ပလက်ဝမြို့နယ်တွင် ငှက်ဖျားရောဂါဖြင့် ကျောင်းဆရာတစ်ဦး သေဆုံး

ပလက်ဝမြို့နယ်တွင် ငှက်ဖျားရောဂါဖြင့် ကျောင်းဆရာတစ်ဦး သေဆုံး

မေလ ၂၄ ရက်၊ ၂၀၂၅။

ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် ဧပြီလမှစ၍ ဒေသခံပြည်သူများ ငှက်ဖျားရောဂါဖြစ်ပွားခြင်း များလာကာ ကျောင်းဆရာတစ်ဦး အသက်သေဆုံးခဲ့ကြောင်း ယနေ့ မေလ ၂၄ ရက်နေ့ ဒေသခံများ၏ သတင်းပေးပို့ချက်အရ သိရသည်။

ပလက်ဝမြို့နယ်၊ ပါမောင်ကျေးရွာတွင် တာဝန်ကျသည့် သဲကုန်းကျေးရွာမှ အသက် ၃၅ နှစ်အရွယ် မူလတန်းပြ ကျောင်းဆရာဦးတီးဒိန်သည် ငှက်ဖျားရောဂါကြောင့် ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့တွင် ရခိုင်ပြည်နယ် ကျောက် တော်မြို့တွင် ဆေးကုသမှုခံယူနေရင်း ခရစ်တော်၌အိပ်ပျော်သွားခဲ့ပြီး သဲကုန်းကျေးရွာတွင်ပင် မေလ ၃ ရက်နေ့ တွင် သင်္ဂြိုလ်ပေးခဲ့ကြောင်း ဆွေမျိုးတစ်ဦးထံမှ သိရသည်။

“ဧပြီလကစလို့ ပလက်ဝမြို့နယ်မှာ ငှက်ဖျားရောဂါဖြစ်ပွားနှုန်း ပိုများလာတယ်။ အရေးပေါ်လိုအပ်ချက်ဖြစ်တဲ့ ဆေးဝါးအကူအညီတွေ၊ ငွေကြေးအကူအညီတွေ၊ ဆရာ/မအကူအညီတွေ လိုအပ်နေပါတယ်။ အခုက ဆေးဝါး လုံလောက်မှုမရှိတာနဲ့၊ ဆေးဝါးကုသစရိတ်မရှိတာနဲ့၊ ဆေးဝါးကုသဖို့အတွက် လမ်းခရီးဝေးလံတာနဲ့ ငွေကြေးမ တတ်နိုင်ကြဘူးလေ။ ဆေးဝါးကုသရာမှာ ငွေကြေးမလုံလောက်တဲ့အတွက် ကုသပေးနေတဲ့ ဆရာ/မတွေက လူနာကို လက်မခံချင်ကြတာတွေရှိတယ်။ ငှက်ဖျားဖြစ်ပြီးတော့ ကောင်းသွားတဲ့ သူတွေလည်းရှိသလို ဆက်ဖြစ် နေတဲ့ သူတွေလည်းရှိတယ်။ အခုက အတည်ပြုလို့ရတဲ့သူ ၁၀ ဦးဝန်းကျင်ပဲရှိတယ်ဆိုပေမယ့် လက်လှမ်းမမီတဲ့ ကျေးရွာတွေမှာ အများကြီးရှိသေးတယ်…” ဟု ပလက်ဝမြို့နယ်မှ ဒေသခံတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။

ပလက်ဝမြို့နယ်၊ လေမြိုချောင်းဒေသ တပ်ချောင်းအုပ်စုနှင့် လန်ဒန်အုပ်စု တို့တွင်ရှိသည့် ကျေးရွာများတွင် ပြီးခဲ့ သည့် ဧပြီလမှစ၍ ငှက်ဖျားရောဂါဖြစ်ပွားသူများလာပြီး လက်ရှိတွင် စောင့်ကြည့်လူနာ တစ်ဦးနှင့် ဆေးဝါးကုသမှု ခံယူနေသူ ငါးဦး ရှိနေကြောင်း လက်လှမ်းမီသလောက် သိရှိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *