တွီဒန်းနှင့် ကာကီကျေးရွာ ရေဘေးသင့်စစ်ရှောင်စခန်းတွင် အလှူရှင်များ၏ အကူအညီဖြင့် ပလက်ဝကောင်စီ၊ သဘာဝဘေးဒဏ်ကူညီရေးကော်မတီမှ သွားရောက်လှူဒါန်း
ဇွန်လ ၁၁ ရက်၊ ၂၀၂၅။
မီဇိုရမ်ပြည်နယ်၊ တွီဒန်းနှင့် ကာကီကျေးရွာ ရေဘေးသင့်စစ်ရှောင်စခန်းတွင် အလှူရှင်များ၏ အကူအညီဖြင့် ပလက်ဝကောင်စီ၊ သဘာဝဘေးဒဏ်ကူညီရေးကော်မတီမှ သွားရောက်လှူဒါန်းခဲ့သည်များကို ပလက်ဝကောင်စီ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနမှူး ဆလိုင်းစိုးသန်းက ခူမီးမီဒီယာသို့ ဖြေကြားသည်။ “မီဇိုရမ်ပြည်နယ်အတွင်းရှိ ပလက်ဝစစ်ဘေးရှောင်စခန်း သုံးခု ၂၀၂၅ ခုနှစ် မေလ ၃၁ ရက်နေ့မှာ ရေဘေးဒဏ် ကြုံတွေခဲ့ရတယ်။ ပလက်ဝကောင်စီအနေနဲ့ ဇွန်လ ၄ ရက်နေ့မှာ သဘာဝဘေးဒဏ်ကူညီရေးကော်မတီကို ဖွဲ့စည်းလိုက်တယ်။ ကော်မတီအနေနဲ့ ဇွန်လ ၇ ရက်၊ ၈ ရက်နေ့ လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေကို စတင်ပြီး ဆောင်ရွက်ပါတယ်။ မြေပြင်ရဲ့တွေ့ရှိချက်က လူသားစာနာရေးအကူအညီ အများကြီးလိုတယ်ဆိုတာ တွေ့ရှိရတယ်..” “မြေပြင်ရဲ့လိုအပ်ချက်ကတော့ တွီဒန်းစစ်ရှောင်စခန်းမှာ ပျက်စီးထိခိုက်ဆုံးရှုံးမှုမှာ အိမ်ခြေက ၆၄ ဆောင် ပျက်စီးထိခိုက်တယ်။ လုံးဝပျက်စီးတာက ၉ ဆောင်၊ အိမ်သာက ၇၅ လုံး ပျက်စီးဆုံးရှုံးသွားတယ်။ ရေပိုက်က မီတာ ၂၀၀ ဆုံးရှုံးမှုရှိတယ်။ ရေဘေးသင့်တဲ့ ပြည်သူတွေရဲ့ လက်ရှိအခြေအနေတွေကတော့ မိမိရဲ့ နီးစပ်ရာအိမ်တွေမှာ နေထိုင်သလို တချို့က ရေကျသွားတော့ မိမိရဲ့အိမ်ကိုပြန်ပြီး သန့်ရှင်းရေးလုပ်ပြီး နေထိုင်ကြတာတွေ ရှိတယ်။ လိုအပ်ချက်က ပြည်လည်ထူထောင်ရေးအတွက် အမိုးအကာ၊ ဆေးဝါးတွေပေါ့၊ အဲဒါတွေ အကူအညီလိုအပ်တယ်။ အခြေခံစားနပ်ရိက္ခာများ၊ ဆေးဝါးများလည်း လိုအပ်တယ်။ တချို့အဖွဲ့အစည်းများရဲ့ ကူညီလှူဒါန်းပေးတဲ့ ရောက်တဲ့ဟာတွေလည်းရှိတယ်။ နှစ်ကြိမ်တော့ရှိပြီ။ ဒါပေမယ့် လုံလောက်မှု မရှိသေးဘူး။ ဆေးဝါးကို CHO ကနေ ကူညီပေးတာဖြစ်တယ်။ စာရင်းပြန်ပြုစုပြီးတော့ လိုအပ်တဲ့ ဆေးဝါးတွေ ထပ်မံကူညီပေးဖို့ ရှိသေးတယ်ဆိုတာ သိရတယ်..” “မြေပြင်တွေ့ရှိချက်အရ အိမ်တစ်ဆောင်ကို ဝါးအလုံးရေ ၃၅၀ နဲ့ ၄၀၀ ဝန်းကျင်လောက်တော့ လိုအပ်တယ်။ ဝါးတစ်လုံးကို ရူပီး ၃၀ နှုန်းနဲ့ ကာလပေါက်ဈေးရှိတယ်။ သူတို့ခန့်မှန်းထားတာက အိမ်တစ်ဆောင်ကို နှစ်သောင်းနဲ့ နှစ်သောင်းခွဲ ဝန်းကျင်လောက် ကုန်ကျမှုရှိမယ်လို့ ခန့်မှန်းထားကြတယ်။ အိမ်သာအတွက်က ရူပီ နှစ်ထောင့်ငါးရာနဲ့ သုံးထောင်ဝန်းကျင်လောက် ကုန်ကျမယ်လို့ သူတို့ခန့်မှန်းထားတာရှိတယ်။ စစ်ရှောင်စခန်း သုံးခုမှာ တူညီမှုအကုန်လုံးတော့ရှိတယ်။ ဒါပေမယ့် ပစ္စည်းဆုံးရှုံးမှုအပိုင်းမှာ မတူတဲ့ဟာတွေရှိတယ်..” “ကာကီဆွာ စစ်ရှောင်စခန်းမှာဆိုရင် အိမ်ခြေက ၇၂ ဆောင် ထပ်တိုးဖြစ်သွားတယ်။ အိမ်သာ ၄၅ လုံး ဖြစ်သွားတယ်။ ရေပိုက်မီတာကတော့ ၁၇၀ မီတာလိုအပ်တယ်။ လီတာ ၁၀၀၀ ရေပုံး ၆ ခု ဆုံးရှုံးသွားတယ်…” “ထပ်တိုးစစ်ရှောင်စခန်းဖြစ်သွားတာက ဆိုင်ဟားခရိုင်၊ လောင်းမ်ဆွေးကျေးရွာ စစ်ရှောင်စခန်းပဲဖြစ်တယ်။ နောက်ပိုင်းကျမှပဲ အဆက်အသွယ်ရတာဆိုတော့ အဲဒီစစ်ရှောင်စခန်းမှာ ရေဘေးသင့် အိမ်ခြေ ၅ ဆောင်၊ လူဦးရေက ၂၆ ဦး၊ လုံးဝအိမ်ပျက်စီတာက ၄ ဆောင် ရှိတယ်။ သူတို့လည်း အခြေခံစားနပ်ရိက္ခါ၊ ဆေးဝါးတွေ၊ အမိုအကာတွေ လိုအပ်တယ်။ စစ်ရှောင်စခန်း ၃ ခုလုံး လိုအပ်ချက်တွေက တူညီမှုရှိတယ်…” “လက်ရှိအခြေအနေမှာ စစ်ရှောင်စခန်း နှစ်ခုဖြစ်တဲ့ တွီဒန်းနဲ့ ကာကီမှာ ဆန်၊ အာလူး၊ ပဲ၊ ဆီ၊ မိုးကာအပါး ကူညီပေးခဲ့တယ်။ စခန်း ၂ ခုကတော့ အလှူရှင်တွေရဲ့ ကူညီပေးမှုကြောင့် ရောက်ရှိနိုင်တာ ဖြစ်တယ်။ ဒါပေမယ့် လောင်းမ်ဆွေးက လုံးဝရောက်ရှိမှုမရှိသေးဘူး။ ကျွန်တော်တို့လည်း နောက်ဆုံးကျမှ အချက်အလက်တွေ သိရတဲ့အခါကျတော့ အဖွဲ့အစည်းတွေရဲ့ အကူအညီတွေ မရောက်နိုင်တာဖြစ်တယ်။ တွီဒန်းနဲ့ ကာကီဆွာက ဆေးဝါးရပြီ။ ဒါပေမယ့်လည်း ထပ်မံလိုအပ်တယ်ပါတယ်…” ဟု ပလက်ဝကောင်စီ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနမှူး ဆလိုင်းစိုးသန်းက ခူမီးမီဒီယာသို့ ဖြေကြားထားသည်။
သတင်း – James Roe