တမူးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တော်လှန်‌ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်

တမူးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တော်လှန်‌ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်

ဇွန်လ ၂ ရက်၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ပန်းသာကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ မေလ ၃၁ ရက်နေ့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် မေလ ၃၁ ရက်နေ့ ညနေ ၅ နာရီ ဝန်းကျင်တွင် ပန်းသာကျေးရွာအနီးရှိ တော်လှန်ရေးတပ်ဖွဲ့များ၏ ကာကင်းစခန်းသို့ ချဉ်းကပ်လာခဲ့သောကြောင့် ထိတွေတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိကြောင်း စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။

တမူးမြိုနယ် ပန်းသာကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တော်လှန်တပ်ဖွဲ့များ မကြာခဏ တိုက်ပွဲပြင်းထန်မှုများရှိကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *