ထန်တလန်၊ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်တို့တွင် စစ်ရှောင်ပြည်သူများကို NCCD မှ စားနပ်ရိက္ခာ ကူညီထောက်ပံ့
မေလ ၂၇ ရက်၊ ၂၀၂၅။
ချင်းပြည်၊ ထန်တလန်၊ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်မှ ကျေးရွာ ၉ ရွာတွင်ရောက်ရှိနေသည့် စစ်ရှောင်ပြည်သူများကို ချင်းလူထုဖွံ့ဖြိုးရေးကွန်ယက် NCCD မှ ယခုလအတွင်း စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထန်တလန်၊ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်ရှိ ကျေးရွာ ၉ ရွာတွင် ရောက်ရှိနေသည့် စစ်ရှောင်ပြည်သူများကို Network for Chin Community Development – NCCD က ၂၀၂၅ ခုနှစ် မေလ ၂၁ နေ့မှစ၍ ၂၆ ရက်နေ့အထိ စားနပ်ရိက္ခာများကို ကူညီထောက်ပံ့ပေးခဲ့ကြောင်း NCCD က ထုတ်ပြန်ထားသည်ကို သိရသည်။
Network for Chin Community Development – NCCD သည် ပြီးခဲ့သည့် မေလ ၁၃ ရက်မှ ၁၇ ရက်နေ့အထိ တီးတိန်မြို့နယ် တစ်နေရာတွင် အခြေခံလူထုဖွံ့ဖြိုးရေသင်တန်းကို ပြုလုပ်ပေးခဲ့ပြီး ဖေဖော်လရီလ ၆ ရက်မှ ၁၇ ရက်အတွင်း ဖလမ်း၊ မင်းတပ်၊ ထန်တလန်မြို့နယ်တို့မှ ကျေးရွာ ၁၂ ရွာရှိ စစ်ဘေးရှောင်ပြည်သူများကို အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
Network for Chin Community Development – NCCD သည် ချင်းပြည်နယ် တပြည်နယ်လုံး အတိုင်းအတာဖြင့် လူထုဖွံ့ဖြိုးရေးကို အဓိကလုပ်ဆောင်သည့် အဖွဲ့အစည်းဖြစ်ပြီး NCCD အဖွဲ့ကို ၁၉၉၅ ခုနှစ်တွင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
သတင်း – James Roe