၂၀၂၅ ခုနှစ်၊ ပထမ ၄ လကာလ တိုင်းရင်းသားဒေသအတွင်း တိုက်ပွဲအခြေ အနေ ဖက်ဒရယ်ဂျာနယ်မြန်မာမှ ထုတ်ပြန်

၂၀၂၅ ခုနှစ်၊ ပထမ ၄ လကာလ တိုင်းရင်းသားဒေသအတွင်း တိုက်ပွဲအခြေ အနေ ဖက်ဒရယ်ဂျာနယ်မြန်မာမှ ထုတ်ပြန်

ဇွန်လ ၈ ရက်၊ ၂၀၂၅။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီနှင့် မေလ ၄လတာကာလ တိုင်းရင်းသားဒေသအတွင်း တိုက်ပွဲအခြေအနေနှင့် အရပ်သားများအပေါ် သက်ရောက်မှုအခြေအနေကို ဖက်ဒရယ်ဂျာနယ်မြန်မာမှ ယနေ့ ဇွန်လ ၈ ရက်နေ့ ထုတ်ပြန် သည်။

ထုတ်ပြန်ချက်တွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲပေါင်း ၂၉၅ ကြိမ် ဖြစ်ပွားခဲ့ပြီး ကရင်နီပြည်နယ်တွင် ၆၇ ကြိမ်ဖြင့် အများဆုံးနှင့် ချင်းပြည်နယ်တွင် ၁၅ ကြိမ်ဖြင့် အနည်းဆုံး ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၉၂၀ ဦးထက်မနည်း၊ တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ၁၆၀ ဦးခန့် သေဆုံး/ ကျဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ထိုနည်းတူ အစီရင်ခံကာလအတွင်း အရပ်သားစုစုပေါင်း ၄၀၆ ဦး သေဆုံးခဲ့ပြီး လူနေအိမ် ၁၂၅၇ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။ အရပ်သားသေဆုံးမှုတွင် ရခိုင်ပြည်နယ်က ၉၄ ဦးဖြင့် အများဆုံးနှင့် မွန်ပြည်နယ်က ၁၁ ဦးဖြင့် အနည်းဆုံးဖြစ်သည်။ အရပ်သားနေအိမ်ပျက်စီးမှုတွင် ကရင်ပြည်က ၃၆၀ ဖြင့် အများဆုံးနှင့် မွန်ပြည်နယ်က ၄၀ ဖြင့် အနည်းဆုံးဖြစ်သည်။

ဖက်ဒရယ်ဂျာနယ်မြန်မာသည် နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားပြည်နယ်ဒေသအတွင်း တိုက်ပွဲအခြေအနေများ၊ အရပ်သားများအပေါ် သက်ရောက်မှုများနှင့် ဒေသအခြေပြု အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများကို အများပြည်သူသိရှိနိုင်ရေး အစီရင်ခံထုတ်ပြန်ပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

သတင်း- ဆလိုင်းခူသေ့

Leave a Reply

Your email address will not be published. Required fields are marked *