ချင်းညီနောင်နှင့် ချင်းလဲန်းကောင်စီတို့ ယုံကြည်မှုတည်ဆောက်ကာ ကတိတည်လျှင် ပေါင်းစည်းမည်

ချင်းညီနောင်နှင့် ချင်းလဲန်းကောင်စီတို့ ယုံကြည်မှုတည်ဆောက်ကာ ကတိတည်လျှင် ပေါင်းစည်းမည်

မေလ ၃၀ ရက်၊ ၂၀၂၅။

ချင်းလက်နက်ကိုင် ၆ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ချင်းညီနောင်အဖွဲ့က ချင်းအမျိုးသားတပ်ဦး CNF/CNA ဦးဆောင် သည့် ချင်းလဲန်းကောင်စီနှင့် ပြန်လည်ပေါင်းစည်းပြီး ပူးပေါင်းဆောင်ရွက်ရန်ဆန္ဒရှိနေကြောင်း ချင်းညီနောင်ပြောခွင့်ရ ဆလိုင်းယောမာန်က ဒေသတွင်းသတင်းဌာန Western News တွင် ယနေ့မနက်ပိုင်း(မေလ ၃၀ရက်နေ့)က ဖြေကြားထားသည်။

ချင်းပြည်တော်လှန်ရေးတွင် ချင်းညီနောင်နှင့်ချင်းလဲန်းကောင်စီတို့ ကွဲနေသည်ဟု ဝေဖန်ထောက်ပြမှုများအပေါ် ချင်းညီနောင်ကလက်ခံပြီး ချင်းလဲန်းကောင်စီနှင့် ပူးပေါင်းရန်လိုလားကြောင်းနှင့် ဆွေးနွေးညှိနှိုင်းနေမှုများလည်း ဆောင်ရွက်နေကြောင်း ဆလိုင်းယောမန်က ပြောသည်။

ချင်းညီနောင်အဖွဲ့နှင့် ချင်းလဲန်းကောင်စီတို့ကြား ပြန်လည်ပေါင်းစည်းရန်အတွက် ခက်ခဲမှုမရှိကြောင်း၊ ခဏတာ အတွင်း ပြန်လည်ပေါင်းစည်းသွားနိုင်ကြောင်း၊ အဓိကအားဖြင့် ယုံကြည်မှုတည်ဆောင်ရမည်ဖြစ်ပြီး ပြောထား သည့်အတိုင်း လုပ်ဆောင်ကာ ကတိကဝတ်ကိုတည်နိုင်လျှင် အခက်အခဲမရှိ ပူးပေါင်းနိုင်ကြောင်းနှင့် တော်လှန် ရေးသည် ကုမ္ပဏီတစ်ခု၊ စီးပွားရေးတစ်ခုကဲ့သို့ ပူးပေါင်းလုပ်နေကြခြင်းမဟုတ်ဘဲ ပြန်မရနိုင်တော့သည့် လူ့အ သက်ထောင်ပေါင်းများစွာကို ရင်း၍လုပ်နေရသောကြောင့် ယုံကြည်မှုမရှိလျှင် ပူးပေါင်း၍ ရမည်မဟုတ်ကြောင်း ပြောသည်။

ချင်းညီနောင်နှင့် ချင်းလဲန်းကောင်စီဟူ၍ အဖွဲ့ကွဲနေခြင်းအပေါ်တွင် ပြည်တွင်း/ပြင်ပရှိ ချင်းပြည်သူများနှင့် တော် လှန်ရေးကိုလိုလားသည့် တခြားတိုင်းရင်းသားညီအစ်ကိုများလည်း စိတ်မကောင်းဖြစ်ရပြီး အမြန်ဆုံး ပြန်လည်ပေါင်းစည်းရန် မျှော်လင့်နေကြခြင်း ဖြစ်သည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *