မွာလ်ပီးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
ဇွန်လ ၂ ရက်၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ကလေး – သိုင်းငင်း – တီးတိန်း ကားလမ်းအတိုင်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးတက်လာသည့် အကြမ်းဖက်စစ်ကောင်တပ်က တီးတိန်မြို့နယ်၊ မွာလ်ပီးရွာရှိ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဇွန် ၁ရက်နေ့ စစ်ရေးသတင်းအရင်းမှ သိရသည်။
စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို မေလ ၂၁ ရက်နေ့မှ စတင်၍ ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ခုခံတိုက်ခိုက်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်သည် မွာလ်ပီးကျေးရွာတွင် စခန်းချကာ ဒေသခံပြည်သူများ၏ အိမ်မွေးတိရစ္ဆာန်များကို သတ်ဖြတ်စားသောက်ခြင်း၊ နေအိမ်များမှ ပစ္စည်းများယူဆောင်ခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်သည့်အပြင် မေလ ၂၇ ရက်နေ့မှစ၍ ဒေသခံများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်ကို Chinland Council နှင့် Chin Brotherhood တပ်ဖွဲ့များ ပူးပေါင်းခုခံတိုက်ခိုက်နေကြခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်များ အထိအခိုက်အကျအဆုံးများကြောင်း သိရသည်။
မွာလ်ပီးရွာသည် ကလေးမြို့မှ ၈ မိုင်ခန့်အကွာ ကလေး – သိုင်းငင်း – တီးတိန် လမ်းမပေါ်က အိမ်ခြေ ၇၀ ခန့်ရှိ ချင်းရွာဖြစ်ပြီး ရွာသား ၁၀၀၀ကျော် စစ်ရှောင်နေရကြောင်းနှင့် မီးလောင်ပျက်စီးသွားသည့် နေအိမ်အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
သတင်း – James Roe