ပလက်ဝမြို့နယ်၊ ရွှေလိုင်ပွီကျေးရွာမှ ပျောက်ဆုံးအမျိုးသမီး အလောင်းပြန်တွေ့

ပလက်ဝမြို့နယ်၊ ရွှေလိုင်ပွီကျေးရွာမှ ပျောက်ဆုံးအမျိုးသမီး အလောင်းပြန်တွေ့

ဇွန် ၅ ရက်၊ ၂၀၂၅။

ပလက်ဝမြို့နယ်၊ ရွှေလိုင်ပွီကျေးရွာမှ မေလ ၂၆ ရက်နေ့ကတည်းက တောင်ယာသွားရင်း ပျောက်ဆုံးသွားသည့်    ဒေါ်တောင်ရီ၊ အသက် ၆၈ (ကနဦးသတင်းတွင် အသက် ၇၀ ဟုရေး) ၏ ရုပ်အလောင်းကို မေလ ၃၀ ရက်နေ့ ညနေပိုင်းက ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ သိရသည်။

“ဒေါ်တောင်ရီအလောင်းကို တာကိုအကလိန်ရွာနားက ကုလက်ချောင်းထဲက ပြန်ရတယ်၊ မေ ၃၀ ရက်နေ့မှာ ပြန်ရတာ၊ မေ ၃၁ ရက်နေ့ သင်္ဂြိုလ်တယ်လို့ ဆွေမျိုးတွေက ပြောပါတယ်၊ ဆက်သွယ်ရေးမကောင်းတော့ သတင်းက ချက် ချင်းချက်ချင်း မသိနိုင်ဘူး…” ဟု ဒေသခံတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။

ဒေါ်တောင်ရီမှာ ရေနစ်သေဆုံးခြင်းဖြစ်ပြီး ရုပ်အလောင်းကို တာကိုအကလိန်ကျေးရွာ(ဒိုးချောင်းဝ)အောက် ယောင်မဒေါက်အလောင်နား ကုလက်ချောင်း ရေပေါ်တွင် ပြန်လည်တွေ့ရှိခြင်း ဖြစ်ကြောင်းသိရသည်။

သတင်း- ဆလိုင်းခူသေ့

ပုံ- ရုပ်အလောင်းပြန်တွေ့သည့် နေရာ။

Leave a Reply

Your email address will not be published. Required fields are marked *