမဟုတ်တာ။ အခိုင်အမာမိုးထားတဲ့ အမိုးမပါဘူးလေ။ ပြီးတော့ သံခြေချင်းနဲ့မို့ ပြေးဟဲ့ လွှားဟဲ့ဆို သေချာပါတယ်၊ အချိန်မရွေး “သင်ငြိမ်းချမ်းရာမှာ အနားယူပါ” ဖြစ်သွားမှာ။

တောင်ကုန်းဆိုတာလည်း သစ်ပင်ဝါးပင်တွေ အုပ်အုပ်ဆိုင်းဆိုင်း ရှိနေတာမျိုးလည်းမဟုတ်။ တောင်ကုန်းတစ်ခုလုံးက ယာယီတဲတွေဆောက်ဖို့ ရှိသမျှအပင်တွေခုတ်လိုက်ကြတာမို့ ကျိုးတိုးကျဲတဲပဲ ကျန်နေတော့တာ။ တဲအမိုးတွေကလည်း ရောင်စုံတာပေါ်လင်စတွေချည်းပဲ။ ဘယ်လိုပဲကြည့်ကြည့် တဲတွေကိုတော့ မြင်ကိုမြင်ရလောက်တယ်ဆိုတဲ့ အတွေးနဲ့ ချွေးစေးတွေ ပြန်နေပါပြီ။

ဒါပေမယ့် ကံကောင်းပါတယ်။ ၄၅ မိနစ်လောက်ဝဲပြီး နောက်ဘက်စူးစူး အာကာတောင်းတန်း(မောင်တောမြို့နယ်) ဘက် ပျံဝဲသွားပါတယ်။ တဲစုစုတွေကို မမြင်ရတာလား၊ မြင်ရက်နဲ့ လူမရှိလောက်ဘူးထင်လို့လား၊ ဒါမှမဟုတ် တိုက်ခိုက်ရေးယာဉ်မဟုတ်ဘဲ သတင်းထောက်လှမ်းတဲ့ ယာဉ်မို့လို့လားမသိ။ ကြောက်ကြောက်နဲ့ မျှော်လင့်ရတဲ့ သေမင်းတမန်လက်ဆောင်ထုပ်တွေေတာ့ ပြုတ်ကျမလာပါဘူး။

ဒီနေ့အဖို့တော့ စိတ်ကိုဒုန်းဒုန်းချနိုင်တဲ့အဆင့် မဟုတ်သည့်တိုင် နည်းနည်းတော့ စိတ်အေးရပြီဆိုမှ ကိုယ့်စိတ်ကို ပြန်စုစည်း၊ သတိကိုပြန်ကပ်၊ ကိုယ့်အဖြစ်ကိုပြန် ဆန်းစစ်ရပါတယ်။ အနန္တောအနန္ဒငါးပါးရဲ့ ဂုဏ်ကျေးဇူးကြောင့် ဒီနေ့အဖို့တော့ ဒုက္ခဆင်းရဲနဲ့ မကင်းသည့်တိုင် သေဘေးတော့ကင်းခဲ့ပါပြီ။ “ဒီဒုက္ခဆင်းရဲက အမြန်လွတ်မြောက်ပါလို၏” လို့များ ဘုရားဆီတိုင်တည်ပြီး ဆုတောင်းခဲ့သေးသလား မပြောတတ်။

ညဘက်ကျတော့ ပုံမှန်ပါပဲ။ သံခြေချင်းနဲ့ ထိတ်တုံးနဲ့။

***

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်။

ဒီရက်တွေတော့ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်တဲ့ ကာလတွေပါပဲ။

ကျွန်တော် ဒီရောက်နေတာ ၂၁ ရက်ရှိပြီဆိုတာကိုလည်း မမေ့မလျော့ ပြောပါရစေ။

ဒီနေ့တော့ အစိုးရတပ် စစ်ရေယာဉ်တွေ ကျောက်တော်ကနေ ပလက်ဝဘက် တက်လာနေကြောင်း လုံခြုံရေးယူတဲ့ အေအေရဲဘော်တွေ ပြောစကားအရ သိရပါတယ်။

အဲဒီ စစ်ရေယာဉ်အုပ်စုကို ည ၇ နာရီမှောင်ရီပျိုးစမှာ တိုက်ခိုက်ဖို့အတွက် အေအေရဲဘော်တွေ လှုပ်လှုပ်ရွရွနဲ့ ပြင်ဆင်နေကြပါတယ်။ အချို့ရဲဘော်တွေက တိုက်ပွဲဝင်ရမှာမို့ စိတ်ဓတ်တက်ကြွနေကြပြီး ပျော်ပျော်ရွှင်ရွှင် ဖြစ်နေကြတာပါ။

နိုင်ပွဲရဖို့သေချာတဲ့ ဖလားလုပွဲတစ်ခုကို ဝင်ကန်ရမယ့်ဘောလုံးသမားတွေလို ရင်ခုန်စိတ်လှုပ်ရှားနေတဲ့ အတိုင်း၊ အချို့တွေက ပထမပွဲထွက်စာရင်းမှာ အရွေးခံရလို့ ဂုဏ်ယူဝင့်ကြွားနေတဲ့ဟန်က သူတို့လေးတွေရဲ့ မျက်နှာတွေပေါ်မှာ အထင်းသားမြင်နေရပါတယ်။

မတရားဖိနှိပ်ခံရတဲ့ ဘဝအခြေအနေကနေလွတ်မြောက်ဖို့ ဒါမှမဟုတ် နိုင်ငံသစ်တစ်ခုထူထောင်ဖို့လိုအပ်တဲ့ အင်အားစုတွေထဲက အဓိကကျတဲ့ လူသားအရင်းအမြစ်ရဲ့ အရေးပါမှုကို ကိုယ်တိုင်လေ့လာခွင့် ရခဲ့ပါတယ်။

တော်လှန်ရေးဆိုတာလည်း ဒီလိုတက်ကြွပြီး စွန့်လွှတ်စွန့်စားဝံ့တဲ့ သူရဲကောင်းလေးတွေ မရှိဘူးဆိုရင် အောင်မြင်နိုင်ချေ လုံးဝမရှိတာမျိုးလို့ နားလည်ရပါတယ်။

အဲဒီလိုပဲ ဒီလိုတက်ကြွပြီး စွန့်လွှတ်စွန့်စားဝံ့တဲ့ သူရဲကောင်းလေးတွေကို မွေးထုတ်ဖို့၊ ဦးဆောင်ဦးရွက်ပြုဖို့ ခေါင်းဆောင်ကောင်းဆိုတာလည်း လိုအပ်တာပါပဲ။ ပြီးတော့ အဲဒီလုပ်ငန်းစဉ်တစ်ခုလုံးကို ယုံယုံကြည်ကြည်နဲ့ အဖက်ဖက်က ပူးပေါင်းပါဝင်ပေးတာ၊ အထောက်အပံ့ပြုတာလည်း မဖြစ်မနေလိုအပ်နေမှာပါပဲ။

အဲဒီလို သုံးပွင့်ဆိုင် ဆုံရပ်တစ်ခုမှာ စုစည်းမိပြီဆိုရင် တော်လှန်ရေးရဲ့ အသီးအပွင့်ကို ဆွတ်ခူးနိုင်ဖို့ လက် တစ်ကမ်းအလိုမှာ ရောက်နေပြီလို့ ဆိုရမှာပါ။ အေအေတွေက အဲဒီအဆင့်ရောက်နေပြီလား မပြောတတ်။

ည ၁၀ နာရီဝန်းကျင်မှာတော့ အရှေ့မြောက်စူးစူး တင်းမရွာအလွန် ကုလားတန်မြစ်ရိုးတစ်လျှောက်က လက်နက်ငယ် ပစ်ခတ်သံတွေဟာ တိတ်ဆိတ်နေတဲ့ဆောင်းညကို လှုပ်နှိုးဖောက်ထွင်းလိုက်ပါတယ်။

တစပ်တည်းပဲ အာရ်ပီဂျီပစ်ခတ်သံတွေ၊ စက်သေနတ်ပစ်သံတွေနဲ့ ပေါက်ကွဲသံတွေ ဆူညံနေပါတော့တယ်။ ဒီလို အသံတွေ မကြာခင်ကြားရတော့မှာပဲဆိုတာ ကြိုသိနှင့်နေတာဆိုတော့ ထူပြီးလန့်ကြောက်ကြောက်တာမျိုးတော့ မရှိပါဘူး။

လက်နက်ကြီးပစ်သံကိုလည်း တစ်ချက်တစ်ချက် ကြားရပါတယ်။ အဲဒီသံကြားရပြီဆို ကျွန်တော်နေတဲ့ မြစ်ရဲ့အနောက်ဘက်တောင်ကုန်းအထိ မြေကြီးတုန်ခါသွားသလိုတောင် ခံစားရပါတယ်။ ဘဝတစ်လျှောက် တိုက်ပွဲဇုန်နဲ့ အနီးဆုံးကြုံရတာမို့ ကိုယ့်ကိုယ်ကိုယ် လုံခြုံအောင်ဘယ်လိုနေရမယ်ဆိုတာတွေ သတိမရပါဘူး။

အေအေတာဝန် ရှိသူတွေအနေနဲ့လည်း တိုက်ပွဲဇုန်နဲ့ဝေးရာ တစ်နည်းကျည်လွတ်နေရာ ဖြစ်တာကြောင့်မို့ထင်ပါရဲ့ တစ်စုံတစ်ရာ ညွှန်ကြားတာမျိုးမရှိပါဘူး။ အပွင့်လင်းဆုံးပြောရရင် ဒါကိုပဲ ကြောက်နေတဲ့ကြားက စိတ်လုံခြုံသလို ခံစားရပါသေးတယ်။

တဖြည်းဖြည်း ညနက်လာပြီဆိုပေမယ့် တိုက်ပွဲက ရပ်သွားတာမျိုးမရှိဘူး။ ကျွန်တော့်စိတ်အထင် တစ်နေရာတည်းမှာ ဖြစ်နေတာမျိုးလည်း ဟုတ်ဟန်မတူပါဘူး။ သေနတ်သံတွေက တစ်နေရာက နည်းနည်းငြိမ်သွားတယ်ဆိုလည်း အခြားတစ်နေရာက ဆူဆူညံညံထွက်ပေါ်လာပြန်ပါတယ်။

တစ်ခါတစ်ခါ မီးကျည်ဖူးပေါက်ကွဲတဲ့ အချိန်တွေဆိုရင် ကျွန်တော်နေတဲ့တောင်ကုန်းအထိ ဝင်းကနဲ လင်းထိန်သွားတတ်ပြီး ကုလားတန်မြစ်ရိုးတစ်လျှောက်မြင်ကွင်းတွေကို အထင်းသားမြင်နေရပါတယ်။ တိုက်ပွဲက တော်တော် ပြင်းထန်နေပုံပါပဲ။ ဒါပေမယ့် ဘယ်ဘက်က အသာစီးရနေလဲတော့ ဘာမှမသိရ။

အဲဒီအကြောင်းတွေကို အေအေတပ်သားတွေ စားမြုံ့ပြန်ပြောဆိုသံတွေကိုလည်း လောလောဆယ်ဘာမှ မကြားရ။ မကြားရဆို သူတို့လည်း တိုက်ပွဲဇုန်ထဲ ရောက်နေကြတာကိုး။ တကယ်တော့လည်း ဘယ်အုပ်စုကအသာရနေသည်ဖြစ်စေ ကျွန်တော့်အတွက်တော့ သိပ်ထူးခြားလာမည့် လက္ခဏာမမြင်။

ကျွန်တော်ခန့်မှန်းတဲ့ အတိုင်းပါပဲ ည ၁၁ နာရီလောက်မှာ မီးဝရွာနဲ့ ပွီဝုန်းရွာကြားမှာ စစ်ရေယာဉ်အုပ်စုနဲ့ အေအေကြား နှစ်ဘက်တိုက်ပွဲပြင်းနေတယ်လို့ အစောင့်ရဲဘော်တွေပြောနေသံ ကြားရပါတယ်။ မနေ့ညကတည်း က တိုက်ပွဲဝင်ရမှာကို ပျော်ရွှင်နေကြတဲ့ အေအေရဲဘော်တွေ တိုက်နေကြတာနေမှာပဲလို့ တွေးနေမိပါတယ်။

နိုင်ငံရေးပဋိပက္ခကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းကြဖို့ ငြင်းဆန်လိုက်တာက စစ်မြေပြင်သွားရမှာကို ပျော်ရွှင်နေတဲ့ မျိုးဆက်သစ်တွေကို မွေးထုတ်လိုက်တာနဲ့ အတူတူပါပဲ။ ဒီမိုကရေစီသဘောတရားအရ နိုင်ငံရေးဘောင် ကျယ်သထက် ကျယ်လာအောင်လုပ်ရမှာ ဖြစ်ပါတယ်။

အခုကျွန်တော်တို့က ဒါမှမဟုတ် ကျွန်တော်တို့နိုင်ငံက ဒါမှမဟုတ် ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ချုပ်ကိုင်ထားနိုင်တဲ့အုပ်စုက နိုင်ငံရေးသမားတွေမဟုတ်တဲ့ စစ်ဗိုလ်ချုပ်တွေဖြစ်နေတော့ အင်အားစံနှုန်းအခြေပြု တွေးခေါ်တည်ဆောက်တတ်တဲ့ အလေ့အထကြောင့် မြန်မာ့နိုင်ငံရေးမှာ ဒီမိုကရေစီဘောင်ကျဉ်းသထက် ကျဉ်းလာတာနဲ့အတူ စစ်ဘောင်ကျယ်သထက်ကျယ်လာခဲ့ရတာ ငြင်းမရပါဘူး။

ကျွန်တော်တို့ကိုယ်တိုင်ကရော စစ်ဘောင်ချဲ့မယ့် မျိုးဆက်တွေကို ဘယ်လောက်ထိ မွေးထုတ်နေကြဦးမှာလဲ…။

ကျွန်တော်ကတော့ တိုက်ပွဲခေါ်သံတွေ အမြောက်ဆံပေါက်ကွဲသံတွေကြားမှာ ကိုယ့်ရဲ့နိစ္စဒူဝဒုက္ခတွေကို မကြာခဏမေ့လျော့နေတတ် ပါတယ်။ ဒါလည်းပဲ တစ်ဗီဇနာမှာ ကုဋေတစ်သိန်း ဖြစ်ပျက်နေတတ်တဲ့ စိတ်အစဉ်လွင့်ပါးမှုနောက် တကောက်ကောက်လိုက်ပါသွားတာမျိုးပါ။

ဒါနဲ့အတူ ကိုယ်ကသူပုန်အကျဉ်းသား တစ်ယောက်ပါလားဆိုတာကိုလည်း မေ့မသွားရအောင်လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြန်သတိပေးနေရပါသေးတယ်။

ဒီနေ့အဖို့တော့ တိုက်ပွဲသံတွေကြား စိတ်မောလူမော ဖြစ်ရပါတယ်။

ဒီဆောင်းညကိုလည်း သံခြေချင်းနဲ့ ထိတ်တုံးနဲ့ ဖြတ်သန်းခဲ့ရပါတယ်။

***

အပိုင်း (၁၀)ဆက်လက်ဖတ်ရှုနိုင်ပါရန်။

Leave a Reply

Your email address will not be published. Required fields are marked *