ပလက်ဝမြို့နယ်၊ ရွှေလိုင်ပွီကျေးရွာမှ အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေ

ပလက်ဝမြို့နယ်၊ ရွှေလိုင်ပွီကျေးရွာမှ အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေ

ဇွန် ၃ ရက်၊ ၂၀၂၅။

ပလက်ဝမြို့နယ်၊ ရွှေလိုင်ပွီကျေးရွာမှ အသ်က ၇၀ အရွယ် အမျိုးသမီးတစ်ဦးမှာ မေလ ၂၆ ရက်နေ့ကတည်းက တောင်ယာသွားရင်း ပျောက်ဆုံးသွားပြီး ယနေ့ ဇွန်လ ၃ ရက်နေ့အထိ မတွေ့ရှိသေးကြောင်း ဒေသခံများ၏ ကနဦးသတင်းပေးပို့ချက်အရ သိရသည်။

“ဒေါ်တောင်ရီက အသက် ၇၀ လောက်ရှိပြီ၊ တောင်ယာသွားမယ်ဆိုပြီး ထွက်သွားလိုက်တာ အခုထိပြန်မလာဘူး၊ ရွာသားတွေတောင်ယာလိုက်သွားတော့လည်း သူ့အဝတ်အစားတွေပဲ တွေ့ရတယ်၊ အခု ၁၀ ရက်လောက်ရှိတော့ မယ်…” ဟု ဒေသခံတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။

ဒေါ်တောင်ရီ၏ ဖခင်အမည်မှာ ဦးလင်းယောက်ဖြစ်ပြီး နီးစပ်ရာဆွေမျိုးများသို့လည်း အသိပေးအကြောင်းကြား ထားကြောင်းနှင့် မည်သည့်အတွက်ကြောင့် ပျောက်ဆုံးသွားသည်ကို ခန့်မှန်းရခက်နေသည့်အတွက် ရှာဖွေရန် လည်းအခက်အခဲရှိကြောင်း သိရသည်။

သတင်း- ဆလိုင်းခူသေ့

သတင်းဓာတ်ပုံ – ရွှေလိုင်ပွီကျေးရွာ

Leave a Reply

Your email address will not be published. Required fields are marked *