CDF-Matupi တပ်မဟာ -၁ နှင့် CDF-Matupi တပ်မဟာ -၂ နှစ်ဦးနှစ်ဖက် ဆွေးနွေးသဘောတူမှုများရရှိ

CDF-Matupi တပ်မဟာ -၁ နှင့် CDF-Matupi တပ်မဟာ -၂ နှစ်ဦးနှစ်ဖက် ဆွေးနွေးသဘောတူမှုများရရှိ

မေလ ၂၈ ရက်၊ ၂၀၂၅။

CDF-Matupi တပ်မဟာ -၁၊ CDF-Matupi တပ်မဟာ-၂ ငြိမ်းချမ်းရေးကော်မတီနှင့် ရပ်မိရပ်ဖများ သုံးပွင့်ဆိုင် ဆွေးနွေးခဲ့ပြီး ဘုံသဘောတူညီချက် ၈ ချက်လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း မေလ ၂၈ရက်နေ့ ဒေသတွင်း သတင်းရင်းမြစ်များမှ သိရသည်။

အဆိုပါသဘောတူညီချက်တွင် အချင်းချင်းကြား လက်နက်ဖြင့် ဖြေရှင်းခြင်းမပြုရန်၊ ပြည်သူများ လွတ်လပ်စွာ သွားလာခွင့်ပြုရန် (Non-CDM မပါ)၊ မိမိနေရာ ရပ်ရွာဒေသသို့ လွတ်လပ်စွာ နေထိုင်ခွင့်ပြုရန်၊ မိုင်းများ ပူးပေါင်း ရှင်းလင်းရန်၊ NGO များ လွတ်လပ်စွာသွားလာခွင့်ပြုရန်၊ ငြိမ်းချမ်းရေးတည်မြဲစေရန် ကော်မတီတစ်ရက်ဖွဲ့ရန်၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး ထိပါးစေသော အသုံးအနှုန်း အပြောအဆို ရှောင်ရှားရန်နှင့် ကာကွယ်ရေးကိစ္စများတွင် အချင်းချင်းလေးစား ညှိနှိုင်းဆောင်ရွက်ရန်… စသည့်အချက်များပါဝင်ကြောင်း သိရသည်။

ယခုတွေ့ဆုံညှိနိုင်းမှုသည် ဒုတိယအကြိမ်တွေ့ဆုံမှုဖြစ်ပြီး ပြည်သူများလိုလားသည့် နှစ်ဖွဲ့ပြန်လည်ပေါင်းစည်းရေး အတွက် ဆွေးနွေးမှုမရှိသည်ကို တွေ့ရသည်။

သတင်း-ဂျိမ်းစ်ရိုး

Leave a Reply

Your email address will not be published. Required fields are marked *