အိန္ဒိယနိုင်ငံ၊ နယူးဒေလီတွင် တရားမဝင် နေထိုင်သူများကို ဘေးကင်းစွာနေထိုင်ရန် India For Myanmar က အသိပေး

အိန္ဒိယနိုင်ငံ၊ နယူးဒေလီတွင် တရားမဝင် နေထိုင်သူများကို ဘေးကင်းစွာနေထိုင်ရန် India For Myanmar က အသိပေး

မေလ ၂၉ ရက်၊ ၂၀၂၅။

အိန္ဒိယနိုင်ငံ၊ နယူးဒေလီတွင် အစိုးရအပြောင်းအလဲဖြစ်ပြီးနောက် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို မူရင်းနိုင်ငံကို ပြန်လည်ပို့ဆောင်ရန် စနစ်တကျ ဆောင်ရွက်လာနေကြောင်း India For Myanmar အဖွဲ့က ယနေ့ မေလ ၂၉ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်ကို သိရသည်။

ပါကစ္စတန်နှင့် အိန္ဒိယအကြား ပဋိပက္ခဖြစ်ပြီးနောက်တွင် တရားမဝင်နေထိုင်သူ နိုင်ငံခြားသားများကို ပိုမိုတင်းကြပ်စွာ ကိုင်တွယ်လာပြီး ရိုဟင်ဂျာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို ပြန်လည်ပို့ဆောင်ခံရမှုများ စတင်ကြုံနေရပြီဖြစ်ကြောင်း သိရသည်။

အိန္ဒိယရှိ UNHCR ရုံးသည် ဒုက္ခသည်များ၏ အချက်အလက်များကို အိန္ဒိယအစိုးရထံတွင် လွှဲပြောင်းပေးထားသည့်အတွက် အိန္ဒိယအစိုးရက အချက်အလက်များ ရရှိထားပြီးဖြစ်သောကောင့် အိန္ဒိယအစိုးရက ပစ်မှတ်ထားခံရနိုင်ခြေရှိသူဟု ကိုယ့်ကိုယ်ကို သတ်မှတ်ပါက UNHCR ရုံးတွင် စာရင်းသွင်းခဲ့သည့် လိပ်စာတွင် ဆက်လက်နေထိုင်ခြင်းမပြုဘဲ ဘေးကင်းယုံကြည်ရသည့် တခြားနေရာသို့ ယာယီခိုလှုံနေထိုင်ရန် အကြံပြုထားသည်။

India For Myanmar ရဲ့ အသိပေးထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ပစ်မှတ်ထားခံရနိုင်ခြေ နည်းသူများလည်း အိန္ဒိယအစိုးမှ တရားဝင် အသိအမှတ်ပြုထားသည့် အထောက်အထားမရှိဘဲ ခရီးသွားလာခြင်းမပြုလုပ်ရန်၊ UN-Card အပါအဝင် စာရွက်စာတမ်းများကို အမြဲယူဆောင်ရန်နှင့် အခြေအနေတည်ငြိမ်သည်အထိ ဘေးကင်းလုံခြုံစွာ နေထိုင်ကြရန် အသိပေးထားသည်။

ထိုသတိပေးချက်ကိုလိုက်နာပြီး မလိုအပ်ဘဲ စိုးရိမ်ထိတ်လန့်ခြင်း၊ အထောက်အထားမခိုင်လုံဘဲ ရှောင်ထွက်ခြင်း မပြုလုပ်ကြရန်ကို India For Myanmar က သတိပေးထုတ်ပြန်ထားသည်ကို သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *