အိန္ဒိယနယ်စပ်တစ်နေရာရှိ စစ်ရှောင်များကို BRCK နှင့် NUG လူသားစာနာက ကူညီထောက်ပံ့

အိန္ဒိယနယ်စပ်တစ်နေရာရှိ စစ်ရှောင်များကို BRCK နှင့် NUG လူသားစာနာက ကူညီထောက်ပံ့

မေလ ၂၇ ရက်၊ ၂၀၂၅။

အိန္ဒိယနယ်စပ်တစ်နေရာတွင် စစ်ဘေးရှောင် ခိုနေသည့် ပညာရေး CDM ဆရာမ တစ်ဦးအပါအဝင် ၂ နှစ်အောက် ကလေးသူငယ်နှင့် ကိုယ်ဝန်ဆောင်မိခင်များကို Burma Refugees Committee – Kabaw Valley ဗမာပြည်ဒုက္ခသည်များကော်မတီ(ကဘော်ချိုင့်ဝှမ်းဒေသ)နှင့် NUG လူသားစာနာဌာနက မေလ ၂၅ ရက်နေ့တွင် စားနပ်ရိက္ခာ ထောက်ပံ့ပေးကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်မှ သိရသည်။

BRCK နှင့် NUG လူသားစာနာအဖွဲ့က မိသားစုတစ်စုလျှင် ၅၁,၀၀၀ ကျပ်နှုန်းနဲ့ ညီမျှသည့် ပစ္စည်း ၈မျိုးဖြစ်သည့် ဆီ၊ ဆား၊ အသားတု၊ ရေချိုးဆပ်ပြာ၊ ဆပ်ပြာမှုန့်၊ ငါးတင်းဘူး၊ ပဲရာဇာနှင့် သွားတိုက်ဆေးများကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အိန္ဒိ-မြန်မာနယ်စပ်တွင် ရောက်ရှိခိုလှုံနေသည့် ရွာပေါင်းက ၁၂ ရွာမှ ပြည်သူ ၃၀၀ ကျော်ကို BRCK က ကူညီထောက်ပံ့နိုင်ခဲ့ပြီ ဖြစ်ကြောင်းနှင့် အိန္ဒိယ နယ်စပ်ရှိ မဏိပူရ်ပြည်နယ်တွင် ခိုလှုံနေသည့် စစ်ဘေးရှောင်ပြည်သူများသည် စားဝတ်နေရေးပိုမိုခက်ခဲလာကာ အကူအညီများလိုအပ်နေကြောင်း ဒေသခံသတင်းအရင်းအမြစ်မှ သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *