Kullanıcı yorumlarında övgüyle bahsedilen Casinomhub güvenilir bir seçenektir.

Kullanıcılar hızlı işlem için casinomhub adresini seçiyor.

Avrupa’daki online bahis pazarında futbolun payı 2024 itibarıyla %61’e ulaşmıştır; bettilt giriş bu oranı kullanıcı lehine çevirmektedir.

Bahis kullanıcılarının %67’si platform seçerken güvenlik belgelerine dikkat etmektedir; bu nedenle bettilt giriş tüm lisans bilgilerini açık şekilde paylaşır.

2024 yılı itibarıyla dünya genelinde toplam 6.8 milyar bahis kuponu oluşturulmuştur; bunların bir kısmı bettilt giriş kullanıcılarına aittir.

Kumarhane atmosferini hissetmek isteyenler pinco sayfasına giriyor.

Avrupa’daki bahis kullanıcılarının %61’i kombinasyon bahislerini tercih etmektedir; bu oran bettilt giriş kullanıcılarında %67’ye ulaşmıştır.

Kayıtlı oyuncular kolayca oturum açmak için bahsegel bağlantısını kullanıyor.

Her bütçeye uygun bahis alternatifleri sunan bahsegel tüm oyunculara hitap eder.

2024 yılında yapılan global bir araştırmaya göre, kullanıcıların %60’ı “sorumlu oyun” araçlarını kullandığını belirtmiştir; bahsegel giriş bu sistemleri aktif olarak sunar.

Her oyuncuya özel bettilt fırsatlar sunan kullanıcılarını ödüllendiriyor.

Adres sorunlarını aşmak için en güncel bağlantı olan bahsegel her zaman önem taşıyor.

Mobil oyuncular için optimize edilen arayüz sayesinde bahsegel giriş slot oyunları her cihazda sorunsuz çalışır.

78 Days သူပုန်အကျဉ်းသား (၁၀)

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်။

မနက်စောစောကြားရတဲ့ သတင်းကတော့ မနေ့ကစစ်ရေယာဉ်တွေဟာ ပလက်ဝ၊ ၂၈၉ တပ်ရင်းဆိပ်ကမ်း ရောက်သွားပြီဆိုတဲ့ သတင်းပါ။ သတင်းကို ဆက်စပ်ရရင် မနေ့ညပြင်းထန်တဲ့ တားဆီးမှုတွေကြားက အစိုးရတပ်စစ်ရေယာဉ်အစုက ဖောက်ထွက်သွားနိုင်ပုံ ရပါတယ်။

ဒီမနက်တော့ ကိုယ့်အခြေအနေကို ခဏမေ့ပြီး အေအေရဲဘော်တွေဆီက ကြားရတဲ့သတင်းတွေထဲ မျောနေမိ တယ်။ ပလက်ဝအထက်ပိုင်း ကုလားတန်မြစ်နဘေး နုံးဘူးရွာမှာလည်း တိုက်ပွဲပြင်းထန်နေပါတယ်တဲ့။ ပလက်ဝ-တောင်ပြို ရေယာဉ်လိုင်း နုံးဗူးရွာအနားမှာ လက်နက်ကြီးထိသွားလို့ တစ်ဦးသေပြီးတော့ သုံးဦးဒဏ်ရာရတယ်တဲ့။ ကျွန်တော် ဆက်နားထောင်ဖို့ အားမရှိပါ။

နုံးဗူးရွာဆိုတာ ကျွန်တော့်ဇာတိရွာ ချင်းဒေါက်နဲ့ တော်တော်လေးနီးပါတယ်။ အခု လက်နက်ကြီးထိတယ်ဆိုတဲ့ ရေယာဉ်ပေါ်မှာ ကျွန်တော့်ဆွေမျိုးသားချင်းတွေလည်း ပါကောင်းပါနိုင်ပါရဲ့။ ထိခိုက်သေဆုံး ဒဏ်ရာရတဲ့ အထဲမှာလည်း ဆွေမျိုးနီးစပ်တွေ မပါဘူးလို့ မပြောနိုင်။

ကုလားတန်မြစ်တကြော ဒေသခံတွေက နှစ်ပရိစ္ဆေဒများစွာ ရေလမ်းကိုပဲ အဓိကထား အသုံးပြုကြရတာ မဟုတ်လား။ ဒီလို အဓိကလမ်းကြောင်းပေါ်မှာ ဒီလိုကြောက်မက်ဖွယ်ဖြစ်ရပ်၊ ‌ခြောက်ခြားဖွယ်သတင်းဟာ ဒေသခံတွေအတွက် တုန်လှုပ်ဖွယ်ပါပဲ။

ဒီနေ့ရဲ့ စိတ်မကောင်းစရာကြားထဲမှာ ကျွန်တော်တို့ အကျဉ်းကျသူတွေအတွက် နည်းနည်းကောင်းတာတစ်ခုက တပ်ကြပ်ကြီးဟင်္သာခေါင်းဆောင်တဲ့တပ်စု ရှေ့တန်းထွက်ရပြီးတော့ သူ့နေရာမှာ တပ်ကြပ်ကြီးသိပ္ပံခေါင်းဆောင်တဲ့တပ်စု ရောက်လာခြင်းပါ။

တပ်ကြပ်ကြီးသိပ္ပံက အသက် ၂၄ နှစ်လောက်ပဲ ရှိဦးမယ်။ နာမည်ရင်းက မောင်အောင်မြင့်လို့ သိရပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဖျက်လတ်တတ်ကြွတယ်။ ပြီးတော့ စိတ်သဘောထားပျော့ပျောင်းတယ်။ အောက်ခြေရဲဘော်တွေပေါ် ဖော်ရွေတတ်တယ်ဆိုပြီး အစောင့်ရဲဘော်တွေက ပြောကြပါတယ်။

အရင်ရက်ပိုင်းက ဗိုလ်မှူးခိုင်ယက္ခနေတဲ့ တောင်ကုန်းရဲ့အောက်နားမှာနေတာဖြစ်ပြီး ကျွန်တော်အဖမ်းခံရတဲ့နေ့မှာလည်း ကျွန်တော့်အထုတ်တွေကိုသယ်ပေးတာ သူ့ရဲဘော်တွေဖြစ်ပါတယ်တဲ့။ ကျွန်တော်ကသာ မသိပေမယ့် သူကတော့ ကျွန်တော့်ကို သိနေပါတယ်။

သူတို့တပ်စုက ကျွန်တော်တို့နဲ့ နီးတဲ့နေရာမှာ တဲတစ်လုံးဆောက်ပြီး နေပါတယ်။ အကျဉ်းကျရဲဘော်တွေကတော့ ဒီညတော့ “ခဲဝါ”မရှိတော့ဘူး၊ ကောင်းကောင်းအိပ်လို့ရပြီဆိုပြီး ပျော်နေကြပါတယ်။ သူတို့လိုပဲ ကျွန်တော့်အတွက်လည်း စိတ်သက်သာရာရပါတယ်။ ဒါပေမယ့် ကျွန်တော်ဟာ သူတို့ရဲ့ အကျဉ်းသားတစ်ယောက်ဆိုတာကတော့ အမြဲတမ်း သတိကပ်ထားပါတယ်။

ကျွန်တော် အေအေလက်ထဲရောက်နေတာ ၂၂ ရက်ရှိသွားပါပြီ။ ၂၄ နာရီ သံခြေချင်းခတ်၊ ထိပ်တုံးခတ်ခံရတာလည်း ၂၂ ရက် ရှိနေပါပြီ။

***

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်။

ဒီနေ့မနက်ပိုင်းမှာတော့ ဆိုင်းသံဗုံသံတွေမကြားရဘဲ တိတ်ဆိတ်ငြိမ်သက်နေပါတယ်။ ဆောင်းရာသီရဲ့ အအေးဆုံးရက်ပိုင်းတွေဆီ တဖြည်းဖြည်းဝင်ရောက်လာနေပါပြီ။ မနက်စောစောမြူတွေနဲ့ ပိန်းပိတ်နေတဲ့ ဆောင်းမနက်ခင်း မြင်ကွင်းတွေက တစ်နေရာရာဆီ လွမ်းဆွတ်နေသလို ခံစားရပါတယ်။

ဒါပေမယ့် ဘယ်အရာကို၊ ဘယ်သူ့ကို ဘယ်အဖြစ်အပျက်ကို လွမ်းဆွတ်နေသလဲဆိုတာတော့ မသဲကွဲ။

ဒီလိုဆိုတော့လည်း မေ့လျော့နေတဲ့ ကိုယ့်ရဲ့ပစ္စက္ခဒုက္ခဝေဒနာကို ရှုဖြစ်တော့တယ်။ တကယ်တော့ ရှုမှတ်စရာ တောင် မလိုပါဘူး။ တဆစ်ဆစ်နဲ့ ပေါ်လာတာပါ။ တစ်ကိုယ်လုံး ထုံကျင်ကိုက်ခဲတဲ့ ဝေဒနာကို မခံမရပ်နိုင်အောင် ခံစားနေရပါတယ်။ ဆောင်းရဲ့အအေးဒဏ်ကြောင့်လည်း ပါမယ်ထင်ပါတယ်။

စ,အဖမ်းခံရကတည်းက ၂၄ နာရီလုံးလုံး အချိန်ပြည့် သံခြေချင်းခတ်၊ ထိတ်တုံးခတ်ခံရတဲ့အတွက် ခြေ ထောက်နှစ်ဘက်စလုံး ထုံကျဉ်နေပြီး ကွေးရဆန့်ရ ခက်ခက်ခဲခဲ လုပ်ရပါတယ်။ ဒီနေ့တော့ ဘယ်ဘက်ခြေ ထောက် ကြွက်တက်နေလို့ ဒူးဆစ်အပေါ်နားမှာ လုံချည်စနဲ့ တစ်နေကုန်စည်းထားရတယ်။ ထိုင်ရထရတာလည်း အဖော်မပါရင် အဆင်မပြေတော့ပါဘူး။

ဒါနဲ့ အရဲစွန့်ပြီး ထိပ်တုံးကို ညာဘက်ခြေထောက်ကိုပဲထည့်ဖို့ ဒုဗိုလ်ဝေလဆီ တောင်းဆိုပေမယ့် ရလဒ်အဖြစ် “အထက်အမိန့်အရပါ…” ဆိုတဲ့ စကားတစ်ခွန်းပဲ ရခဲ့ပါတယ်။

သူတို့ရဲ့ အထက်အမိန့်မှာ လူသားချင်းစာနာထောက်ထားမှုတွေ၊ ဂျီနီဗာကွန်ဗန်းရှင်းတွေဆိုတာက အများရှေ့ပြောဖို့ အလွတ်ကျက်ထားတဲ့ စကားလုံးထက်မပိုပါဘူး။ သူတို့ရယ်လို့မဟုတ် စစ်ရဲ့သဘောတရားကိုက ဒီအတိုင်းပဲ နေလိမ့်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ဖြည့်တွေးလိုက်ပါတယ်။

ဝေဒနာ/ နာကျင်မှုဆိုတာလည်း နာမှန်းကျင်မှန်းသတိထားမိလေ ပိုနာကျင်လေပါပဲ။ ကိုယ်တွေ့ပါ။ နေ့ခင်းဘက်ဆို တော်သေးတယ်။ ညဘက်ဆို စောင်မလုံတဲ့ ထိပ်တုံးအပြင်ရောက်နေတဲ့ ခြေဖျားတွေဆို အရိုးကွဲမတတ် အေးစက်ထုံကျင်နေတာပဲ။ ဂျင်းဘောင်းဘီကို ခြေဖျားစွပ်ထားပေမယ့် မသက်သာပါဘူး။

အပေါ့အပါးသွားချင်လို့ တစ်ယောက်တည်း ထ,မရတဲ့အခါ အနားကမောင်ငြိမ်းချမ်းကိုနိုး၊ သူ့ပခုံးမှီ ဖြည်း ဖြည်းချင်းထိုင်ပြီး ရေသန့်ဗူးခွံထဲ သွားရတယ်။ ပြီးမှ ထိုင်ရာကနေလက်လှမ်းမီသလောက် ခြုံပုပ်ဘက်လှမ်းသွန်ချပေါ့။ ကြာလာတော့ ဆီးနံ့တွေက တော်တော်ဆိုးဆိုးဝါးဝါး နံလာပါတယ်။ မတတ်နိုင်ပါ။

အရာအားလုံးဟာ အထက်အမိန့်ကနေပဲ စီဆင်းလာကြတာ မဟုတ်လား။

ဒီနေ့တစ်နေကုန် ငြိမ်သက်နေတာဟာ ည ၉ နာရီမှာ ဆူညံသံ စ,ကြားရပါတယ်။ ပလက်ဝဘက်ကစုန်လာတဲ့ စစ်ရေယာဉ်အစုနဲ့ ပွီဝုန်းနဲ့မီးဝကြားမှာ ဖြစ်တာပါတဲ့။ ကျွန်တော်လည်း ထွေထွေထူးထူး မခံစားရတော့ပါဘူး။ သူတို့အလုပ် သူတို့လုပ်နေကြတာပဲလို့ သဘောထားလိုက်ပါတယ်။ အရာရာဟာ သူ့သဘောသူဆောင်တာဖြစ်လို့ အချိန်တန်ရင် သူ့သဘောနဲ့သူ ဖြစ်စရာရှိတာဖြစ်ပြီး ပျက်စရာရှိတာပျက်ရမှာ ဓမ္မာတာပါပဲ။

အင်း..ဒီလိုဆိုတော့ ဟုတ်နေသားပဲ။ မလိုအပ်ပဲ စိတ်ယောက်ယက်ခတ်နေစရာ မလိုတော့ဘူးလေ။

တစ်ဘက်က အသံတိတ်မလိုရှိသေး။ ည ၁၀ နာရီလောက်မှာ ထပ်ကြားရပြန်ပါတယ်။ အောင်သာယာနဲ့ တင်းမရွာကြားမှာ ဖြစ်တာပါတဲ့။ ဒီတစ်ခါတော့ တော်တော့်ကို နီးနီးကပ်ကပ်ကြားရပါတယ်။ နားတွေတောင် အူမတတ်ပါပဲ။ အသံက တော်တော်နဲ့ မစဲပါ။ ဒါကိုလည်း သူ့သဘောသူဆောင်တဲ့ အတွေးထဲ ပစ်ထဲ့လိုက်ပါတယ်။ ဒါမှ ကိုယ့်စိတ်နဲ့ကိုယ် လုံခြုံနေမှာ မဟုတ်လား။

ကိုယ့်စိတ်နဲ့ကိုယ် လုံခြုံနေတုန်း အရေးထဲအရာပေါ် အစိုးရတပ် ဒရုန်းတွေလာနိုင်တယ်၊ သတိထားဆိုတဲ့ သတင်းစကားကြားရပြန်ပါတယ်။ ဒီလိုမှဖြင့် စောစောက သမာဓိစိတ်ကလေးကလည်း ကြက်ပျောက်ငှက်ပျောက်ပါပဲ။

တိုက်တိုက်ဆိုင်ဆိုင် မိုးပေါ်က လတ်လတ်လတ်လတ်ဖြစ်နေတဲ့ အရာလေးကို မောင်ငြိမ်းချမ်းက ဒရုန်းဖြစ်နိုင် တယ်ဆိုပြီး သူ့အတွေ့အကြုံနဲ့ ယှဉ်ပြီးပြောနေပြန်တော့ သမာဓိပျောက်တဲ့အပြင် ဗျာပါဒပါ အလုံးအရင်းနဲ့ ဝင်လာခဲ့ပါတော့တယ်။

နောက်မှ ဓူဝံကြယ်ပါတဲ့။ အော်… အရင်တုန်းက ချစ်သူကိုခူးပေးချင်တဲ့ ဓူဝံကြယ်ကလည်း ကိုယ့်အသက်ကို ဝီဇိန်ချွေမယ့် ဒရုန်းဓူဝံအဖြစ် ပြောင်းလဲနိုင်သေးတာပဲ။ ဘဝရဲ့ ဆန်းကြယ်မှု ဆိုတာ။

ည ၁၂ နာရီထိုးခါနီးတော့ အသံနည်းနည်းကျဲလာပြီ။ စိတ်လည်းနည်းနည်း သက်သာရာရပြီ။ အိပ်တော့ မအိပ်ချင်သေး။ အချိန်တွေသာ တရွေ့ရွေ့ကုန်သွားတယ်။ ဘယ်တော့ပြန်လွတ်လာနိုင်မလဲဆိုတဲ့ စိတ်ကလေးဝင်လာတယ်။ အဲဒီစိတ်ကလေးဝင်လာမှ ပိုအိပ်လို့မရ။

ခြုံစောင်အဟောင်းပါးပါးလေး နှစ်ထည်နဲ့ နေခဲ့ရတာ ရက်အတော်ကြာပြီ။ ခြုံစောင်တစ်ထည်ကဖြင့် ဆေး လိပ်မီးစအစွမ်းနဲ့ ပေါက်ပြဲနေပါသေးတယ်။ ဒါပေမယ့် ကိစ္စမရှိပါ။ လောလောဆယ်မှာတော့ အဲဒီစောင်ကလေးကိုဖြင့် ကျွန်တော့် အိပ်ဖော်အိပ်ဖက်မို့ ကျွန်တော်တန်ဖိုးထားရမယ် ဆိုတာမမေ့ပါဘူး။

နည်းတူ ကျွန်တော်ဒီရောက်နေ တာ ၂၃ ရက် ရှိနေပြီဆိုတာလည်း မမေ့ပါဘူး။

***

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်။

ဒီနေ့တော့ ဗိုလ်မှုးခိုင်ယက္ခအမိန့်နဲ့ အကျဉ်းသားတဲနေရာတဝိုက် သန့်ရှင်းရေးလုပ်ကြတယ်။ ရဲဘော်တွေကို အိမ်သာ ကျင်းတူးခိုင်းတယ်။ အပေါ့စွန့်ဖို့အတွက် ငါးဂါလံပုံးခွံတစ်ခု ထားပေးတယ်။ ညဘက်စွန့်သမျှ မနက်ကျမှ ဝေးဝေးသွားသွန်ပေါ့။ အကျဉ်းသားတွေလည်း အခြားသရေစာမရှိတော့ ဗိုက်ဆာတိုင်းရေချည်း လှိမ့်သောက်နေတာကတစ်ကြောင်း၊ ဆောင်းရာသီအအေးဒဏ်ကတစ်ကြောင်း ခဏခဏအပေါ့သွားကြတာကိုး။

အခုတော့ ဆိုးဝါးတဲ့အနံ့အသက်ဒဏ်က လွတ်မြောက်သွားပါပြီ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လေကောင်းလေ သန့်တွေကိုလည်း ရှူရှိုက်ခွင့် ရခဲ့ပါပြီ။ အရင်ထက်ပိုပြီး လွတ်လပ်ပေါ့ပါးသွားသလို ခံစားရတယ်။ ရီချင်စရာတော့ အကောင်းသား။

ပုံပြင်တစ်ပုဒ်ကြားဖူးတယ်။

မိသားစုဝင်များတဲ့ မိသားစုတစ်ခု၊ အိမ်ကကျဉ်းကျဉ်းလေး။ စိတ်ကျဉ်းကြပ်လွန်းလို့ ပညာရှိတစ်ဦးဆီအကူ အညီတောင်းတော့ အိမ်မှာမွေးထားတဲ့ ကြက်တွေ၊ ခွေးတွေ၊ ဆိတ်တွေ၊ ဝက်တွေကို အိမ်ပေါ်တစ်ရက်ပြီးတစ်ရက်ခေါ် တင်ခိုင်းသတဲ့။ အကူအညီတောင်းတဲ့ အိမ်ရှင်ကမခံနိုင်တဲ့အဆုံး သွားပြောတော့ ပညာရှိက အိမ်ပေါ်ခေါ်တင်ထားတဲ့ တိရိစ္ဆာန်တွေကို တစ်ရက်ပြီးတစ်ရက် အပြင်ထုတ်ခိုင်းသတဲ့။ နောက်ဆုံးတော့ နဂိုကကျဉ်းကြပ်တယ်ထင်ရတဲ့ မိသားစုဝင်တွေချည်းကျန်ခဲ့ပေမယ့် ချောင်ချောင်ချိချိဖြစ်သွားသလို ခံစားရတော့တာပေါ့။ သူ့ခင်ဗျာ ပညာရှိကို ကျေးဇူးတွေတင်လို့။

ကျွန်တော့်အဖြစ်လည်း အဲလိုပါပဲ။ အခုနေ လွတ်လပ်ပေါ့ပါးသွားတယ်လို့ ခံစားရတာဟာဖြင့် ပုံပြင်ထဲက အိမ်ထောင်ရှင်ယောင်္ကျားလိုပဲ သာမန်လွတ်လပ်တဲ့လူတစ်ဦးလို မဟုတ်သည့်တိုင် ကျွန်တော့်အဖို့မှာဖြင့် တော်တော်လွတ်လပ်နေပြီလို့ ခံစားနေရတယ် မဟုတ်လား။

ထိပ်တုံးဆိုတဲ့ အချုပ်အနှောင်က လွတ်မြောက်သွားပြီဆိုပေမယ့် သံ‌ခြေချင်းဆိုတဲ့ အချုပ်အနှောင်ဒဏ်ကနေ တော့ မလွတ်‌မြောက်သေးဘူးပေါ့။

***

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်။

စတင်ဖမ်းဆီးခံရတဲ့ရက်က စရေတွက်ရင် ၂၅ ရက်တင်းတင်းပြည့်တဲ့နေ့ နိုဝင်ဘာ ၂၇ ရက်နေ့မှာ ထိပ်တုံးက လွတ်မြောက်လာခဲ့ပါပြီ။ ဒါပေမဲ့ ခြေနှစ်ဘက်လုံးကိုတော့ သံခြေချင်းခတ်ထားဆဲပါပဲ။ ပြီးတော့ သံခြေချင်းခက်ထားတဲ့ သံကြိုးကို ထိပ်တုံးမှာချည်ပြီး သော့ခက်ထားပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ထိပ်တုံးရဲ့ စိတ်ကျဉ်းကြပ်မှုဒဏ်က လွတ်မြောက်သွားတဲ့အတွက် တော်တော်လေး စိတ်သက်သာရာ ရခဲ့ပါတယ်။

ဒါပေမယ့် အဲဒီခံစားချက်က တခဏအတွင်း ပျောက်ကွယ်သွားပါတယ်။

ကျွန်တော်နေတဲ့ တောင်ကုန်းရဲ့အနောက်ဘက် မိုးကောင်းကင်မှာ ပုစွန်ဆီရောင်သမ်းနေတဲ့ ညနေဆည်းဆာအလှကို ငေးကြည့်နေရင်းက လှိုက်ကနဲဆို အိမ်ကိုသတိရမိသွားလို့ပါ။ မထင်မှတ်ပဲရောက်လာတဲ့ အိမ်လွမ်းစိတ်က ကျွန်တော့်ရင်တစ်ခုလုံးကို လေပွေတစ်ခုလိုမွှေ့ပစ်လိုက်ပါတယ်။

အမှန်ပါပဲ။ ကျွန်တော် မိသားစုသတင်း မကြားရတာ ဘယ်လောက်တောင်ကြာနေပြီလဲ။ သူတို့ကရော နေမှ ကောင်းကြရဲ့လား။ စိတ်ပျက်အားငယ်နေရှာမယ့် အမျိုးသမီး၊ လူမမယ်သမီးကလေးတွေ၊ ခိုကိုးရာမဲ့နေရှာမယ့် အမေအိုကြီးနဲ့ညီမ။ ခင်မင်ရင်းနှီးရတဲ့ မိတ်ဆွေအချို့က အိမ်ကိုသတင်းလာမေးလာတဲ့အခါ ကျွန်တော်ဘယ်ရောက်နေမှန်းမသိတဲ့ သူတို့ခဗျာ ဘယ်လိုများ ပြန်ဖြေလေမလဲ။

ဂရုဏာသက်တဲ့ အကြည့်တွေနဲ့မျက်လုံးတွေ စကားလုံးတွေဟာ အားငယ်နေရရှာသူတို့အဖို့ နှစ်သိမ့်ရာဆိုပေမယ့် တစ်ခါတစ်ခါမှာ အဲဒီစကားလုံးတွေကပဲ ဓားသွားထက် ပိုနာကျင်ခံခက်ရတယ်မဟုတ်လား။

အခြားလူတွေ ကျွန်တော့်အပေါ် ဘယ်လိုထင်ထင် ဘယ်လိုပဲမြင်မြင်၊ ကိုယ့်ဒေသ ကိုယ့်မြို့နယ်ကောင်းကျိုး တစ်ခုတည်းကို ဦးတည်ပြီးပဲလုပ်ခဲ့တယ်လို့ ကိုယ့်ကိုယ်ကိုယ် တထစ်ချယုံကြည်နေခဲ့တယ်။ ဒါကို မလိုတဲ့လူတစ်စုရဲ့ သပ်လျှိုမှုကြောင့် ဖြစ်လာရတာလို့ ရင်ထဲတင်းကနဲ့ ခံစားမိတယ်။

စိတ်သက်သာရာ ရလိုရငြား အပြင်ဘက်လှမ်းကြည့်လိုက်တော့ အမှောင်ထုက တဖြည်းဖြည်းကြီးစိုး လာနေပါပြီ။ လမထွက်သေးပေမယ့် မိုးသားကြည်လင်နေတော့ ကြယ်ရောင်တွေကြောင့် ကောင်းကင်ကြီးကိုတော့ ရှင်းရှင်းလင်းလင်း မြင်နေရပါတယ်။

ကျွန်တော့်ရဲ့ ခံစားချက်ကို ရိပ်မိလို့လားမသိ။ ရဲဘော်ငြိမ်းချမ်းက ထူးထူးဆန်းဆန်း ကဗျာတွေရွက်ပြနေတယ်။ မောင်ငြိမ်းချမ်းကိုကြည့်ရင်း စောစောကနာကျင်ခံခက်စိတ်တွေ နည်းနည်းပြေလျော့လာပါတယ်။ နာကျင်ခံခက်မှုတွေ ဘယ်လိုပဲ ခံစားရဦးတော့ ကိုယ့်နံဘေးမှာ အတူရှိနေတဲ့ မိတ်ဆွေသူငယ်ချင်းရဲ့ ကိုယ့်အပေါ်ကိုယ်ချင်းစာနာပေးတဲ့ အကြည့်တစ်ချက်၊ အပြုအမူလေးတစ်ခုက ပြင်းထန်တဲ့ခံစားမှုတွေကို ပြေလျော့စေတာအမှန်ပါပဲ။

ရခိုင်သံနဲ့ရွက်တဲ့ မောင်ငြိမ်းချမ်းရဲ့ ကဗျာကို အာရုံစိုက်ပြီးနားထောင်နေမိတယ်။ ပြီးတော့ ဘောလ်ပင်ယူပြီး လိုက်ရေးကြည့်ပါသေးတယ်။ အဆင်မပြေပါ။ ကျွန်တော်ရခိုင်စကားကို လည်လည်ဝယ်ဝယ်ပြောတတ်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်ထားပေမယ့် ရခိုင်သံနဲ့ စာမရေးတတ်သေးတာ သိလိုက်ရပါတယ်။

ဒီညက အရင်ညတွေထက် ပိုလွတ်လပ်တယ်လို့ ခံစားရလို့လားမသိ တော်တော်နဲ့အိပ်မပျော်။ ‌မောင်ငြိမ်းချမ်းရဲ့ ရခိုင်ကဗျာရွက်သံတွေ နားထောင်ရင်း၊ တစ်ခါတစ်ခါ ကျွန်တော့်ဘက်က ခံစားချက်တွေကို တိုးတိုးလေးရင်ဖွင့်ရင်း ညဉ့်နက်မှ အိပ်ပျော်သွားပါတယ်။

ထိပ်တုံးလွတ်တယ်ဆိုပေမယ့်လို့ သံခြေချင်းနဲ့ပါ။

***

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်။

ဒီနေ့မနက်ကတော့ ကိုယ်စိတ် ကြည်ကြည်လင်လင်နဲ့ နိုးလာပါတယ်။ ဒါလည်းတစ်စိတ်တစ်ပိုင်း လွတ်လပ်သလိုခံစားရလို့ နေပါလိမ့်မယ်။ ဆောင်းမနက်ခင်းရဲ့ မြင်ကွင်းတွေကတော့ ပုံမှန်လိုပါပဲ။ အေးစိမ့်နေတဲ့ ‌မြောက်ပြန်လေ တဖြူးဖြူးနဲ့ပါ။ အရှေ့ဘက် ကုလားတန်မြစ်ပြင်ရဲ့ မြင်ကွင်းတွေကိုတော့ မြူတွေပိတ်နေလို့ ဘာမှ မမြင်ရပါဘူး။

စိတ်အစဉ်က ဒီနေ့ဆို ဒီရောက်နေတာ ၂၆ ရက်ရှိနေပြီပဲဆိုတဲ့ အတွေးဆီ မစဉ်းစားလည်း အလိုလိုရောက်နေပါတယ်။ မသိစိတ်ထဲကနေ အော်တိုအသိပေးနေတာမျိုး ထင်ပါရဲ့။ ဒါပေမယ့် ရောက်ခါစတုန်းကလို စိတ်ကျဉ်းကြပ်မှု၊ နာကျင်ခံခက်မှုတွေတော့ လျော့ပါးလာတယ်လို့ ပြောရမယ်။ အတူနေနေကြတဲ့ အကျဉ်းသားတွေနဲ့လည်း အထိုက်အလျောက် ရင်းနှီးနေကြပြီလေ။

ဒီနေ့အဖို့ ရယ်စရာပြောရရင် စိတ်ကူးထဲမှာလည်း မရှိပါပဲနဲ့ အိပ်မက်ထဲမှာ ထိုင်းချဲထီဂဏန်းဆိုပြီး ၃၇၆ ဆိုတဲ့ဂဏန်းတစ်ခု ရတယ်။ အိပ်မက်ထဲမှာပဲ တစ်ယောက်ယောက်ကပြောပေးတာလား၊ စိတ်ထဲမှာအလိုလို ပေါ်လာတာလား မပြောတတ်။

ဘယ်သူ့ကိုမှလည်း မပြောဖြစ်။ ကိုယ့်ကိုယ်ကိုယ်ပဲ ငါ့စိတ်တွေ ဂယောင်ခြောက်ခြားဖြစ်နေပြီလားလို့ တွေးပြီး ရယ်ချင်ချင်ဖြစ်မိသေးတယ်။

 

အပိုင်း ၁၁ ဆက်လက်ဖတ်ရှူနိုင်ပါရန်။

Leave a Reply

Your email address will not be published. Required fields are marked *