နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား (ပြည်သူ့စစ်) ၃ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ
ဇွန်လ ၁၁ ရက်၊ ၂၀၂၅။
မကွေးတိုင်း ငဖဲမြို့နယ် အမ်း – ပဒါန်းလမ်းမပေါ်ရှိ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား (ပြည်သူ့စစ်) ၃ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးခဲ့ကြောင်း CDF – Asho က ဇွန်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။
နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေး တပ်စခန်းမှ ဇွန်လ ၄ ရက်နေ့တွင် စစ်ကောင်စီတပ်သား (ပြည်သူ့စစ် – ၃) ဦးတို့သည် ရှေ့တန်းကာကင်းတာဝန်ထမ်းဆောင်နေစဉ် MA အမျိုးအစား လက်နက်ငယ် (၃) လက်နှင့် ခဲယမ်းတချို့ယူဆောင်ကာ ထွက်ပြေးလာခဲ့စဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက် ဆက်သွယ်ပြီး အမြန်ဆုံး အလင်းဝင် ပူးပေါင်းကြရန် CDF – Asho က တိုက်တွန်းထုတ်ပြန်ထားသည်ကို သိရသည်။
သတင်း – James Roe