ဟားခါးမြို့က အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ CDF-Hakha ထံ အလင်းဝင်

ဟားခါးမြို့က အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ CDF-Hakha ထံ အလင်းဝင်

ဇွန်လ ၄ ရက်၊ ၂၀၂၅။

ချင်းပြည်၊ ဟားခါးမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တစ်ဦး မေလ ၃၁ ရက်နေ့တွင် လက်နက်ခဲယမ်းများနှင့်အတူ Chinland Defense Force – Hakha ထံ အလင်းဝင်ရောက်လာခဲ့ကြောင်း ဇွန်လ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။

အကြမ်းဖက်စစ်ကောင်စီ လက်အောက်တွင် တာဝန်မထမ်းဆောင်ချင်တော့သည့် အတွက်ကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် မောင်းပြန်ရိုင်ဖယ် သေနတ်တစ်လက်၊ ကျည်ဘောက် လေးခုနှင့် ကျည်ဆံများ ယူဆောင်လာခဲ့ကာ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး CDF – Hakha က နွေးထွေးစွာကြိုဆိုခဲ့ကာ ငွေသားဆုကြေးများ ချီးမြှင့်သည့်အပြင် လုံခြုံသည့်နေရာရောက်သည်အထိ တာဝန်ယူ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

CDF – Hakha သည် အကြမ်းဖက်စစ်ကောင်စီ လက်အောက်တွင် တာဝန်မထမ်းဆောင်ချင်ဘဲ ပြည်သူရင်ခွင်သို့ ဘက်ပြောင်းခိုလှုံချင်သူများကို အမြဲတမ်းကြိုဆိုကြောင်းနှင့် လုံခြုံသည့်နေရာ ရောက်သည်အထိ တာဝန်ယူမည် ဖြစ်ကြောင်း အသိပေးကြေညာထားသည်ကို သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *